Warehouse

Monday, 28 November 2022 07:31

မန္တလေးတိုင်းဒေသကြီး Bonded Warehouse များအတွက် Code များ အသိပေးကြေညာ

မန္တလေးတိုင်းဒေသကြီး Bonded Warehouse များအတွက် Code များ အသိပေးကြေညာ

Friday, 16 September 2022 09:26

သိုလှောင်ရုံ အထောက်အကူပြုအသုံးအဆောင်ပစ္စည်းများ

သိုလှောင်ရုံ တစ်ခုအဆင်ပြေပြေ လည်ပတ်နိုင်ဖို့ အထောက်အကူပြု အသုံးအဆောင်ပစ္စည်းများလည်း မရှိမဖြစ်လိုအပ်ပေသည်။ သိုလှောင်ရုံ တစ်ခုမှာ- 1 ~ Lift Equipment 2 ~ Dork Equipment 3 ~ Material Handling Equipment 4 ~ Shelves 5 ~ Ladders 6 ~ Safety Storage & maintenance Supplies စတာတွေကို ပုံမှန်အများအားဖြင့် တွေ့မြင်ရမှာပါ။ဒါကြောင့် Warehouse တစ်ခုမှာ Storage System ကောင်းကောင်းနဲ့ Equipment ပြည့်ပြည့်စုံစုံရှိမှသာ worker တွေလည်း ပိုပြီး သက်တောင့်သက်သာနဲ့ အလုပ်လုပ်နိုင်မယ်၊ အချိန်တွေ ငွေတွေ လုပ်အားတွေ ပိုမို ချွေတာနိုင်မယ်၊ ကုန်ပစ္စည်းတွေကို လုံလုံခြုံခြုံ၊ လေလွှင့်ဆုံးရှုံးမှု အနည်းဆုံးနဲ့ ထားရှိနိုင်ပြီး အမြင့်ဆုံးသော စီးပွားရေး အကျိုးအမြတ်များရယူနိုင်မှာပဲ ဖြစ်ပါတယ်။ ကုန်ပစ္စည်းများကိုစနစ်တကျသိုလှောင်နိုင်ဖို့ Warehouse Storage System အကြောင်း Source : Super Light Logistics

Friday, 16 September 2022 09:23

ကုန်ပစ္စည်းများကိုစနစ်တကျသိုလှောင်နိုင်ဖို့ Warehouse Storage System အကြောင်း

Warehouse Storage System ဆိုတာကတော့ သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများလေ့လွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး နှင့် လုပ်သားများဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးတည်လျက် ကုန်ပစ္စည်းများအလွယ်တကူ ထားသို၊ ထုတ်ယူနိုင်ရန် စီမံဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ Warehouse တစ်ခု ထားရှိရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ ကုန်ပစ္စည်းများ ထိန်း သိမ်းထားရှိရန် ဖြစ်သည့်အားလျော်စွာ ကုန်ပစ္စည်းများထားရှိရန် နေရာပိုမိုရရှိရေး၊ ကုန်ပစ္စည်းများကို အလွယ်တကူထားရှိနိုင်ရေးနှင့်၊ ပြန်လည်လွှဲပြောင်းပေးပို့ခြင်းများ ပြုလုပ်နိုင်ရန် Storage System အမျိုးမျိုး အသုံးပြုလျက် ရှိပေသည်။ အများအားဖြင့် အသုံးပြုနေကြတဲ့ Storage System တွေကတော့- ၁ ~ Cabinet storage System ( အဆင့်/အံဆွဲ ပါသောစင်များဖြင့် သိုလှောင်ခြင်း) ၂ ~ Pallet Storage System (ရွှေ့ပြောင်းနိုင်သောစင်များဖြင့် သိုလှောင်ခြင်း) ၃ ~ Mezzanine Storage System (ထပ်ခိုးစင်များဖြင့် သိုလှောင်ခြင်း) နှင့် ၄ ~ Automated storage system (ခေတ်မီ အလိုအလျောက်စနစ်ဖြင့် သိုလှောင်ခြင်း) စတဲ့ စနစ်တွေပါ။ Source : Super Light Logistics

