ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ
အခုလောလောဆယ် Water Bus ကို ၁၃ စင်းနဲ့ စတင်ပြေးဆွဲပါမယ်။ ခရီးသည် ၂၃၀ စီးက သုံးစင်း၊ ခရီးသည် ၆၀ စီးက သုံးစင်း၊ ခရီးသည် ၁၂၀ စီးက ခုနစ်စင်းဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိ
ခရီးသည် စီးနင်းတဲ့ ဦးရေပေါ်မှာမူတည်ပြီး ဘယ်နေရာ၊ ဘယ်မှတ်တိုင်တွေမှာ လိုအပ်တာတွေကို လေ့လာသုံးသပ်ပြီး သုံးလအတွင်း ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားဖို
ယင်းအပြင် Control Center မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ GPS နဲ့ CCTV စနစ်တွေကိုလည်း ထည့်ပေးထားပါတယ်ဟု Yangon Water Bus ကို စတင်အကောင်အထည်ဖော်ပြေးဆွဲပေး
အောက်တိုဘာ ၇ ရက်တွင် စတင်ပြေးဆွဲပေးမည့် ရန်ကုန်မြို့ ပထမဆုံး Water Bus များသည် ခရီးသွားပြည်သူများအား မိတ်ဆက်သည့်အနေဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ဗိုလ်တထောင်ဆိပ်ကမ်းမှ အင်းစိန်အထိ အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြော
လမ်းကြောင်းတစ်လျှောက် ခရီးသည် တက်/ဆင်း ပြုလုပ်နိုင်မည့် ဆိပ်ကမ်းများမှာ နန်းသီတာ၊ လမ်းသစ်၊ ကြည့်မြင်တိုင်၊ လှိုင်နှင့် ပန်းလှိုင်တို့ဖြစ်ပြီး စုစုပေါင်းဆိပ်ကမ်းခုနစ်ခုရှိကာ အထူးသဖြင့် ၀န်ထမ်းများနှင့် ရန်ကုန်မြို့တွင်း နေ့စဉ်သွားလာလှုပ်ရှားနေသော အလုပ်သမားများအတွက် ရည်ရွယ်ပြေးဆွဲပေးခြင်းဖြစ်ကြော
ဝန်ဆောင်မှုအနေဖြင့်လည်း လမ်းကြောင်းတစ်ခုတွင် ငွေကျပ် ၃၀၀ နှုန်းသာ ကောက်ခံသွားမည်ဖြစ်ပြီး ငွေသားကျပ်ပေးဆောင်စရာမလိုဘဲ တက်/ဆင်း ပြုလုပ်နိုင်သော ဆိပ်ကမ်းများတွင် anypay ငွေဖြည့်ကတ်ကို အသုံးပြုနိုင်ပြီး အဆိုပါငွေဖြည့်ကတ်တွင်လည်း မိမိထည့်လိုသော ငွေပမာဏကို ထည့်သွင်းကာ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကြော
Yangon Water Bus ကို လတ်တလောအနေဖြင့် ငါးစင်းစတင်ပြေးဆွဲပေးမည်ဖြစ်
လောလောဆယ်လမ်းကြောင်းမှာ မှတ်တိုင် ခုနစ်ခုရှိပါတယ်။ နောက်ပိုင်းခရီးသည်တွေအနေနဲ့ YBS လိုင်းတွေကို ထပ်မံချဲ့ထွင်ပြီးတော့ Water Bus မှတ်တိုင်အရောက် စီးလို့ရအောင် စီစဉ်နေကြောင်း သိရပါတယ်။
ထွက်ခွာချိန်ကိုလည်း ခရီးသည်အပေါ်မူတည်ပြီး ထွက်ခွာပေးမှာဖြစ်ပါတယ်။ မှတ်တိုင်တွေမှာ ခရီးသည်တွေ စီးနင်းလိုက်ပါမှုအဆင်ပြေအောင် ဘုတ်တွေထောင်ထားပါတယ်။ အာမခံပိုင်းအနေနဲ့လည်း လတ်တလော မှာ အစိုးရအာမခံဌာနနဲ့ IKBZ အာမခံလုပ်ငန်းတွေကို ချိတ်ဆက်ထားပါတယ်။
အာမခံကဏ္ဍအတွက်ကတော့ ဆက်လက်တိုးချဲ့လုပ်ဆောင်ပေးသွား
ရန်ကုန်မြစ်အတွင်း စတင်ပြေးဆွဲပေးမည့် Yangon Water Bus ပေါ်တွင် ခရီးသည်များသာ လိုက်ပါစီးနင်းနိုင်ပြီး ကုန်ပစ္စည်းများ လုံးဝတင်ဆောင်ခွင့်ပြုမည်မဟုတ်ေ
ယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်များအဆင်ပြေစေရန်အတွက် ငွေကျပ် ၄၀၀ တန် ထမင်းဘူးနှင့် ငွေကျပ် ၁၅၀ တန် လက်ဖက်ရည်တို့ကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရန် စီစဉ်ပေးထားကြောင်း သိရပါတယ်။
Source: Myanmar Ahlin