Transportation

သက်တမ်းတိုးရန် ငါးနှစ်ပျက်ကွက်သော ယာဉ်မောင်းလိုင်စင်နှင့် မော်တော်ယာဉ်လိုင်စင်များကို သက်တမ်း တိုးခွင့်ပြုမည် မဟုတ်

သက်တမ်းတိုးရန် ငါးနှစ်ပျက်ကွက်သော ယာဉ်မောင်းလိုင်စင်နှင့် မော်တော်ယာဉ်လိုင်စင်များကို သက်တမ်း တိုးခွင့်ပြုမည် မဟုတ် google

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသော ယာဉ်မောင်းလိုင်းစင်နှင့် မော်တော်ယာဉ် လိုင်စင်များ သက်တမ်းတိုးရန် ငါးနှစ်အထိ ပျက်ကွက်မှုရှိခဲ့ပါ သက်တမ်းတိုးခွင့်ပြုလုပ်ပေးမည် မဟုတ်ကြောင်း သိရသည်။

 

က.ည.န အနေဖြင့် တရားဝင် ထုတ်ပေးထားသော လိုင်စင်များကို သက်တမ်းတစ်ခု သတ်မှတ်ပေးထားပြီး အဆိုပါ သတ်မှတ်ကာလအထိ သက်တမ်းလာတိုးခြင်းမရှိသည့် ယာဉ်မောင်းလိုင်းစင်နှင့် မော်တော်ယာဉ် လိုင်စင်များကို ၅ နှစ်အတွင်း သက်တမ်းလာတိုးပါက ဒဏ်ကြေးဖြင့် ဆောင်ရွက်ပေးနေကြောင်းသိရသည်။ သို့သော် လိုင်စင်ပါ သက်မှတ်ကာလထက် ၅ နှစ်ကျော်သည်အထိ သက်တမ်းမတိုးသည့် လိုင်စင်များကို ပယ်ဖျက်စာရင်း သွင်းမည် ဖြစ်ကြောင်း သိရသည်။

 

>>> Toll Gates လုပ်ငန်းများကိုရှာဖွေရန်နှိပ်ပါ<<<

 

သက်တမ်းတိုးခွင့်မရှိသော လိုင်စင်ပိုင်ရှင်များအနေဖြင့် ယာဉ်မောင်းလိုင်စင် ပြန်လည်ဖြေဆိုလျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ “၃ နှစ်၊ ၄ နှစ်ကျော်ရင် နှစ်အလိုက်ဒဏ်ကြေးပေးဆောင်ပြီးတော့ သက်တမ်းတိုးနိုင်ပါတယ်။ ၅ နှစ်ကျော်ရင် တော့မရပါဘူး။ လိုင်စင်ကို ပယ်ဖျက်စာရင်းသွင်းလိုက်တယ်။ တကယ်လို့ လိုင်စင်လိုချင်ရင်တော့ ယာဉ်မောင်း လိုင်စင်အသစ်ပြန်ဖြေရတယ်၊ ကားလိုင်စင်ဆိုရင် မှတ်ပုံတင်ပြန်သွင်းရမှာပါ” ဟု က.ည.နမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ၃၊ ၄ နှစ်သက်တမ်းကျော်သော ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များကို သက်တမ်းတိုးပေးရာတွင် မူလသက်တမ်း ကုန်ဆုံးသွားသော ရက်မှစတင်၍ သက်တမ်းတိုးပေးခြင်း ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။

 

>>> Courier Services & Delivery Services သယ်ယူပို့ဆောင်ရးဝန်ဆောင်မှု ၉၅ ခုကိုရှာဖွေရန်နှိပ်ပါ <<<

 

Credit; Carjournal

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)