ရန္ကုန္ၿမိဳ႕မွ သီလဝါအထူးစီးပြားေရးဇုန္သို႔ လြယ္ကူစြာသြားလာႏိုင္ရန္ သန္လ်င္တံတားအဆင္းမွ သီလဝါအထိ ဆက္သြယ္ေဖာက္လုပ္ေနသည့္ ေလးလမ္းသြားကတၱရာလမ္းမသစ္ တည္ေဆာက္မႈ လာမည့္ ဒီဇင္ဘာတြင္ ၿပီးစီးမည္ျဖစ္ၿပီး သန္လ်င္တံတား အမွတ္ (၃) အား ဆက္လက္တည္ေဆာက္ေနေၾကာင္း JIC Myanmar Office မွ တာဝန္ရွိသူ၏ ေျပာၾကားခ်က္အရ သိရပါတယ္။
သန္လ်င္တံတားအဆင္းမွ သီလဝါအထူးစီးပြားေရးဇုန္အထိ ေလးလမ္းသြားကတၱရာလမ္းမသစ္ႏွင့္ ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတားအမွတ္ ၃) တည္ေဆာက္မႈအား ဂ်ပန္ႏိုင္ငံအစိုးရ၏ အိုဒီေအေခ်းေငြျဖင့္ တည္ေဆာက္ေန ျခင္းျဖစ္ပါတယ္။
“သန္လ်င္တံတားအဆင္းမွ သီလဝါအထူးစီးပြားေရးဇုန္အထိ ေလးလမ္းသြားကတၱရာလမ္းမသစ္က လာမယ့္ဒီဇင္ဘာမွာ အေခ်ာသတ္ၿပီးစီးႏိုင္မွာျဖစ္ပါတယ္။ အခုဆက္လက္ၿပီးေတာ့ သန္လ်င္တံတား အမွတ္ (၃) ကိုလည္း တည္ေဆာက္ေနၿပီး စီမံကိန္းအားလုံးၿပီးစီးတဲ့အခါ ရန္ကုန္ကေန သီလဝါအထိ အခ်ိန္တိုအတြင္း သြားလာႏိုင္မွာျဖစ္ပါတယ္” ဟု JICA Myanmar Office မွ တာဝန္ရွိသူက ေျပာၾကားခဲ့ပါတယ္။
ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတား အမွတ္- ၃) တည္ေဆာက္ေရးစီမံကိန္း၏ ရန္ကုန္ဘက္ကမ္းရွိ ဂုံးေက်ာ္တံတား ပႏၷက္တင္ျခင္းအခမ္းအနားအား ရန္ကုန္ၿမိဳ႕ သာေကတၿမိဳ႕နယ္ ရႈခင္းသာၿမိဳ႕ပတ္လမ္းအနီးရွိ ခုံးေက်ာ္တံတားတည္ေဆာက္မည့္ ေျမေနရာတြင္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၃ ရက္က က်င္းပခဲ့ပါတယ္။
ဂ်ပန္ႏိုင္ငံေခ်းေငြအပါအဝင္ စုစုေပါင္း အေမရိကန္ေဒၚလာ သန္း ၃၀၀ ေက်ာ္ျဖင့္ တည္ေဆာက္မည့္ ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတားအမွတ္ ၃) စီမံကိန္းအား Package 1, 2 & 3 အျဖစ္ အဆင့္အလိုက္ တည္ေဆာက္သြားမည္ျဖစ္ပါတယ္။
“ရန္ကုန္ၿမိဳ႕ရဲ႕ ဖြံ႕ၿဖိဳးလာမႈနဲ႔အတူ သီလဝါအထူးစီးပြားေရးဇုန္နဲ႔ ဆိပ္ကမ္းကို ကုန္ပစၥည္းေတြ သယ္ယူပို႔ေဆာင္တဲ့ေနရာမွာ ခံႏိုင္ဝန္ကန႔္သတ္ခ်က္ရွိခဲ့လို႔ ေခတ္မီတံတားအသစ္တစ္စင္း တည္ေဆာက္ဖို႔ လိုအပ္လာပါတယ္။ တိုးတက္မ်ားျပားလာတဲ့ ယာဥ္စီးေရေၾကာင့္ လက္ရွိတံတားေပၚျဖတ္သန္းရာမွာ ယာဥ္ေၾကာပိတ္ဆို႔မႈေတြရွိေနလို႔ အဆင္မေျပမႈမ်ားစြာရွိေနခဲ့ပါတယ္။ ဒါေၾကာင့္မို႔ ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတားအမွတ္ -၃) ကို ေလးလမ္းသြား Cable Stayed တံတားအျဖစ္ အဆင့္သုံးဆင့္ခြဲျခားၿပီး ဂ်ပန္တည္ေဆာက္ေရးကုမၸဏီမ်ားမွ တစ္ၿပိဳင္နက္ တည္ေဆာက္မွာျဖစ္ပါတယ္” ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေက်ာ္လင္းက ရန္ကုန္ဘက္ကမ္းရွိ ခုံးေက်ာ္တံတား ပႏၷက္တင္ျခင္းအခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။
