Transportation

လူကြိုက်အများဆုံးလေကြောင်းလိုင်းအဖြစ် Vietjet ဂုဏ်ပြုခံရ

ဗီယက်နမ်၏ ထိပ်တန်းစီးပွားရေးသတင်းစာဖြစ်သော Vietnam Economic Times ၏ Trust and Use 2017 အစီအစဉ်ကတဆင့် Vietjet လေကြောင်းလိုင်းကို လူကြိုက်အများဆုံးလေကြောင်းလိုင်းအဖြစ် ရွေးချယ်ဂုဏ်ပြုခဲ့ပါသည်။

နိုင်ငံတွင်း စားသုံးသူများမှ အသိအမှတ်ပြုမဲပေးရွေးချယ်သော လူသုံးကုန်နှင့်ဝန်ဆောင်မှုများအား ဆုပေးအပ်ပွဲကို ဟိုချီမင်းစီးတီးတွင် ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပါသည်။ Vietjet အနေဖြင့် ၄င်း၏ထူးချွန်ပြောင်မြောက်သော ၀န်ဆောင်မှုအတွက် အဆိုပါဆုကို နှစ်နှစ်ဆက်တိုက်ရရှိခြင်းပင်ဖြစ်ပါသည်။

Trust and Use 2017 အစီအစဉ်၏ "Connecting consumption, sharing values" ခေါင်းစဉ်အောက်တွင် စားသုံးသူများက အသိအမှတ်ပြုသည့် လူသုံးကုန်နှင့် ၀န်ဆောင်မှုများအတွက် မဲပေးခြင်းနှင့် စစ်တမ်းများကောက်ယူခြင်းတို့ ဆောင်ရွက်ပြီး ဆုရသူများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ 

၂၀၀၆ ခုနှစ်တွင် စတင်ခဲ့သည့် Trust & Use ဗီယက်နမ်အစီအစဉ်ကို ဗီယက်နမ်ဈေးကွက်တွင်ရှိသော လူသုံးကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်စီစဉ်တင်ဆက်ခြင်းဖြစ်ပါသည်။

ပြီးခဲ့သည့် နှစ်များအတွင်း Vietjet သည် သင့်တင့်သော ဈေးနှုန်းများ ၀န်ဆောင်မှုပေးခြင်းသာမက ဗီယက်နမ်လေကြောင်းကဏ္ဍကို အောင်မြင်မှုများ ဆောင်ကြဉ်းခဲ့ပါသည်။ ဗီယက်နမ်ပြည်တွင်းနှင့် နိုင်ငံ တကာ လေကြောင်းလိုင်းပေါင်း ၇၃ ခုနှင့်အတူ Vietjet သည် ခရီးသည်များကို ကမ္ဘာတစ်ဝန်းရှိ စိတ်ဝင်စားစရာနေရာများကို သယ်ယူပို့ဆောင်ပေးနေပါသည်။ 

ထို့အပြင် လူသုံးကုန်ပစ္စည်းများ၊  ထောက်ပံ့ပို့ဆောင်ရေး၊ ဘဏ်များ၊ အာမခံလုပ်ငန်းများ၏ ဖြန့်ဝေရေးစနစ်နှင့် e-Commerce များကို အဆင်ပြေချော့မွေစေရန် ဆောင်ရွက်ပေးလျက်ရှိပြီး ခရီးသည်အားလုံး၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် "Consumer Airline" အဖြစ်ရှေ့ဆက်လျက်ရှိပါသည်။

Vietjet သည်    ၎င်း၏အဆင့်မြင့် ၀န်ဆောင်မှု၊ အထူးလေယာဉ် စီးနှင်းခ နှုန်းထားများနှင့်  လေယာဉ်လက်မှတ် အတန်းအစား အမျိုးမျိုးတို့အပါအ၀င် လေယာဉ်အသစ်များ၊ သက်တောင့်သက်သာရှိသော ထိုင်ခုံများ၊ အရသာရှိသော ပူပူနွေးနွေး စားသောက်ဖွယ်ရာများ၊ လေယာဉ်ပျံသန်းစဉ်အတွင်း အံ့သြဖွယ် အထူးအစီအစဉ်များဖြင့်  ဖော်ရွေပျူငှာသော လေယာဉ်ဝန်ထမ်းများမှ ခရီးသည်များအတွက် ပျော်ရွှင်ဖွယ် ခရီးစဉ်ဖြစ်အောင် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

Read times
Rate this item
(0 votes)