Transportation

ဗီယက်နမ်နိုင်ငံမှ သြစတြေးလျသို့ တိုက်ရိုက်လေကြောင်းလိုင်းများပျံသန်းရန် Vietjet ကြေညာကာ လေယာဉ်အသစ်ငါးစီးဝယ်ယူရန် Investecဘဏ် နှင့် အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော် တန်ဖိုးရှိ နားလည်မှုသ၀ဏ်လွှာလက်မှတ်ရေးထိုး

ဗီယက်နမ်နိုင်ငံမှ သြစတြေးလျသို့ တိုက်ရိုက်လေကြောင်းလိုင်းများပျံသန်းရန် Vietjet ကြေညာကာ လေယာဉ်အသစ်ငါးစီးဝယ်ယူရန် Investecဘဏ် နှင့် အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော် တန်ဖိုးရှိ နားလည်မှုသ၀ဏ်လွှာလက်မှတ်ရေးထိုး google.com

(ရန်ကုန်၊မတ်လ၂၀ရက်၊၂၀၁၈) ဗီယက်နမ်နိုင်ငံ၊ဟိုချီမင်းစီးတီးနှင့်သြစတြေးလျနိုင်ငံ၊ကွင်းစလန်းပြည်နယ်ရှိဘရစ္စဘိန်းမြို့တို့ကို တိုက်ရိုက်ဆက်သွယ်ပျံသန်းမည့် ၀န်ဆောင်မှုကို ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး နှင့် ကုန်သွယ်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ရန်

ဗီယက်နမ်ဝန်ကြီးချုပ် Mr.Nguyen Xuan Phuc နှင့်တကွ ဗီယက်နမ် နှင့် သြစတြေးလျနိုင်ငံများမှ အကြီးတန်းခေါင်းဆောင်များ ရှေ့မှောက်တွင် ဘရစ္စဘိန်းလေဆိပ်ကော်ပိုရေးရှင်း (BAC) နှင့် Vietjet လေကြောင်းလိုင်းတို့ ဆစ်ဒနီ (Sydney)မြို့၌ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပါသည်။ မြို့နှစ်မြို့ကိုဆက်သွယ်ပျံသန်းမည့် ယင်းတိုက်ရိုက်လေကြောင်းလိုင်းကို ၂၀၁၉ ခုနှစ်တွင်ဖွင့်လှစ်ရန် မျှော်မှန်းထားပါတယ်။

 

ဗီယက်နမ်ဝန်ကြီးချုပ် သြစတြေးလျသို့တရားဝင်လာရောက်လည်ပတ်စဉ်အတွင်း Vietjet နှင့် Investec Bank PLC တို့သည် ထုတ်လုပ်သူဈေးနှုန်းစာရင်းအတိုင်း Airbus A321 လေယာဉ်ငါးစီးဝယ်ယူရာတွင် ငွေကြေးထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၆၀၉ သန်း တန်ဖိုးရှိ နားလည်မှုသ၀ဏ်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

BAC ၏ CEO နှင့် Managing Director ဖြစ်သူ Julieanne Alroe မှ “ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ကွင်းစလန်းပြည်နယ်နဲ့ ဗီယက်နမ်နိုင်ငံကြားခရီးသွားလာမှုက တစ်နှစ်ကို ပျမ်းမျှ ၈ ရာခိုင်နှုန်း တိုးတက်နေပြီး ဒီဝန်ဆောင်မှုအသစ်က ဈေးကွက်ကိုပိုပြီးချဲ့ထွင်နိုင်ဖို့တွန်းအားဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟုပြောကြားချက်အရ သိခဲ့ရပါတယ်။ “ဟိုချီမင်းစီးတီးဟာ တိုက်ရိုက်လေကြောင်း ၀န်ဆောင်မှုမရှိသေးတဲ့ ဘရစ္စဘိန်းရဲ့ ထိပ်တန်းဈေးကွက် ငါးခုထဲမှာအပါအ၀င်ဖြစ်တဲ့အတွက် ဒီကွင်းစလန်းပြည်နယ်၊ ဘရစ္စဘိန်းကို သြစတြေးလျ တိုက်အတွင်း Vietjet ရဲ့ ပထမဆုံးအချက်အချာနေရာအဖြစ် ရွေးချယ်လိုက်တာသည် ပြီးပြည့်စုံတဲ့ တွေးခေါ်မှုပဲ ဖြစ်ပါတယ်။ Vietjet ကိုကြိုဆိုဖို့နဲ့ ကွင်းစလန်းပြည်နယ်နဲ့ ဗီယက်နမ်နိုင်ငံကြား ဆက်နွယ်မှုကို ပိုမိုခိုင်မြဲစေဖို့ ဘရစ္စဘိန်းလေဆိပ်မိသားစုမှ မျှော်လင့်နေပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

 