သန္လ်င္တံတား အမွတ္(၃)ကို ပဲခူးျမစ္ေပၚမွ ျဖတ္သန္း၍ သန္လ်င္ၿမိဳ႕နယ္ႏွင့္ သာေကတၿမိဳ႕နယ္တို႔ကို ဆက္သြယ္တည္ေဆာက္မည္ျဖစ္ၿပီး သန္လ်င္တံတားအမွတ္ (၁) ၏ ေအာက္ဘက္ ၁၂၅ မီတာအကြာတြင္ တည္ေဆာက္မည္ျဖစ္ပါတယ္။
သာေကတႏွင့္ သန္လ်င္ၿမိဳ႕ကို ဆက္သြယ္မည့္ ယင္းတံတားအရွည္မွာ ၁၉၂၈ မီတာရွိၿပီး ပင္မတံတားအရွည္မွာ ၁၂၂၄ မီတာရွည္လ်ားခဲ့ပါတယ္။သာေကတဘက္ျခမ္း ခ်ဥ္းကပ္တံတားအရွည္မွာ မီတာ ၃၀၀ ရွိကာ သန္လ်င္ဘက္ျခမ္းတြင္ ၄၀၄ မီတာျဖင့္ တည္ေဆာက္သြားမည္ျဖစ္ပါတယ္။ Fly Over Bridge ခ်ဥ္းကပ္တံတားအပိုင္းတြင္ သာေကတဘက္ျခမ္း၌ ၅၄၇ မီတာ၊ သန္လ်င္ဘက္ျခမ္းတြင္ ၁၈၈ မီတာရွိၿပီး ေလးလမ္းသြားပင္မတံတားအက်ယ္မွာ ၂၄ မီတာ၊ ႏွစ္လမ္းသြား Fly Over Bridge အက်ယ္မွာ ၁၂ ဒသမ ၅ မီတာ (ကုန္းေပၚအပိုင္း)ႏွင့္ တစ္လမ္းသြား One Ramp Bridge အက်ယ္မွာ ၅ ဒသမ ၅၇ မီတာ (ေကြ႕ဝိုက္၍ တက္မည့္လမ္း) ျဖစ္ပါတယ္။ တံတား၏ ကိုယ္ထည္ကို Steel Box Girder Steel Box Girder ျဖင့္ ေဆာက္လုပ္မည္ျဖစ္ၿပီး အုတ္ျမစ္ကို Steel Pipe Sheet Pile ျဖင့္ တည္ေဆာက္မည္ျဖစ္ကာ ယာဥ္တစ္စီးစီ၏ ခံႏိုင္ဝန္မွာ ၇၅ တန္သတ္မွတ္ထားခဲ့ပါတယ္။
Unicode ျဖင့္ဖက္ရန္
>>>>>>>>>
ရန်ကုန်မြို့မှ သီလဝါအထူးစီးပွားရေးဇုန်သို့ လွယ်ကူစွာသွားလာနိုင်ရန် သန်လျင်တံတားအဆင်းမှ သီလဝါအထိ ဆက်သွယ်ဖောက်လုပ်နေသည့် လေးလမ်းသွား ကတ္တရာလမ်းမသစ် တည်ဆောက်မှု
ရန်ကုန်မြို့မှ သီလဝါအထူးစီးပွားရေးဇုန်သို့ လွယ်ကူစွာသွားလာနိုင်ရန် သန်လျင်တံတားအဆင်းမှ သီလဝါအထိ ဆက်သွယ်ဖောက်လုပ်နေသည့် လေးလမ်းသွားကတ္တရာလမ်းမသစ် တည်ဆောက်မှု လာမည့် ဒီဇင်ဘာတွင် ပြီးစီးမည်ဖြစ်ပြီး သန်လျင်တံတား အမှတ် (၃) အား ဆက်လက်တည်ဆောက်နေကြောင်း JIC Myanmar Office မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရပါတယ်။
သန်လျင်တံတားအဆင်းမှ သီလဝါအထူးစီးပွားရေးဇုန်အထိ လေးလမ်းသွားကတ္တရာလမ်းမသစ်နှင့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် ၃) တည်ဆောက်မှုအား ဂျပန်နိုင်ငံအစိုးရ၏ အိုဒီအေချေးငွေဖြင့် တည်ဆောက်နေ ခြင်းဖြစ်ပါတယ်။
“သန်လျင်တံတားအဆင်းမှ သီလဝါအထူးစီးပွားရေးဇုန်အထိ လေးလမ်းသွားကတ္တရာလမ်းမသစ်က လာမယ့်ဒီဇင်ဘာမှာ အချောသတ်ပြီးစီးနိုင်မှာဖြစ်ပါတယ်။ အခုဆက်လက်ပြီးတော့ သန်လျင်တံတား အမှတ် (၃) ကိုလည်း တည်ဆောက်နေပြီး စီမံကိန်းအားလုံးပြီးစီးတဲ့အခါ ရန်ကုန်ကနေ သီလဝါအထိ အချိန်တိုအတွင်း သွားလာနိုင်မှာဖြစ်ပါတယ်” ဟု JICA Myanmar Office မှ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) တည်ဆောက်ရေးစီမံကိန်း၏ ရန်ကုန်ဘက်ကမ်းရှိ ဂုံးကျော်တံတား ပန္နက်တင်ခြင်းအခမ်းအနားအား ရန်ကုန်မြို့ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းအနီးရှိ ခုံးကျော်တံတားတည်ဆောက်မည့် မြေနေရာတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပခဲ့ပါတယ်။
