Warehouse

Thursday, 11 April 2019 06:49

အအေးခန်းကုန်သေတ္တာများနှင့်သက်ဆိုင်သည့်ကုန်ပျက်စီးမှုများ Reefer related

အအေးခန်းကုန်သေတ္တာအတွင်း ကုန်ပျက်စီးမှုသည် အဖြစ်များသော ဖြစ်စဉ်တစ်ရပ် ဖြစ်ပါသည်။ ထိုသို့ ပျက်စီးမှုများတွင် ပုပ်သိုးခြင်း၊ အရည်ပျော်သွားခြင်း၊ အေးခဲသွားခြင်း၊ အမှည့်လွန်ခြင်း၊ ပွန်းပဲ့ခြင်းနှင့် အရောင်ပြောင်းသွားခြင်း စသည်တို့ပါဝင်သည်။

Friday, 29 March 2019 08:27

သင့်ကုန်ပစ္စည်းအတွက် မှန်ကန်သည့်သိုလှောင်ရုံရွေးချယ်နိုင်ရန် စစ်ဆေးရမည့်အချက် (၁၂) ချက်

သင့်ကုန်ပစ္စည်းကို လက်ခံထိန်းသိမ်းပြီး သက်ဆိုင်ရာဒေသသို့ ဆက်လက်ပေးပို့ပေးမည့် 3PL ဝန်ဆောင်မှုလုပ်ငန်းကို ရှာဖွေတဲ့အခါ စဉ်းစားဆုံးဖြတ်ရမဲ့ အကြောင်းအချက်အမြောက်အများရှိပါတယ်။

Saturday, 16 March 2019 08:40

သိုလှောင်ရုံနေရာအကျယ်အဝန်းကို လက်တွေ့အထိရောက်ဆုံးအသုံးပြုနိုင်ရေးအတွက် ပြုပြင်ရမည့်နည်းလမ်း (၁၅) ရပ်

သိုလှောင်ရုံလုပ်ငန်းတွင် ပစ္စည်းများထိန်းသိမ်းထားသိုရန် နေရာအကျယ်အဝန်းကို အကျိုးရှိရှိထိရောက်စွာ အသုံးပြုနိုင်ရေးသည် အဓိကအရေးပါသည့်အချက်ပင်ဖြစ်သည်။သိုလှောင်ရုံ နေရာအကျယ်အဝန်းကို အထိရောက်ဆုံးအသုံးပြုနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သင့်သည့် အချက် ၁၅ ချက်ကို ဖော်ပြလိုက်ပါတယ်။

Friday, 08 March 2019 04:15

Warehouse Storage System & Equipment

Warehouse Storage System ဆိုတာကတော့ သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများလေ့လွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး နှင့် လုပ်သားများဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးတည်လျက် ကုန်ပစ္စည်းများအလွယ်တကူ ထားသို၊ ထုတ်ယူနိုင်ရန် စီမံဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

Friday, 08 March 2019 04:02

Inventory Control Techniques (ပိုင်ဆိုင်ပစ္စည်း ထိန်းသိမ်းစီမံမှုနည်းလမ်းများ)

Inventory controll (ပိုင်ဆိုင်ပစ္စည်းများထိန်းသိမ်းမှု) ဆိုသည်မှာ သိုလှောင်ရုံအတွင်း ထိန်းသိမ်းထားရှိသော ကုန်ချောထုတ်ကုန်များ၊ ထုတ်လုပ်ဆဲပစ္စည်းများ၊ ကုန်ကြမ်းများစသည့် ပစ္စည်းများကို လက်ငင်းသုံးစွဲသူများ၏ လိုအပ်ချက်အတိုင်း အပိုအလိုမရှိ လုံလောက်သောပမာဏ ထိန်းသိမ်းထားနိုင်ရေးအတွက် စာရင်းပြုစုခြင်း၊ ဝယ်ယူဖြည့်တင်းခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ပြန်လည်ဖြန့်ဖြူးခြင်းစသည့် လုပ်ငန်းအရပ်ရပ်ကို ပေါင်းစပ်ညှိနှိုင်း ကြီးကြပ်စီမံဆောင်ရွက်ခြင်းပင်ဖြစ်သည်။

Monday, 04 March 2019 09:10

သိုလှောင်ရုံ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များ (Warehouse management ideas)

သိုလှောင်ရုံများအတွင်း ကုန်ပစ္စည်းများလက်ခံခြင်း၊ နေရာချထားခြင်း၊ ပြန်လည်ထုတ်ယူခြင်း၊ သဘောင်္တင်ပို့ခြင်းစသည့် သိုလှောင်ရုံလုပ်ငန်းအဆင့်ဆင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သင့်တဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Monday, 04 March 2019 08:41

သိုလှောင်ရုံများတွင် အများအားဖြင့်တွေ့ရှိရသော အမှား ၈ ခု (8 common warehouse mistakes)

