Warehouse

မြန်မာ ကျပ်ငွေ ၁ ဒသမ ၅၈ ဘီလီယံ(ယူရို သန်း) ကို ရင်းနှီးမြှုပ်နှံမည့် ကဏ္ဍစုံအသုံးပြုနိုင်သော သိုလှောင်ရုံတစ်ခုကို ဖွင့်လှစ်မည်

မြန်မာ ကျပ်ငွေ ၁ ဒသမ ၅၈ ဘီလီယံ(ယူရို သန်း) ကို ရင်းနှီးမြှုပ်နှံမည့် ကဏ္ဍစုံအသုံးပြုနိုင်သော သိုလှောင်ရုံတစ်ခုကို ဖွင့်လှစ်မည် google

ကုန်သွယ်ရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဗဟိုမြို့တော်ဖြစ်သည့် ရန်ကုန် မြို့ရှိ ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွင် မြန်မာ ကျပ်ငွေ ၁ ဒသမ ၅၈ ဘီလီယံ(ယူရို သန်း) ကို ရင်းနှီးမြှုပ်နှံမည့် ကဏ္ဍစုံအသုံးပြုနိုင်သော သိုလှောင်ရုံတစ်ခုကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၇ ရက်တွင် ပြုလုပ်သည့် DHL Supply Chain Myanmar သတင်းစာရှင်းလင်းပွဲအခမ်းအနားမှ သိရပါတယ်။

 

ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွင်တည်ရှိသော စတုရန်းပေ ၆ဝဝဝဝ ရှိသည် ဂိုထောင်သည် နည်းပညာလုပ်ငန်းနှင့် စားသုံးသူ /သုံးစွဲသူများဆိုင်ရာ ကဏ္ဍမှ Customer များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အပြင်လာမည့် ၂၀၂၁ ခုနှစ်တွင် အချိန်ပြည့် ဝန်ထမ်း ၂၀၀ ကျော်အား ထပ်မံအလုပ်အ ကိုင် အခွင့်အလမ်းပေးနိုင်မည် ဖြစ် ကြောင်း သိရပါတယ်။

 

ရန် ကုန် အပြည်ပြည် ဆိုင် ရာ လေဆိပ်၊ အဓိက စက်မှုဇုန်များနှင့် ကီလိုမီတာ ၃ဝ အောက် အကွာအဝေးတွင် တည်ရှိသော ယင်းသိုလှောင်ရုံသည် ကုန်းတွင်းပိုင်းသယ်ယူပို့ဆောင်ရေးနှင့်ကောင်းစွာချိတ်ဆက်ထားပြီး မြို့ထဲနှင့်မ လှမ်းမကမ်းနေရာတွင်တည်ရှိကြောင်း၊ ပစ္စည်းအတင်အချပြုလုပ်ရန် နေရာ ၈ ခုဖြင့် သိုလှောင်ရုံတွင် လုပ်ငန်းလည်ပတ် မှုစွမ်းရည်မြင့်မားစေရန် နိုင်ငံတကာ စံညွှန်းထက် သာလွန်သော ဘေးအန္တ ရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးစံနှုန်းများ အတိုင်း ၂၄ နာရီပတ်လုံး စောင့်ကြည့် ကင်မရာများ တပ်ဆင်ပေး ထားကြောင်း သိခဲ့ရပါတယ်။

 

DHL သည် မြန်မာနိုင်ငံသို့ အမြန်ချောပို့ဌာနခွဲ အနေဖြင့် ၁၉၈၂ ခုနှစ်တွင် စတင်ဝင်ရောက်လာခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်တိုင်လုပ်ကိုင်လာခဲ့ပြီဖြစ်၍ Logistics Solutions တွင် ကုမ္ပဏီ၏ လုပ်ငန်းစုများဖြစ်သော Supply Chain နှင့် Forwarding ဌာနခွဲများအထိ တိုးမြင့်လာခဲ့ကြောင်း၊ ကုမ္ပဏီ၏ ကျွမ်းကျင်မှုနှင့် အဆင့်မြင့်သော စံနှုန်းများကြောင့် DHL Supply Chain သည် မြန်မာ့ရင်းနှီးမှုကော်မရှင်မှ ရင်းနှီး မြှုပ်နှံမှုခွင့်ပြုချက်ရရှိသော ၁ဝဝ ရာနှုန်း ပြည့် နိုင်ငံခြားပိုင် Logistics ကုမ္ပဏီဖြစ် ကြောင်း သိရပါတယ်။

 

Image result for DHL Supply Chain Myanmar

 

Source : ပြည်မြန်မာ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)