ဂျပန်နိုင်ငံချေးငွေအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖြင့် တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် ၃) စီမံကိန်းအား Package 1, 2 & 3 အဖြစ် အဆင့်အလိုက် တည်ဆောက်သွားမည်ဖြစ်ပါတယ်။
“ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးလာမှုနဲ့အတူ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းကို ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ ခံနိုင်ဝန်ကန့်သတ်ချက်ရှိခဲ့လို့ ခေတ်မီတံတားအသစ်တစ်စင်း တည်ဆောက်ဖို့ လိုအပ်လာပါတယ်။ တိုးတက်များပြားလာတဲ့ ယာဉ်စီးရေကြောင့် လက်ရှိတံတားပေါ်ဖြတ်သန်းရာမှာ ယာဉ်ကြောပိတ်ဆို့မှုတွေရှိနေလို့ အဆင်မပြေမှုများစွာရှိနေခဲ့ပါတယ်။ ဒါကြောင့်မို့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် -၃) ကို လေးလမ်းသွား Cable Stayed တံတားအဖြစ် အဆင့်သုံးဆင့်ခွဲခြားပြီး ဂျပန်တည်ဆောက်ရေးကုမ္ပဏီများမှ တစ်ပြိုင်နက် တည်ဆောက်မှာဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ရန်ကုန်ဘက်ကမ်းရှိ ခုံးကျော်တံတား ပန္နက်တင်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
သန်လျင်တံတား အမှတ်(၃)ကို ပဲခူးမြစ်ပေါ်မှ ဖြတ်သန်း၍ သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး သန်လျင်တံတားအမှတ် (၁) ၏ အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်မည်ဖြစ်ပါတယ်။
သာကေတနှင့် သန်လျင်မြို့ကို ဆက်သွယ်မည့် ယင်းတံတားအရှည်မှာ ၁၉၂၈ မီတာရှိပြီး ပင်မတံတားအရှည်မှာ ၁၂၂၄ မီတာရှည်လျားခဲ့ပါတယ်။သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ မီတာ ၃၀၀ ရှိကာ သန်လျင်ဘက်ခြမ်းတွင် ၄၀၄ မီတာဖြင့် တည်ဆောက်သွားမည်ဖြစ်ပါတယ်။ Fly Over Bridge ချဉ်းကပ်တံတားအပိုင်းတွင် သာကေတဘက်ခြမ်း၌ ၅၄၇ မီတာ၊ သန်လျင်ဘက်ခြမ်းတွင် ၁၈၈ မီတာရှိပြီး လေးလမ်းသွားပင်မတံတားအကျယ်မှာ ၂၄ မီတာ၊ နှစ်လမ်းသွား Fly Over Bridge အကျယ်မှာ ၁၂ ဒသမ ၅ မီတာ (ကုန်းပေါ်အပိုင်း)နှင့် တစ်လမ်းသွား One Ramp Bridge အကျယ်မှာ ၅ ဒသမ ၅၇ မီတာ (ကွေ့ဝိုက်၍ တက်မည့်လမ်း) ဖြစ်ပါတယ်။ တံတား၏ ကိုယ်ထည်ကို Steel Box Girder Steel Box Girder ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည်ဖြစ်ကာ ယာဉ်တစ်စီးစီ၏ ခံနိုင်ဝန်မှာ ၇၅ တန်သတ်မှတ်ထားခဲ့ပါတယ်။
Source : Eleven