Monday, 12 September 2022 03:28

သိုလှောင်ရုံ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များ (၂)

သိုလှောင်ရုံများအတွင်း ကုန်ပစ္စည်းများလက်ခံခြင်း၊ နေရာချထားခြင်း၊ ပြန်လည်ထုတ်ယူခြင်း၊ သင်္ဘောတင်ပို့ခြင်းစသည့် သိုလှောင်ရုံလုပ်ငန်းအဆင့်ဆင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သင့်တဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ သိုလှောင်ရုံ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များ (၁)ဖတ်ရန် (၁) ကုန်ပစ္စည်းများ ရွေးထုတ်မှုလုပ်ငန်းစဉ်ကို အရှိုန်မြှင့်ပါ။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> သိုလှောင်ရုံအတွင်း လိုအပ်သောကုန်ပစ္စည်းများကို အလျင်အမြန်လွယ်ကူစွာ ထုတ်ယူနိုင်မှုသည် အရေးပါသည့်အလျောက် ပစ္စည်းများရွေးထုတ်မှုလုပ်ငန်းစဉ်ကို လျင်မြန်နိုင်သမျှ လျင်မြန်အောင် အရှိုန်မြှင့်တင်ပါ။ (၂) ကုန်ပစ္စည်းများကို လွယ်ကူထိရောက်စွာ လက်ခံပါ။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> သိုလှောင်ရုံလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပစ္စည်းများလက်ခံရယူခြင်းသည် အရေးပါသည့်အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး ပေးပို့လာသည့် ပစ္စည်းအမျိုးအစား မှန်ကန်မှုရှိ၊ မရှိ၊ အရေအတွက်၊ အရည်အသွေးကို စစ်ဆေးလက်ခံရသည့် အားလျော်စွာ လုပ်ငန်းလွယ်ကူထိရောက်ရေးအတွက် ဆောင်ရွက်ထားရမည့်အချက်များ ကိုကြည့်ရှုရန် >> ကုန်ပစ္စည်းများကိုလက်ခံရာတွင် ဆောင်ရွက်ရမည့်အချက်များ (၃) ပုံမှန်ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ပါ >>>>>>>>>>>>>>>>>>>>>>>>>>>> နေ့စဉ်နေ့တိုင်း လုပ်ငန်းသိမ်းချိန်တွင် လုပ်ငန်းနေရာများသန့်ရှင်းရေး၊ ကြမ်းပြင်ပေါ်ရှိအမှိုက်နှင့် အသုံးမလိုစွန့်ပစ်ပစ္စည်းများကင်းစင်ရေး၊ ကိရိယာတန်ဆာပလာများ သက်ဆိုင်ရာနေရာများတွင် စနစ်တကျထားရှိရေးတို့ကို ဆောင်ရွက်ပါ။ (၄) သိုလှောင်ရုံနေရာချထားမှုကို ပြန်လည်သုံးသပ်ပါ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> သိုလှောင်ရုံအတွင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် အခါအားလျော်စွာ ပြန်လည်သုံးသပ်မှုများကိုပြုလုပ်ပြီး လိုအပ်သလိုပြုပြင်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းထားသိုရန်နေရာအကျယ်အဝန်း အများဆုံးရရှိရန် ဖန်တီးထားနိုင်သလား၊ လုပ်ငန်းခွင်အတွင်း လုပ်သားများပျော်ရွှင်စွာ ဆောင်ရွက်နေကြသလား စတဲ့အချက်များကို သုံးသပ်ရန်သာမက လုပ်သားများရဲ့ အကြံဉာဏ်များကိုပါ ရယူဆောင်ရွက်သင့်ပါတယ်။ Source: Freight Snap

Friday, 09 September 2022 07:49

သိုလှောင်ရုံ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များ (၁)

