တရုတ်နိုင်ငံ ယူနန်ပြည် နယ်သို့ သစ်သီးနှင့် ဆန်အပါအ ဝင် လယ်ယာထွက်ကုန်များ နယ် စပ်မှ တင်ပို့မှုများလာသဖြင့် ကုန် စည်ပို့ဆောင်ခ မြင့်တက်နိုင်သော် လည်း စက်သုံးဆီဈေးတက်နေ၍ အခက်တွေ့ရသည်ဟု ကုန်စည် ပိုဆောင်ရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်အချို့က ပြောသည်။
တန်ဆောင်တိုင် ပိတ်ရက် များတွင် မူဆယ်သို့ ကုန်စည်တင် ပို့မှုနည်းပါးနေခြင်းကြောင့် ကုန် စည်ပို့ဆောင်ခများ ကျဆင်းခဲ့ သော်လည်း လာမည့်ရက်များ တွင် ပွင့်လင်းရာသီသို့ ရောက်ရှိ လာခြင်းကြောင့် တင်ပို့မှုပမာဏ မြင့်တက်လာနိုင်ကြောင်း ၎င်းတို့ က ခန့်မှန်းထားသည်။
တရုတ်နိုင်ငံသို့ ဆန်၊ ပြောင်း ဖူးစေ့ကဲ့သို့ လယ်ယာထွက်ကုန် များ၊ သကြားနှင့် သစ်သီးများ နေ့ စဉ်တင်ပို့မှု မြင့်တက်နေကြောင်း၊ ထို့ကြောင့် မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်ခ တစ်တန်လျှင် ကျပ်သုံးသောင်းခွဲမှ လေးသောင်း ခန့်သို့ မြင့်နိုင်ကြောင်း ကုန်စည်ပို့ ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေ သူအချို့က ခန့်မှန်းသည်။
သို့သော် ပွင့်လင်းရာသီဖြစ် ပြီး ကုန်စည်ပို့ရမည့် ပမာဏမြင့် တက်လာသော်လည်း ပြည်တွင်း စက်သုံးဆီဈေးမြင့်တက်နေခြင်း ကြောင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ရပ်တည်ရေးအခက် အခဲဖြစ်လာကြောင်း ကုန်တင် ယာဉ်ဂိတ်ပိုင်ရှင်အချို့က ပြော သည်။
ပြည်တွင်းကုန်စည်ပို့ဆောင် ရေးတွင် တရုတ်နိုင်ငံ၌ ပွဲတော် ကာလဖြစ်နေခြင်း၊ မူဆယ်နယ် စပ်သို့ သကြားတင်ပို့မှုမရှိခြင်းနှင့် ကရင်ပြည်နယ် မြဝတီနယ်စပ်သို့ ကုန်ပစ္စည်းတင်ပို့မှု နည်းပါးနေ ခြင်းတို့ကြောင့် ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းများ အခက်အခဲဖြစ် နေကြောင်း မူဆယ်မြို့မှ ကုန် စည်ပို့ဆောင်ရေးလုပ်ငန်း လုပ် ကိုင်နေသူက ပြောသည်။
လက်ရှိ ဒီဇယ်တစ်ပီပါ လက် ကားဈေးသည် ကျပ် ၁၉၀,၀၀၀ ခန့်ဈေးရှိနေသည်။ ပြီးခဲ့သည့် စက်တင်ဘာလဆန်းက တစ်ပီပါ လျှင် ကျပ် ၁၅၅,၀၀၀ ရှိပြီး ထိုနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပီပါလျှင် ကျပ်သုံးသောင်းခန့် ဈေးမြင့်တက် ခဲ့သည်။
စက်သုံးဆီဈေး မြင့်တက် လာခြင်းသည့် ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းများတွင် အကျိုးအ မြတ်လျော့နည်းစေပြီး ကုန်တင် ယာဉ်ပိုင်ရှင်များ အခက်အခဲဖြစ် ရသည်ဟု မိဘမေတ္တာကုန်စည် ပို့ဆောင်ရေးမှ ဦးမင်းဇော်ဦးက ပြောသည်။
Source: 7 days new