သိုလှောင်ရုံစီမံခန့်ခွဲမှုကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းထားနိုင်ရေးအတွက် အများအားဖြင့် တွေ့ကြုံရလေ့ရှိသည့် အမှား (၈) ခု ကို Super Light Logistics မှ မျှဝေပေးလိုက်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အမှား (၈) ခု ထဲက တစ်ခုခုကို တွေ့ကြုံနေရပြီဆိုရင်တော့ အဲဒီအချက်ကို အရင်ဆုံး ဦးစားပေးဖြေရှင်းသင့်ပါတယ်။

Friday, 10 November 2017 09:46

သီးနှံသိုလှောင်ရုံ ဆောက်လုပ်ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းရှင်များသို့ အစိုးရက ငွေချေးမည်

ဆန်စပါး၊ ပဲမျိုးစုံအပါ အဝင် လယ်ယာထွက်ကုန်သီးနှံ များ သိုလှောင်ထားနိုင်မည့်ခေတ် မီသိုလှောင်ရုံတည်ဆောက်ရင်း နှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ် ငန်းရှင်များသို့ အစိုးရက ချေးငွေ များထုတ်ပေးရန် စီစဉ်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်းက ပြောသည်။ လယ်ယာထွက်ကုန် သီးနှံ များ စနစ်တကျသိုလှောင်ထားရန် တိုင်းနှင့် ပြည်နယ်များတွင် သို လှောင်ရုံများ လုံလောက်စွာ မရှိ ခြင်းကြောင့် သီးနှံများပျက်စီးဆုံး ရှုံးမှု၊ အရည်အသွေးကျဆင်းမှု များ ကြုံတွေ့နေရသည်ဟု ဝန်ကြီးက ပြောသည်။ ထို့ကြောင့် လယ်ယာထွက် ကုန် သီးနှံသိုလှောင်ရုံ တည် ဆောက်ရင်းနှီးမြှုပ်နှံလိုသူများသို့ အစိုးရက ငွေချေးပေးမည်ဟု ၎င်း က ဆိုသည်။ ‘‘အစိုးရက ငွေချေးပေးရင် ကောင်းတာပေါ့။ ဒီအဆောက်အ အုံတွေက လယ်ယာကဏ္ဍမှာ တကယ်ကို လိုအပ်နေတာပါ’’ဟု မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦး သောင်းဝင်းက ပြောသည်။ လက်ရှိပေါက်ဈေးဖြင့် စပါး တင်းပေါင်းလေးသိန်းခန့် သို လှောင်နိုင်သည့် သိုလှောင်ရုံတစ် လုံး တည်ဆောက်မည်ဆိုပါက ကုန်ကျစရိတ် ကျပ်သိန်းငါး ထောင်ခန့်ရှိကြောင်း ၎င်းက ပြော ကြားသည်။ သိုလှောင်ရုံများ အသစ် တည်ဆောက်မည်ဆိုပါက စပါး အခြောက်ခံစက်များ၊ စပါးသန့် စင်စက်များလည်း ထည့်သွင်း တည်ဆောက်ရန်လိုနေသည်ဟု ဆန်စက်လုပ်ငန်းရှင် အချို့က ပြောသည်။ လယ်သမားများ ရိတ်သိမ်း ပြီး ဆန်စက်များသို့ ရောက်ရှိလာ သည့် စပါးများသည် သိုလှောင် ထားရှိနိုင်သည့် အစိုဓာတ် (ရေ ငွေ့)ပါဝင်မှုပမာဏထက် များသ ဖြင့် အခြောက်ခံစက်များအသုံးပြု ပြီးမှ သိုလှောင်ရသည်ဟု ၎င်းတို့ က ပြောသည်။ လယ်ယာကဏ္ဍတွင် သီးနှံ သိုလှောင်ရုံများသည် အဓိကလို အပ်ချက်တစ်ခုဖြစ်နေပြီး လယ် သမားများအတွက်လည်း များစွာ အကျိုးရှိနိုင်သည်ဟု ပြည်ထောင် စုဝန်ကြီး ဦးကျော်ဝင်းက ပြော ကြားသည်။ သိုလှောင်ရုံများရှိခြင်းအား ဖြင့် သီးနှံပေါ်ထွက်ချိန်တွင် ဈေး နှုန်းကျဆင်းခြင်းကြောင့် တောင် သူလယ်သမားများ အကျိုးအမြတ်ထိခိုက်မှုကိုလည်း လျော့နည်းစေ မည်ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် မိုး စပါးနှင့် ပဲမျိုးစုံ အသစ်ပေါ်ချိန် ၌ ဈေးနှုန်းများ ကျဆင်းပြီး ငွေ ကြေးလိုအပ်သော လယ်သမားအ များစုက ယင်းဈေးနှုန်းဖြင့် ရောင်းချရခြင်းကြောင့် အကျိုးအမြတ် လျော့နည်းမှုများရှိနေသည်။ ထို့ကြောင့် သိုလှောင်ရုံများ တွင် စပါးအပါအဝင် သီးနှံများကို လယ်သမားများက အပ်နှံပြီး ယင်း သိုလှောင်ရုံအာမခံဖြင့် လယ်သ မားများက ဘဏ်များမှ ငွေချေးနိုင် မည့်အစီအစဉ်များကိုလည်း အ ကောင်အထည်ဖော်နိုင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Source: 7 days new