သိုလှောင်ရုံများအတွင်း ကုန်ပစ္စည်းများလက်ခံခြင်း၊ နေရာချထားခြင်း၊ ပြန်လည်ထုတ်ယူခြင်း၊ သင်္ဘောတင်ပို့ခြင်းစသည့် သိုလှောင်ရုံလုပ်ငန်းအဆင့်ဆင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သင့်တဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ (၁) သိုလှောင်ရုံအတွင်း နေရာချထားမှုကို ပြန်လည်စီစစ်ပါ။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းတင်စင်များ၊ ကရိယာများ၊ တန်ဆာပလာများ၊ အလုပ်ခုံများ၊ စားပွဲများ စတာတွေကို အစီအစဉ်တကျ နေရာချထားရန် လိုအပ်ပါတယ်။ စနစ်ကျသည့်နေရာချထားမှု ဆောင်ရွက်သည့်အခါ ကိုက်ညီရန်လိုအပ်သည့်အချက်များကို ကြည့်ရှုရန် >> သိုလှောင်ရုံအတွင်း စနစ်ကျသည့်နေရာချထားမှုတွင် ကိုက်ညီရန်လိုအပ်သည့်အချက်များ (၂) သိုလှောင်ရုံအတွင်း ပစ္စည်းတင်စင်များထားရှိပါ။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> သိုလှောင်ရုံအတွင်း သိုလှောင်ထိန်းသိမ်းသည့် ကုန်ပစ္စည်းအမျိုးအစားပေါ် မူတည်၍ သင့်လျော်သည့် ပစ္စည်းတင်စင်အမျိုးမျိုးကို ထားရှိအသုံးပြုပါ။ပစ္စည်းတင်စင်အမျိုးအစား၊ အရွယ်အစားနှင့်နေရာကို ထားရှိမည့်ပစ္စည်းအမျိုးအစားပေါ် မူတည်၍ ရွေးချယ်အသုံးပြုရန်နှင့် သိုလှောင်ရုံတည်ဆောက်မှုပေါ် မူတည်၍ ရေပြင်ညီအကျယ်အဝန်းကိုသာမက ဒေါင်လိုက်အကျယ်အဝန်း ဖန်တီးရရှိရေးကိုပါ ထည့်သွင်းသုံးသပ် ဆောင်ရွက်ရန် ဖြစ်ပါတယ်။ (၃) သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများကို စနစ်တကျနေရာချထားပါ။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>. သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများအနက် အထုတ်၊ အသွင်းအများဆုံး ကုန်ပစ္စည်းများကို အလွယ်ကူဆုံး၊ အလျင်မြန်ဆုံး အထုတ်အသွင်းပြုလုပ်ရမည့် နေရာများတွင် နေရာချထားပါ။ဒုတိယအထုတ်အသွင်းအများဆုံး ကုန်ပစ္စည်းများကို ဒုတိယဦးစားပေးအဖြစ်လည်းကောင်း၊ အထုတ်အသွင်းအနည်းဆုံး ကုန်ပစ္စည်းများကို စင်များ၏အပေါ်ဆုံး သို့မဟုတ် သိုလှောင်ရုံအတွင်းပိုင်းတွင် နေရာချထားပါ။ (၄) သိုလှောင်ရုံအတွင်း ပစ္စည်းများအားလုံးကို တံဆိပ်တပ်ပါ။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> သိုလှောင်ရုံအတွင်း လုပ်ငန်းများတွင်ကျယ်ရေး၊ ဆက်သွယ်မှုလွယ်ကူရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သိုလှောင်ရုံအတွင်းပစ္စည်းများအားလုံးကို တံဆိပ်တပ်ဆင်ထားရှိပါ။ကုန်ပစ္စည်းများကိုသာ တံဆိပ်တပ်ဆင်ထားရှိရန်မဟုတ်ပဲ လုပ်ငန်းခွင်နေရာများ၊ အန္တရာယ်သတိပေးချက်၊ လူသွားလမ်း၊ ပစ္စည်းတင်စင် စသည်တို့ကိုပါ တံဆိပ်တပ်ဆင်ထားရန် လိုအပ်မှာ ဖြစ်ပါတယ်။ Source: Freight Snap

Thursday, 14 July 2022 07:54

သင့်ကုန်ပစ္စည်းအတွက် မှန်ကန်သည့်သိုလှောင်ရုံရွေးချယ်နိုင်ရန် စစ်ဆေးရမည့်အချက် (၁၂) ချက်

