ရန်ကုန်လိုင်စင်တက္ကစီ များ ဒီဇင်ဘာလကုန်နောက်ဆုံး ထား၍ စီးတီးတက္ကစီမှတ်ပုံတင်ရ မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်
‘ကားပေါ်မူတည်ပြီးတော့မှ အရင်ကထက်စာရင်တော့ ကျပ် သိန်း ၂၀၊ ၂၅ လောက်တော့ ပိုခေါ်ကြတာပေါ့။ အလုပ်ဖြစ်လည်း ဖြစ်သွားကြတာပေါ့။ အရင်တုန်းက ၁၅၀ တန်ကားက အခု ၁၇၀ လောက်ဖြစ်သွားတာပေါ့’’ ဟု ယာဉ်အရောင်းအ၀ယ်လုပ်ကိုင်သူ ကိုစိုင်းက ပြောသည်။
ထို့အပြင် လက်ရှိတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ YRTA ရုံး၌ ရန်ကုန်လိုင်စင် တက္ကစီများ စီးတီး တက္ကစီမှတ်ပုံတင်ခြင်းနှင့် သက် တမ်းတိုးခြင်းများ လာရောက်ပြုလုပ်သူ များပြားနေသည်။
‘‘YRTA ရုံးရှေ့မှာ ဒီနေ့ (နိုဝင်ဘာ ၁၄ ရက်)တင် ကား (စီးတီး တက္ကစီ ပြုလုပ်မည့်ကား) အစီး တစ်ထောင်လောက်ဂျမ်းဖြစ်သွား တယ်’’ဟု ယာဉ်အရောင်းအ၀ယ် လုပ်ကိုင်သူ ဦးမင်းမင်းက ပြော ကြားသည်။
ရန်ကုန်လိုင်စင်များ စီးတီး တက္ကစီအဖြစ် ပြောင်းလဲပြီးပါက နယ်လိုင်စင်တက္ကစီများ ရန်ကုန် မြို့တွင်းပြေးဆွဲမှုများ စိစစ်အရေးယူမည်ဟု YRTA မှ ဒေါက်တာ မောင်အောင်က ပြောသည်။
စီးတီးတက္ကစီမှတ်ပုံတင်ခြင်း ကို ဒီဇင်ဘာလကုန်အပြီး ဆောင် ရွက်ရမည်ဟု သတ်မှတ်ခြင်းထက် အချိန်အနည်းငယ် ပိုပေးစေလို ကြောင်း ယာဉ်အရောင်းအ၀ယ် လုပ်ကိုင်သူ ကိုစိုင်းက ပြောသည်။ ရန်ကုန်မြို့၌ ပြေးဆွဲနေ သော အငှားယာဉ်ခြောက်သောင်း ကျော်ရှိသည့်အနက် စီးတီးတက္ကစီမှတ်ပုံတင်ရန် အစီးရေ လေး ထောင်ကျော် ကျန်ရှိနေသေး ကြောင်း YRTA က ထုတ်ပြန်ထား သည်။
လက်ရှိတွင် နယ်လိုင်စင်ကားများ ဈေးကွက်အတွင်း အ၀ယ် မရှိသလောက်ဖြစ်ပြီး အ ရောင်းအေးကြောင်း၊ နယ်လိုင်စင်တက္ကစီများမရှိတော့လျှ
Source: 7 days new