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်း၊ ဆစ်ဒနီမြို့မှ မြောက်ဘက် ကီလိုမီတာ ၉၀၀ အကွာတွင်တည်ရှိသော ကွင်းစလန်းပြည်နယ်၏မြို့တော် ဘရစ္စဘိန်းသည် သြစတြေးလျ၏ တတိယလူဦးရေအထူထပ်ဆုံးမြို့ ဖြစ်ခဲ့ပါတယ်။ ဒေသခံများအကြားတွင် ကမ္ဘာ့မြို့တော်သစ် (the new world city) ဟု လူသိများပြီး ငယ်ရွယ်သွက်လက်ပြီး ရင်းနှီးဖော်ရွေသော ဒေသခံများကြောင့် နာမည်ကျော်သောမြို့ဖြစ်သလို မကြာသေးမီနှစ်များအတွင်းမှာ စီးပွားရေးတိုးတက်မှု လျင်မြန်စွာဖြစ်ထွန်းနေသော မြို့လေးဖြစ်ခဲ့ပါတယ်။

 

Image 3 Credit to Vietjet

 

 

Vietjet Vice President Nguyen Thi Thuy Binh မှ "ကျွန်မတို့လေကြောင်းလိုင်းရဲ့ "Sky Connection" အစီအစဉ်မှတဆင့် အရည်အသွေးမြင့်မားပြီး ဖော်ရွေပျူငှာသော ၀န်ဆောင်မှုများ နှင့်အတူ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး နှင့် ခရီးသွားလုပ်ငန်းဗဟိုချက်များကို သြစတြေးလျနိုင်ငံအပါအ၀င် နိုင်ငံတကာ နှင့် ချိတ်ဆက်ပေးနိုင်မယ့် နိုင်ငံတကာလေကြောင်း ပေါင်းစည်းမှုတွေကို အကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်နေပါပြီဟုလဲ ပြောခဲ့ပါတယ်။ ဗီယက်နမ်ပြည်သူတွေနဲ့ ဒေသတွင်းခရီးသွားများအတွက် သြစတြေးလျနိုင်ငံနဲ့ မကြာမီမှာ ချိတ်ဆက်ပျံသန်းပြီး လေကြောင်းခရီးစဉ်အခွင်အလမ်းတွေကို ဆောင်ကျဉ်းပေးမှာလည်း ဖြစ်ပါတယ်။ ယခုအခါတွင်   ဟိုချီမင်းစီးတီး-ဘရစ္စဘိန်း လမ်းကြောင်းဟာ ဘရစ္စဘိန်းလေဆိပ်ကော်ပိုရေးရှင်းနဲ့ Tourism & Events Queensland တို့ရဲ့ ပူးပေါင်းထောက်ပံ့ဆောင်ရွက်ပေးမှုနဲ့အတူ မြို့နှစ်မြို့ကြားပထမဆုံးဆက်သွယ်ပေးမယ့် တိုက်ရိုက်လေကြောင်းဝန်ဆောင်မှုပဲဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ မကြာခင်မှာအသက်ဝင်ပြီး ခရီးသွားလူအများအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့လဲ ယုံကြည်ပါတယ်" ဟု ဆက်လက်၍ ပြောကြားခဲ့ပါတယ်။

 

ရာသီဥတုမျှတပြီး ဆောင်းရာသီတွင် အပူချိန် ၁၅ ဒီဂရီစင်တီဂရိတ်မှ ၂၅ ဒီဂရီစင်တီဂရိတ်ကြားတွင်ရှိပြီး နွေရာသီတွင် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်ကြားရှိပါတယ်။ ဘရစ္စဘိန်းမြို့သည် နိုင်ငံတကာ ကျောင်းသားများနှင့် ကမ္ဘာလှည့်ခရီးသည်များ၊ အထူးသဖြင့် မြန်မာနှင့် ဗီယက်နမ်အပါအ၀င် အာရှပစိဖိတ်ဒေသမှ ခရီးသွားများအတွက် အသင့်တော်ဆုံးနေရာဖြစ်ပါတယ်။သြစတြေးလျတွင် ခရီးသွားလုပ်ငန်းသုတေသနအဖွဲ့၏ မှတ်တမ်းများအရ သြစတြေးလျနိုင်ငံကို အာရှတိုက်တစ်ဝန်းမှ လာရောက်လည်ပတ်သူပေါင်းမှာ ၂၀၁၆ ခုနှစ်တွင် ၃၆၀၀ ကျော်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၃၉၇၀ နီးပါးဖြင့် ၉ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး အဆိုပါ နှစ် ၂ နှစ်လုံးတွင် ဘရစ္စဘိန်းမှာ တတိယမြောက် ဧည့်သည်အများဆုံးဝင်ရောက်သောဒေသအဖြစ် ရပ်တည်လျက်ရှိပါတယ်။

 

ReadmoreVietjet ၏ အိန္ဒိယသို့ ခရီးစဉ်လမ်းကြောင်းသစ် ဖွင့်လှစ်ရန် အစီအစဉ်မှာ မြန်မာခရီးသည်များအတွက် သင့်လျော်သော နှုန်းထားများဖြင့် ခရီးသွားပြည်ပခရီးစဉ်သွားရန် ရွေးချယ်စရာများဆောင် ကြဉ်းလာခြင်းဖြစ်

https://goo.gl/fybGiQ

0d7764695c55c5d1c3edadce4a2a2cb9 L

Read times
Rate this item
(1 Vote)