သင့်ကုန်ပစ္စည်းကို လက်ခံထိန်းသိမ်းပြီး သက်ဆိုင်ရာဒေသသို့ ဆက်လက်ပေးပို့ပေးမည့် 3PL ဝန်ဆောင်မှုလုပ်ငန်းကို ရှာဖွေတဲ့အခါ စဉ်းစားဆုံးဖြတ်ရမဲ့ အကြောင်းအချက်အမြောက်အများရှိပါတယ်။ သင့်အနေနဲ့ သင့်ကုန်ပစ္စည်းတွေကို အဆင်ပြေပြေနဲ့ စနစ်တကျထိန်းသိမ်းထားရှိပြီး သင့်အဆက်အသွယ်များထံသို့ လျင်မြန်ချောမွေ့စွာ အကောင်းဆုံးနည်းလမ်းနဲ့ ပို့ဆောင်ပေးစေလိုမှာဖြစ်ပါတယ်။ဒါကြောင့် သင့်လျော်တဲ့ 3PL ဝန်ဆောင်မှုလုပ်ငန်း (သိုလှောင်ရုံအပါအဝင်) ကိုရွေးချယ်တဲ့အခါ သူတို့လုပ်ငန်းခွင်အတွင်း မျက်မြင်စစ်ဆေးဆုံးဖြတ်တာထက် သူတို့ဟာသိုလှောင်ရုံလုပ်ငန်းနှင့် သယ်ယူပို့ဆောင်မှုစီမံခန့်ခွဲရေးမှာ အမှန်တကယ်ကျွမ်းကျင်နိုင်နင်းမှုရှိသူများ ဖြစ်တယ်ဆိုတာကို စိစစ်အတည်ပြုသွားဖို့လိုပါတယ်။ အဲဒီလို စစ်ဆေးအကဲဖြတ်နိုင်ဖို့အတွက် စစ်ဆေးကြည့်ရမယ့် အချက်( ၁၂ )ချက်ကို ဖော်ပြလိုက်ပါတယ်။ (၁) သင့်ကုန်ပစ္စည်းအကြောင်းသိကြပါသလား? >>>>>>>>>>>>>>>>>>>>>>>>>> သင့်ကုန်ပစ္စည်းကိုလက်ခံထိန်းသိမ်းပေးမည့် 3PL ဝန်ဆောင်မှုလုပ်ငန်းအနေနဲ့ သင့်ကုန်ပစ္စည်းအမျိုးအစား၊ သဘောသဘာဝကို သေချာသိရှိပြီးမှ ဘယ်လိုကိုင်တွယ်၊ ထိန်းသိမ်းထားရှိရမယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။သူတို့အနေနဲ့ သင့်ကုန်ပစ္စည်းရဲ့အရွယ်အစား၊ ပုံသဏ္ဍာန်၊ အလေးချိန်၊ ကုန်ပစ္စည်းရဲ့အမျိုးအစားနဲ့ သဘောသဘာဝတို့ကို သေချာစွာသိရှိဖို့လိုပါတယ်။ သင့်ကုန်ပစ္စည်းဟာ ဘေးအန္တရာယ်ရှိပစ္စည်းလား၊ သက်တမ်းသတ်မှတ်ထားသလား၊ ထိခိုက်ပျက်စီးလွယ်တာလား၊ သိုလှောင်ရာ ဒါမှမဟုတ် သဘောၤတင်ပို့ရာမှာ တစ်ခုနဲ့တစ်ခုဆင့်လို့ရသလား၊ အအေးဓာတ်ပေးထားဖို့လိုသလား၊ အပူချိန်နဲ့စိုထိုင်းစကအကျိုးသက်ရောက်နိုင်သလား၊ အခြားပစ္စည်းများအနားထားလို့ရမလား၊ ပစ္စည်းတန်ဖိုးကဘယ်လောက်လဲ၊ အာမခံရောထားဖို့လိုမလား၊ ပစ္စည်းသယ်ယူရွေ့ပြောင်းဖို့ အထူးပစ္စည်းကရိယာလိုမလားစတဲ့ သင့်ကုန်ပစ္စည်းနဲ့ပတ်သက်လို့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ပြည့်ပြည့်စုံစုံသိရှိမှ သင့်ကုန်ပစ္စည်းကို သိုလှောင်ထိန်းသိမ်းထားစဉ်မှာ မမျှော်လင့်တဲ့ဘေးအန္တရာယ်နဲ့ အခက်အခဲတွေကို ရှောင်ကျဉ်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ပစ္စည်းထိန်းသိမ်းမဲ့သူအနေနဲ့ သင့်ကုန်ပစ္စည်းအကြောင်း နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းစုံစမ်းခြင်းမရှိဘူးဆိုရင် သူတို့ဟာအတွေ့အကြုံမရှိဘူးဆိုတာ ပြသတာဖြစ်တဲ့အလျောက် အခြားသိုလှောင်ရုံများနဲ့နှိုင်းယှဉ်ပြီး သေသေချာချာစိစစ်ဆုံးဖြတ်သင့်ပါတယ်။ (၂) ပစ္စည်းပမာဏနဲ့နေရာအကျယ်အဝန်းလုံလောက်မျှတမှု >>>>>>>>>>>>>>>>>>>> သင့်ကုန်ပစ္စည်းအရွယ်အစားနဲ့ စုစုပေါင်းနေရာယူမဲ့ပမာဏကို မူတည်ပြီး သိုလှောင်ရုံမျက်နှာပြင်ဧရိယာ ဘယ်လောက်ရှိနိုင်မယ်ဆိုတာကို ပုံကြမ်းရေးဆွဲပြနိုင်မယ့် ဒါမှမဟုတ် ဘယ်လိုသေသေချာချာ ထိန်းသိမ်းထားမယ်ဆိုတာကို လက်တွေ့ရှင်းလင်းပြနိုင်မယ့် သိုလှောင်ရုံမျိုးကိုရွေးချယ်သင့်ပါတယ်။ (၃) သင့်ကုန်ပစ္စည်းအမျိုးအစားနှင့် သူတို့အသုံးပြုတဲ့ပစ္စည်းကရိယာ၊ စက်ယန္တရားများ လိုက်လျောညီထွေဖြစ်ပါသလား? >>>>>>>>>>>>>>>>>>>>> သင့်ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်တဲ့အခါ၊ သိုလှောင်ထိန်းသိမ်းတဲ့အခါမှာ သင့်ကုန်ပစ္စည်းအမျိုးအစားနဲ့ အကောင်းဆုံးလိုက်လျောညီထွေဖြစ်မယ့် ကရိယာတန်ဆာပလာတွေကို ဝယ်ယူတာဖြစ်ဖြစ် ငှါးရမ်းတာဖြစ်ဖြစ် အသုံးပြုမယ်ဆိုတာသေချာပါစေ။ (၄) အလေးချိန်၊ အတိုင်းအတာနှင့် ထုပ်ပိုးမှုပြင်ဆင်ခြင်း >>>>>>>>>>>>>>>> သင့်ကုန်ပစ္စည်းများကို သဘောၤတင်ပို့ရန်အကောင်းဆုံးပြင်ဆင်ဆောင်ရွက်နိုင်ပါစေ။ကုန်ပစ္စည်းအတိုင်းအတာနှင့် အလေးချိန်ဖော်ပြသည့် အမှတ်သင်္ကေတများကို အသုံးပြုဆောင်ရွက်ခြင်းဖြင့် သဘောၤတင်လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။ (၅) စီစဉ်ဆောင်ရွက်သူရှိပါစေ >>>>>>>>>>>>>>>>>>> ကုန်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းမှုနှင့် သဘောၤတင်ပို့မှုတွင် ပြသာနာဖြစ်စေနိုင်သည့် အကြောင်းရင်းတစ်ချက်မှာ အစီအစဉ်ချမှတ်ဆောင်ရွက်ပေးမည့်သူများ ပြည့်စုံလုံလောက်မှုမရှိခြင်းပင်ဖြစ်ပါတယ်။သင့်ကုန်ပစ္စည်းများကို တာဝန်ယူဆောင်ရွက်မယ့် ကုမ္ပဏီအနေနဲ့ သင့်ကုန်ပစ္စည်းပမာဏနဲ့ အခြားလိုအပ်ချက်တွေကို ဖြေရှင်းနိုင်စွမ်းရှိတဲ့ ခိုင်မာကျစ်လစ်တဲ့ အစီအစဉ်တစ်ရပ်ကို ချပြသင့်ပါတယ်။ (၆) W M S အသုံးပြုပါစေ >>>>>>>>>>>>>>> ပစ္စည်းလက်ခံတာ၊ ထားသိုတာ၊ ပြန်ထုတ်တာကို သိုလှောင်ရုံစီမံခန့်ခွဲမှုစနစ် (Warehouse management systems, W M S) မှာအလွယ်တကူ စစ်ဆေးသိရှိနိုင်တဲ့အတွက် W M S အသုံးပြုမှုရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။ (၇) ကုန်ပစ္စည်းများ စာရင်းအသေးစိတ်တိကျမှုနှင့် ထိန်းသိမ်းမှု >>>>>>>>>>>>> သိုလှောင်ရုံအတွင်း ပြသာနာအများဆုံးဖြစ်စေသည့် အကြောင်းအရာတစ်ရပ်မှာ ကုန်ပစ္စည်းစာရင်းထိန်းသိမ်းမှုပင်ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းတို့ရဲ့ကုန်ပစ္စည်းစာရင်းထိန်းသိမ်းမှုနဲ့ ဘယ်လိုစနစ် အသုံးပြုဆောင်ရွက်မယ်ဆိုတာကို ရှင်းပြစေသင့်ပါတယ်။ (၈) လုပ်ငန်းတွင်း၊ လုပ်ငန်းပြင် အရည်အသွေးမီလုပ်ငန်းစစ်ဆေးမှု စံနှုန်းများရှိပါစေ >>>>>>>>>>>>>>>>>>>>> သိုလှောင်ရုံတစ်ခုမှာ အရည်အသွေးမီလုပ်ငန်းစစ်ဆေးမှု စံနှုန်းများရှိခြင်းဟာ သင့်ပစ္စည်းများအတွက် အဆင့်မြင့်ဝန်ဆောင်မှုကို အလေးထားဆောင်ရွက်ပေးမယ်ဆိုတာ အချက်ပြလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့် သူတို့လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုချိန်မှာ သူတို့အနေနဲ့ လုပ်ငန်းတွင်း အရည်အသွေးစစ်ဆေးမှုစံနှုန်း ဒါမှမဟုတ် လုပ်ငန်းပြင်ပသုံးစွဲသူများဆိုင်ရာ ပစ္စည်းအရည်အသွေးစစ်ဆေးတဲ့စံနှုန်းများ အသုံးပြုခြင်းရှိ၊ မရှိ အကဲခတ်လေ့လာသင့်ပါတယ်။ (၉) လုပ်ငန်းစွမ်းဆောင်ရည်နှင့် ထုတ်လုပ်နိုင်မှုစွမ်းအား အရေးပါမူရှိ၊ မရှိ >>>>>>>>>>>>>>>>>>>>>> လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ထုတ်လုပ်နိုင်မှုစွမ်းအား တိုက်ရိုက်ဆက်သွယ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် သင်ရွေးချယ်မယ့် သိုလှောင်ရုံအတွင်းမှာ လုပ်သားများအနေနဲ့ ဖြတ်လတ်တက်ကြွတဲ့ လုပ်ငန်းစွမ်းဆောင်ရည်ပုံစံမျိုး ရှိနေသလားဆိုတာ လေ့လာအကဲဖြတ်ပါ။ (၁၀) လုပ်ငန်းဆိုင်ရာညွှန်ကြားချက်များ၊ ISO အသိအမှတ်ပြုလက်မှတ်များ >>>>>>>>>>>>>>>> သင်ငှါးရမ်းမယ့် ကုမ္ပဏီအနေနဲ့ သူတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းအမျိုးအစားအတွက် သက်ဆိုင်တဲ့ ISO အသိအမှတ်ပြုလက်မှတ်များရှိသလား၊ သူတို့ရဲ့လုပ်သားတွေကို ဘယ်လိုလေ့ကျင့်သင်တန်းပေးထားတယ်ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေကို စစ်ဆေးကြည့်ရှုသင့်ပါတယ်။ (၁၁) သပ်ရပ်သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းတဲ့ သိုလှောင်ရုံရှိပါသလား >>>>>>>>>>>>>>>>>>>> သိုလှောင်ရုံဟာ ပစ္စည်းများရှုပ်ပွပြီး ညစ်ပတ်နေမယ်ဆိုရင် သင့်ကုန်ပစ္စည်းကို သူတို့ဘယ်လိုထိန်းသိမ်းမယ်ဆိုတာ ညွှန်ပြနေတာပါပဲ။စွန့်ပစ်အမှိုက်ပုံနဲ့တူနေတဲ့ သိုလှောင်ရုံဆိုရင် သူတို့နဲ့အလုပ်လက်တွဲဆောင်ရွက်ဖို့ ငြင်းပယ်လိုက်ပါ။ (၁၂) သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ ထိပ်တန်းအဆင့်ရှိသလား >>>>>>>>>>>>>>>> သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအတွက် သင်ငှါးရမ်းတဲ့ကုမ္ပဏီဟာ သင့်ကုန်ပစ္စည်းကို အစမှအဆုံးအထိ နှောင့်နှေးကြန့်ကြာမှုမရှိစေပဲ ပို့ဆောင်ပေးနိုင်ဖို့အတွက် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနဲ့ ပေါင်းစပ်ဆောင်ရွက်နိုင်စွမ်းရှိရမယ့်အပြင် အသက်သာဆုံးနှုန်းထားများရရှိအောင်လဲ ညှိနှိုင်းပေးနိုင်ရပါမယ်။ဆိုလိုတာက ကုန်စည်များပို့ဆောင်သည့်အခါ ယာဉ်အဆင့်ဆင့်ပြောင်းလဲ (ကား၊ ရထား၊ သဘောၤစသည်) ပို့ဆောင်ရပါက အခြားကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပါ ချိတ်ဆက်စီမံနိုင်သူဖြစ်ရပါမယ်။ အထက်ပါအချက်များဟာ ပြည့်စုံလုံလောက်သည်ဟု မဆိုနိုင်ပေမယ့် သင့်ကုန်ပစ္စည်းအတွက် သင့်လျော်မည့်သိုလှောင်ရုံတစ်ခု ရွေးချယ်တဲ့အခါ မှန်ကန်စွာရွေးချယ်နိုင်ရေးအတွက် များစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ Source – SuperLight Logistics Myanmar Logistics Guide

