အကောက်ခွန် ကုန်လှောင်ရုံလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ထုတ်ပြန်ပေးခဲ့ပါတယ်။
အကောက်ခွန် ကုန်လှောင်ရုံလုပ်ငန်းအကြောင်း သိကောင်းစရာများကို ဖော်ပြပေးထားပါတယ်။
အကောက်ခွန် ကုန်လှောင်ရုံ လုပ်ငန်းဆိုတာ ဘာလဲ။ တင်သွင်းမယ့် ကုန်ပစ္စည်းများ၊ တင်ပို့မယ့် ကုန်ပစ္စည်းများကို ကျသင့်တဲ့ အခွန်ငွေ ပေးဆောင်ခြင်း မပြုခင်မှာ အကောက်ခွန် အရာရှိရဲ့ ကြီးကြပ်မှုဖြင့် အကောက်ခွန် ကုန်လှောင်ရုံအတွင်း သိုလှောင်ထားရှိရန် ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှု လုပ်ငန်းဖြစ်ပါတယ်။
လိုင်စင် (၄) မျိုး
အကောက်ခွန်ကုန်လှောင်ရုံလုပ်ငန်းအတွက် လိုင်စင်များကို လေးမျိုးခွဲခြား၍ ထုတ်ပေးပါတယ်။
အများနှင့် သက်ဆိုင်သော အကောက်ခွန် ကုန်လှောင်ရုံ၊ ပုဂ္ဂလိက အကောက်ခွန် ကုန်လှောင်ရုံ၊ ကုန်ထုတ်လုပ်သည့် အကောက်ခွန် ကုန်လှောင်ရုံ တို့အပြင် အထက်မှာ ဆိုခဲ့တဲ့ အထူးအကောက်ခွန် ကုန်လှောင်ရုံနဲ့ ပြပွဲအတွက် အကောက်ခွန် ကုန်လှောင်ရုံ တို့ ဖြစ်ပါတယ်။
သာမန် အကောက်ခွန် ကုန်လှောင်ရုံအပြင် အထူးအကောက်ခွန် ကုန်လှောင်ရုံဆိုတာရှိပြီး အန္တရာယ် ဖြစ်စေနိုင်သော ကုန်ပစ္စည်းများ ထားရှိတဲ့ အကောက်ခွန် ကုန်လှောင်ရုံကို ဆိုလိုပါတယ်။ ဓာတ်ဆီ၊ ဓာတုပစ္စည်း၊ ရေဒီယို သတ္တိကြွပစ္စည်း စတာမျိုးတွေ ထားရှိတာ ဖြစ်ပါတယ်။
နောက်ထပ် အကောက်ခွန် ကုန်လှောင်ရုံတစ်မျိုးကတော့ ပြပွဲတွေအတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ကုန်စည်ပြပွဲမှာ ပြသမယ့် ကုန်ပစ္စည်းများ၊ တင်သွင်းမယ့် ကုန်ပစ္စည်းများ။ တင်ပို့မယ့် ကုန်ပစ္စည်းများကို ကျသင့်တဲ့ အခွန်ငွေ ပေးဆောင်ခြင်း မပြုခင်မှာ အကောက်ခွန် အရာရှိရဲ့ ကြီးကြပ်မှုဖြင့် ယာယီအားဖြင့် သိုလှောင်ပေးထားတာ ဖြစ်ပါတယ်။
ကုန်ထုတ်လုပ်သည့် အကောက်ခွန် ကုန်လှောင်ရုံ လိုင်စင်အမျိုးအစားကတော့ ပြည်ပမှ တင်သွင်းလာသော ကုန်ကြမ်းများ၊ ပစ္စည်းအစိတ်အပိုင်းများဖြင့် ပြည်တွင်း၌ ပြည်ပပို့ကုန်ချောများ ထုတ်လုပ်သည့် လုပ်ငန်းများအတွက် ယင်းပြည်ပမှ တင်သွင်းလာသော ကုန်ကြမ်းများ၊ ပစ္စည်းအစိတ်အပိုင်းများနှင့် ထုတ်လုပ်ပြီး ကုန်ချောများကို အကောက်ခွန်၏ ကြီးကြပ်မှုဖြင့် သိုလှောင်ထားနိုင်ရန် ဖြစ်ပါတယ်။
အကောက်ခွန် ကုန်လှောင်ရုံ လုပ်ငန်း လုပ်ကိုင်ရတာ တင်းကျပ်တဲ့ စည်းကမ်းတွေကို လိုက်နာရပြီး တာဝန်ကြီးတာမို့ လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ဆန္ဒရှိရုံမျှဖြင့် လုပ်ကိုင်ဖို့ သင့်တော်တဲ့ လုပ်ငန်း မဟုတ်ပါဘူး။
