Transportation

အဲသံလြင္ ေလေၾကာင္းလိုင္း စတင္ဖြင့္လွစ္ ပ်ံသန္းေျပးဆြဲ

အဲသံလြင္ ေလေၾကာင္းလိုင္း စတင္ဖြင့္လွစ္ ပ်ံသန္းေျပးဆြဲ google

Yangon Airways ကို အမည္ေျပာင္းထားေသာ Air Thanlwin ေလေၾကာင္းလိုင္း စတင္ဖြင့္လွစ္ပ်ံသန္းျခင္း အခမ္းအနားကို ေအာက္တိုဘာ ၁ ရက္ နံနက္ပိုင္းက ရန္ကုန္အျပည္ ျပည္ဆိုင္ရာေလဆိပ္ Terminal-3 တြင္ ျပဳလုပ္ခဲ့ပါတယ္။

 

"Air Thanlwin ေလေၾကာင္းလိုင္းက Yangon Airways ရဲ႕ မ်ိဳးဆက္သစ္ျဖစ္တဲ့ အတြက္ ကၽြန္ေတာ္တို႔အတြက္ အေရးပါတဲ့ အခန္းက႑မွာ တည္ရွိေနပါတယ္။ Yangon Airways ကို ၁၉၉၆ ခုႏွစ္ ေအာက္တိုဘာ ၁၆ ရက္မွာ စတင္ဖြင့္လွစ္ပ်ံသန္းခဲ့ရာ Safety ပိုင္းဆိုင္ရာ Accident/ Incident အနည္းဆုံးနဲ႔ ပ်ံသန္းႏိုင္ခဲ့ သလို Service ပိုင္းမွာလည္း ခရီးသည္မ်ား အဆင္ေျပေခ်ာေမြ႕စြာ သြားလာႏိုင္ေအာင္ အစြမ္းကုန္ေဆာင္႐ြက္ခဲ့ပါတယ္"ဟုAir ThanlwinLimited မွ General Manager ဦးသုတေဆြကေျပာဆိုခဲ့ပါတယ္။

 

Air Thanlwin ေလေၾကာင္းလိုင္း ေျပးဆြဲမည့္ခရီးစဥ္မ်ားမွာ ေလးခုရွိၿပီး ရန္ကုန္-စစ္ေတြ-ရန္ကုန္၊ရန္ကုန္-မႏၲေလး-ျမစ္ႀကီးနား-မႏၲေလး-ရန္ကုန္၊ ရန္ကုန္-လား႐ႈိး- တာခ်ီလိတ္-ဟဲဟိုး-ရန္ကုန္၊ ရန္ကုန္-ေညာင္ဦး-ရန္ကုန္တို႔ ျဖစ္ေၾကာင္း သိရပါတယ္။

 

>>>> Mandalay Airport Information <<<<

 

"Air Thanlwin ေလေၾကာင္းလိုင္း အေနနဲ႔ပြင့္လင္းရာသီမွစၿပီး ျပည္တြင္းခရီးစဥ္ေတြကို ATR 72ေလယာဥ္ေလးစင္းနဲ႔အတူ Safe Wing to Fly ဆိုတဲ့Slogan နဲ႔အညီ ပ်ံသန္းေျပးဆြဲသြားမွာျဖစ္ပါတယ္"ဟုAir Thanlwin Limited မွ General Manager ဦးသုတေဆြက ေျပာဆိုခဲ့ပါတယ္။

 

အခမ္းအနားတြင္ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္စိုး၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရဲထြဋ္ေအာင္၊ Yangon Aerodrome Co.,Ltd. မွ CEO Mr.Ho Chee Tong တို႔အား အထိမ္းအမွတ္လက္ေဆာင္ပစၥည္းမ်ားေပးအပ္ျခင္း၊ မွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ကူးျခင္း စသည့္အစီအစဥ္မ်ားျဖင့္ ထည့္သြင္းက်င္းပခဲ့ပါတယ္။

 

Unicode ျဖင့္ဖက္ရန္
>>>>>>>>>

 

အဲသံလွင် လေကြောင်းလိုင်း စတင်ဖွင့်လှစ် ပျံသန်းပြေးဆွဲ

 

Yangon Airways ကို အမည်ပြောင်းထားသော Air Thanlwin လေကြောင်းလိုင်း စတင်ဖွင့်လှစ်ပျံသန်းခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် Terminal-3 တွင် ပြုလုပ်ခဲ့ပါတယ်။

 

"Air Thanlwin လေကြောင်းလိုင်းက Yangon Airways ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ အတွက် ကျွန်တော်တို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ တည်ရှိနေပါတယ်။ Yangon Airways ကို ၁၉၉၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှာ စတင်ဖွင့်လှစ်ပျံသန်းခဲ့ရာ Safety ပိုင်းဆိုင်ရာ Accident/ Incident အနည်းဆုံးနဲ့ ပျံသန်းနိုင်ခဲ့ သလို Service ပိုင်းမှာလည်း ခရီးသည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်အောင် အစွမ်းကုန်ဆောင်ရွက်ခဲ့ပါတယ်"ဟုAir ThanlwinLimited မှ General Manager ဦးသုတဆွေကပြောဆိုခဲ့ပါတယ်။

 

Air Thanlwin လေကြောင်းလိုင်း ပြေးဆွဲမည့်ခရီးစဉ်များမှာ လေးခုရှိပြီး ရန်ကုန်-စစ်တွေ-ရန်ကုန်၊ရန်ကုန်-မန္တလေး-မြစ်ကြီးနား-မန္တလေး-ရန်ကုန်၊ ရန်ကုန်-လားရှိုး- တာချီလိတ်-ဟဲဟိုး-ရန်ကုန်၊ ရန်ကုန်-ညောင်ဦး-ရန်ကုန်တို့ ဖြစ်ကြောင်း သိရပါတယ်။

 

>>>> Yangon Airport Information <<<<

 

"Air Thanlwin လေကြောင်းလိုင်း အနေနဲ့ပွင့်လင်းရာသီမှစပြီး ပြည်တွင်းခရီးစဉ်တွေကို ATR 72လေယာဉ်လေးစင်းနဲ့အတူ Safe Wing to Fly ဆိုတဲ့Slogan နဲ့အညီ ပျံသန်းပြေးဆွဲသွားမှာဖြစ်ပါတယ်"ဟုAir Thanlwin Limited မှ General Manager ဦးသုတဆွေက ပြောဆိုခဲ့ပါတယ်။

 

အခမ်းအနားတွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်၊ Yangon Aerodrome Co.,Ltd. မှ CEO Mr.Ho Chee Tong တို့အား အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း စသည့်အစီအစဉ်များဖြင့် ထည့်သွင်းကျင်းပခဲ့ပါတယ်။

 

 

Image may contain: one or more people and outdoor

 

>>> ေလဆိပ္ ၂၆ ခုမာတိကာ သိရိွလိုပါက  <<<

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)