Sunday, 17 April 2022 08:34

တရုတ်ကွန်တိန်နာလိုင်းများ အမေရိကန်မှ ကုန်မပါကွန်တိန်နာ သယ်ယူမှုပိုများပြားခဲ့

တရုတ်ကွန်တိန်နာလိုင်းများ အမေရိကန်မှ ကုန်မပါကွန်တိန်နာ သယ်ယူမှုပိုများပြားခဲ့

Friday, 01 April 2022 06:59

ရှန်ဟိုင်း လော့ဒေါင်း လေကြောင်းကုန်စည် စီးဆင်းမှု ထိခိုက်

ရှန်ဟိုင်း လော့ဒေါင်း လေကြောင်းကုန်စည် စီးဆင်းမှု ထိခိုက်

Saturday, 05 February 2022 02:40

ထိုင်းဘီလျံနာရဲ့ Frasers Logistics က ငွေဖော်ရန် စင်ကာပူမှ ရုံးခန်းတာဝါကို ဒေါ်လာ ၆၀၃ သန်းဖြင့် ရောင်းချ

ထိုင်းဘီလျံနာရဲ့ Frasers Logistics က ငွေဖော်ရန် စင်ကာပူမှ ရုံးခန်းတာဝါကို ဒေါ်လာ ၆၀၃ သန်းဖြင့် ရောင်းချ