သီလဝါ SEZ မှာ အကောက်ခွန် ကုန်လှောင်ရုံ လုပ်ငန်းလုပ်ကိုင်နေတဲ့ Daizen Myanmar ကုမ္ပဏီမှ
Managing Director ဖြစ်သူ Tomoaki Yabe က Myanmar Logistics Guide ကို အခုလို ရှင်းပြခဲ့ပါတယ်။
“SEZ warehouse လိုင်စင်ကို လျှောက်ဖို့ အဓိက အချက် ၄ ချက် ရှိတယ်။ ပထမတစ်ချက်က လျှောက်ထားမယ့် ကုမ္ပဏီသည် financial အတွက် အပါအဝင် ယုံကြည်စိတ်ချရတဲ့ ကုမ္ပဏီ ဖြစ်ရမယ်။ တကယ်ခိုင်မာတဲ့ ကုမ္ပဏီ ဖြစ်ရမယ်။ ဒုတိယတစ်ချက်ကတော့ custom officers တွေက အချိန်မရွေး warehouse ကို လာစစ်ဆေးမယ်။ စစ်ဆေးတာကို လက်ခံနိုင်ရမယ်။ warehouse ဆောက်မယ်ဆိုကတည်းက specification ကလည်း အဲဒီ ပုံစံအတိုင်း ဖြစ်နေရမယ်။ တတိယမြောက် တစ်ချက်ကတော့ ၂၄ နာရီ ပတ်လည် CCTV နဲ့ အမြဲတမ်း စောင့်ကြည့်နေရမယ်။ နောက်တစ်ချက်ကတော့ freezone warehouse နဲ့ သာမန် warehouse ကို နေရာ သေသေချာချာ ကာရံထားပြီး သီးသီးခြားခြား သတ်မှတ်ထားရမယ်”
မြန်မာနိုင်ငံ၏ ပထမဆုံးသော SEZ Bonded Warehouse ကုမ္ပဏီ Daizen Myanmar နှင့် အင်တာဗျူး
နိုင်ငံတော်က၊ စည်းကြပ်ထိုက်တဲ့ သွင်းကုန်ခွန်နှင့် အခွန်ဘဏ္ဍာများ မဆုံးရှုံးစေရေး ကာကွယ်ရန် အလွန်တင်းကြပ်သော စည်းမျဉ်းများကို လိုက်နာရမှာ ဖြစ်ပါတယ်။ ကုန်လှောင်ရုံ စီမံခန့်ခွဲမှုစနစ် (Warehouse Management System) ဖြင့် ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်ရမှာ ဖြစ်တဲ့အပြင် MACCS (မြန်မာအလိုလျောက် ကုန်စည်ရှင်းလင်းရေးစနစ် - Myanmar Automated Cargo Clearance System) ကိုလည်း ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းမှာ တာဝန်ရှိကြောင်း လုပ်ထုံးလုပ်နည်းများမှာ ဖော်ပြထားပါတယ်။ လုပ်ငန်းအနေဖြင့် လုပ်ငန်းနေရာ၊ စာရင်းကိုင်စနစ်များ၊ လုပ်ငန်း လုပ်ထုံးလုပ်နည်းများနှင့် ဝန်ထမ်းများ၏ အသိပညာတို့ကို အဆင့် မြှင့်တင်ရန် ငွေကုန်ကြေးကျခံ၍ ရင်းနှီးမြှုပ်နှံမှုများလည်း ပြုလုပ်ရမှာ ဖြစ်ပြီး အကောက်ခွန်ဦးစီးဌာန၏ ပုံမှန်စစ်ဆေးမှုကို ခံယူရမှာ ဖြစ်ပါတယ်။ ဥပဒေစည်းမျဉ်းမလိုက်နာမှု တစ်စုံတစ်ရာ တွေ့ရှိပါက လိုင်စင်ကို ချက်ချင်း ပယ်ဖျက်ခြင်းအပါအဝင် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခံရနိုင်ပါတယ်။
