ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့်ကုန်ကူးသန်းရောင်းဝယ်နေသည့် နယ်စပ်ဂိတ်အားလုံးကို ယနေ့ (ဇူလိုင်လ ၁ ရက်) မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ပရာယုတ် ချန်အိုချာ ဦးဆောင်သည့် Covid–19 ကူးစက် ရောဂါဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ CCSA မှ ဇွန်လ ၃၀ရက်က ကြေညာခဲ့သည်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံများနှင့် ဆက်သွယ်ထားသည့် နယ်စပ်ဂိတ် ၃၇ ဂိတ်ကို ယနေ့(ဇူလိုင်လ ၁ ရက် )တွင်ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ကုန်သည်များနှင့် ကုန်ကားများကိုသာဖြတ်သန်းခွင့်ပေးမည်ဖြစ်ပြီး ခရီးသွားဧည့်သည်ကိုမူ ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ကြောင်း CCSA က သတင်းထုတ်ပြန်ခဲ့သည်။
ထိုင်းနှင့်အိမ်နီးချင်းနိုင်ငံများဆက်သွယ်နေသည့် နယ်စပ်ဂိတ်များမှာ လာအိုနှင့် ၁၄ ဂိတ်၊ မြန်မာနှင့် ၈ ဂိတ်၊ ကမ္ဘောဒီးယားနှင့်၇ ဂိတ်၊ မလေးရှားနှင့်၈ ဂိတ် စုစုပေါင်း ၃၇ ဂိတ် ရှိသည်။
transcom