ယာဉ်မောင်းလိုင်စင်တွေရဲ့နောက်ကြောမှာ မိမိလိုင်စင်ဟာ ဘယ်လိုမျိုးယာဉ်တွေကိုမောင်းနိုင်တယ်ဆိုတာ ဖော်ပြပါရှိပါတယ်။
တချို့ကနောက်ကြောကိုမကြည့်ဖြစ်လို့သတိမပြုမိဘူး တချို့ကတော့ ကြည့်တော့ကြည့်တယ် နားမလည်ဘူးပေါ့ ဒီတော့ အဲ့ဒီအကြောင်းလေးရှင်းပြချင်ပါတယ်။
ဖော်ပြပါပုံလေးနဲ့တွဲလို့ကြည့်ပါ ဒါမှမဟုတ် သင့်လက်ထဲကလိုင်စင်နောက်ကြောကိုခဏကြည့်ပေးပါ။
"က"ယာဉ်မောင်းလိုင်စင်နောက်ကြောမှာ ဌ/G ကို ကြက်ခြေခတ်ထားတယ်။ ထိုအရာမှတပါး ကျန် က/A က-၁/A-1 တို့မှာဖော်ပြထားတဲ့ မော်တော်ဆိုင်ကယ်တွေမောင်းခွင့်ရှိပါတယ်။
"ခ"ယာဉ်မောင်းလိုင်စင်ကတော့ (၃)တန်အထိတင်ဆောင်နိုင်သော ကိုယ်ပိုင်မော်တော်ယာဉ် ကိုယ်ပိုင်ဘက်စ်ကားငယ်များလို့ရေးထားပါတယ်။ ဒီနေရာမှာ ကိုယ်ပိုင်ဆိုတဲ့စကားရပ်ကြောင့်နံပါတ်ပြားဟာ အနက်ဖြစ်ရပါတော့မယ်။ နံပါတ်ပြားအနက်တော့ဟုတ်တယ် ဘာကားတွေညာကားတွေမရဘူးလားလို့ ဆိုမယ်ဆိုရင်လဲ (၃)တန်အထိတင်ဆောင်နိုင်သောလို့ဆိုထားတာကြောင့် ခွင့်ပြုအလေးချိန်ဟာ (၃)တန်ထက်ကျော်မရဘူးဆိုတာကို စဉ်းစားရပါ့မယ်။ ဒီတော့ သုံးတန်းအထက်လည်းမကျော်ရဘူး နံပါတ်ပြားကလည်းအနက်ပေါ့။
"ဃ" ယာဉ်မောင်းလိုင်စင် အငှားကုန်တင်ယာဉ်နှင့် အငှားဘက်စ်ကားငယ်များမှလွဲ၍ ကျန်မှတ်ပုံတင်ယာဉ်များလို့ဆိုထားပါတယ်။ ရှင်းပါတယ်လေ အငှားကုန်တင်ယာဉ်ဆိုတော့ နံပါတ်အနီနဲ့ကုန်သယ်ယူပို့ဆောင်တဲ့ကားပေါ့။ အငှားဘက်စ်ကားဆိုတာလည်း နံပါတ်အနီးနဲ့ ခရီးသည်တင်ယာဉ်တွေပေါ့။ ဒီတော့ နံပါတ်အနီ ခရီးသည်တင်ယာဉ်နဲ့ ကုန်ပစ္စည်းသယ်ဆောင်တဲ့ယာဉ် အဲ့ဒါကလွဲလို့ ကျန်တဲ့ယာဉ်တွေကို မောင်းနိုင်တယ်လို့ပြောတာပါ။ ၁၀ ပေကား ၁၅ ပေကား ကန်တာ ဘာညာ မေးကြတာရှိပါတယ် အငှားကုန်တင်ယာဉ်မဟုတ်ရင်မောင်းပါ ဟုတ်ရင်တော့ လိုင်စင်နောက်ကြောကလိုပေါ့။
"င"ယာဉ်မောင်းလိုင်စင် မှတ်ပုံတင်ထားသည့်မည်သည့်ယာဉ်မဆိုတဲ့ ဒီတော့ မှတ်ပုံတင်ထားသည့်ယာဉ်အားလုံးကိုမောင်းခွင့်ရှိပါတယ်။ ဒါနဲ့ပဲ ဆည်မြောင်းတို့ လမ်းတို့မှာသုံးနေတဲ့စက်ယန္တယားကြီးတွေကိုတော့ သွားမမောင်းပါနဲ့ သူတို့ကိုမောင်းချင်ရင်တော့ "င"လိုင်စင်အပြင် တစ်ခုလိုသေးတယ်ဗျ။
Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