Yangon Airways လေကြောင်းလိုင်း ရင်းနှီးမြှုပ်နှံသူ အသစ် ပြောင်းလဲပြီးနောက် လေကြောင်းလိုင်းအမည်ကို Air Than Lwin ဟု ပြောင်းလဲလိုက် ကြောင်း အဆိုပါလေကြောင်း လိုင်းအထွေထွေမန်နေဂျာ ဦးသုတအောင်က ပြောပြချက်အရ သိရပါတယ်။
>>> Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ <<<
>>> Lashio Airport Information <<<
>>>Tachilek Airport Information<<<
>>> လေဆိပ် ၂၆ ခုမာတိကာ သိရှိလိုပါက <<<
Unicode ဖြင့်ဖက်ရန်
>>>>>>>>>
ရန်ကုန်အဲဝေး အမည်ပြောင်း၊ ပိုင်ရှင်ပြောင်း
Yangon Airways လေကြောင်းလိုင်း ရင်းနှီးမြှုပ်နံှသူ အသစ် ပြောင်းလဲပြီးနောက် လေကြောင်းလိုင်းအမည်ကို Air Than Lwin ဟု ပြောင်းလဲလိုက် ကြောင်း အဆိုပါလေကြောင်း လိုင်းအထွေထွေမန်နေဂျာ ဦးသုတအောင်က ပြောပြချက်အရ သိရပါတယ်။
>>> Logistics Services ထောက်ပံ့သယ်ယူပို့ဆောင်စီမံရေးလုပ်ငန်းပေါင်း ၅၀၅ခုကိုရှာရန်နှိပ်ပါ <<<
လေကြောင်းလိုင်း ရင်းနှီးမြှုပ်နှံသူအသစ်ကို ၎င်းက ထုတ် ဖော်ပြောကြားခြင်းမရှိပေ။ ‘‘MIC (မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်) မှာ ကြည့်လိုက်ရင်ရပါတယ်။ MIC ထဲမှာ အမည်ပါပြီးသားပါ’’ ဟု ဦးသုတအောင်က ပြောခဲ့ပါတယ်။
Yangon Airways လေ ကြောင်းလိုင်းကို မြန်မာ့လေ ကြောင်းနှင့် ထိုင်းနိုင်ငံ Krong- Sombat ကုမ္ပဏီတို့ပူးပေါင်း၍ စတင်တည်ထောင်ပြီး ၂၀၀၅တွင် ပုဂ္ဂလိကပိုင်လေကြောင်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ Wikipedia (စွယ်စုံကျမ်း) စာမျက်နှာတွင် Air Than Lwin လေကြောင်းလိုင်း မန်နေဂျင်းဒါရိုက်တာအမည်ကို ဦးအောင်မင်းခိုင်ဟု ဖော်ပြထားခဲ့ပါတယ်။
Yangon Airways လေကြောင်းလိုင်းသည် ၁၉၉၆ တွင် စတင်ပျံသန်းပြီး ၂၀၁၉ အောက်တိုဘာလ ၁ ရက်တွင် Air Than Lwin အမည်ဖြင့် ပြောင်းလဲပျံ သန်းခဲ့ပါတယ်။ လေကြောင်းလိုင်း မန်နေဂျင်းဒါရိုက်တာတစ်ဦး ကွယ်လွန်ပြီးနောက် ဒါရိုက်တာ အဖွဲ့ အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း ဦးသုတအောင်က ပြောခဲ့ပါတယ်။
>>>Heho Airport Information<<<
Air Than Lwin လေကြောင်းလိုင်းသည် ယခုနှစ်ပွင့် လင်းရာသီကစ၍ ATR 72 ခရီးသည်တင် လေယာဉ်လေးစီးနှင့်အတူ ရန်ကုန်- မန္တလေး - စစ်တွေ- မြစ်ကြီးနာ-လားရှိုး- တာချီ လိတ်- ဟဲဟိုး- ညောင်ဦး အစရှိသည့် ခရီးစဉ်များပျံသန်းပြေးဆွဲ မည်ဟု သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
Source : 7 Day Daily