အကောက်ခွန် ကုန်လှောင်ရုံမှ ကုန်ပစ္စည်း အသွင်းအထုတ်နဲ့ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ရင် လုပ်ငန်းမှသာ အလုံးစုံ တာဝန်ယူရမှာ ဖြစ်ပါတယ်။
တကယ်လို့ အကောက်ခွန် ကုန်လှောင်ရုံမှ ကုန်ပစ္စည်းကို ပြည်တွင်းသုံးစွဲမယ်ဆိုရင်တော့ ကျသင့်ခွန်အရပ်ရပ်ကို ကုန်ပစ္စည်းပိုင်ရှင်မှ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
လိုင်စင် ခွင့်ပြုခြင်း
အကောက်ခွန် ကုန်လှောင်ရုံ ဖွင့်လှစ်လိုပါက သတ်မှတ်ထားတဲ့ စာရွက်စာတမ်းများ၊ အထောက်အထားများဖြင့် လျှောက်ထားရမှာဖြစ်ပြီး မြေပြင်စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ပြဌာန်းချက်များနဲ့ ကိုက်ညီပါက ညွှန်ကြားရေးမှူးချုပ်မှ ကုန်လှောင်ရုံလိုင်စင်ကို သက်တမ်း ၃ နှစ်ဖြင့် ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။
ညွှန်ကြားရေးမှူးချုပ်အနေဖြင့် -
လိုင်စင်မှာ ပြင်ဆင်ချင်တာနဲ့ ပတ်သက်လို့ အကောက်ခွန် ကုန်လှောင်ရုံ လိုင်စင်အမျိုးအစား၊ ထားရှိတဲ့ ကုန်ပစ္စည်းအမျိုးအမည် စတာတွေကို ပြင်ဆင်လိုကြောင်း တင်ပြလာတဲ့အခါ စိစစ်ပြီး ပြင်ဆင်ခွင့် ပေးနိုင်ပါတယ်။
ကုမွဏီအမည်၊ လိုင်စင် အမည်ပေါက် ပြောင်းလဲရန် လျှောက်ထားလာသည့်အခါ စိစစ်ပြီး ပြင်ဆင်ခွင့် ပေးနိုင်ပါတယ်။
သိုလှောင်ရုံနေရာ ပြောင်းလဲတာဆိုရင်တော့ မြေပြင်စစ်ဆေးရေးအဖွဲ့မှ ထပ်မံစစ်ဆေးပေးပြီး သတ်မှတ်ပြဌာန်းချက်များနဲ့ ကိုက်ညီပါက ပြောင်းလဲပြင်ဆင်ခွင့် ပေးနိုင်ပါတယ်။
လိုင်စင် ပယ်ဖျက်ခြင်း
လိုင်စင် အမည်ပေါက်မှ ဆက်လက်ပိုင်ဆိုင်မှု မရှိတော့ခြင်း၊ လိုင်စင်ဖျက်သိမ်းခွင့် တောင်းခံခြင်း၊ လိုင်စင်အမည်ပေါက်ကို လူမွဲအဖြစ် သတ်မှတ်ကြေညာခံရခြင်း၊ တည်ဆဲအကောက်ခွန် တစ်ရပ်ရပ်ဖြင့် အရေးယူခံရခြင်း၊ ချမှတ်ထားသော လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်မှု မရှိခြင်း၊ သက်တမ်းကုန်ပြီးနောက် ရက်ပေါင်း ၆၀ အထိ သက်တမ်းတိုးရန် ပျက်ကွက်ခြင်း စတဲ့အချက်များကြောင့် လိုင်စင် ပယ်ဖျက်ခံရမှာ ဖြစ်ပါတယ်။
လိုင်စင် ဆိုင်းငံ့ခြင်း
လိုင်စင် ပယ်ဖျက်ရန် ဆောင်ရွက်နေချိန်မှာ လိုင်စင်ကို ဆိုင်းငံ့ထားမှာ ဖြစ်ပြီး ဆိုင်းငံ့ထားချိန်မှာ သိုလှောင်ရုံအတွင်းသို့ ကုန်ပစ္စည်း ထည့်သွင်းခွင် မရှိပါ။ သိုလှောင်ရုံထဲမှာ ရှိနေတဲ့ ကုန်ပစ္စည်းတွေကိုတော့ အမြန်ဆုံး ထုတ်ယူရန် ပိုင်ရှင်တို့ထံ အကြောင်းကြားရမှာ ဖြစ်ပါတယ်။
လိုင်စင် သက်တမ်းတိုး
လိုင်စင် သက်တမ်း ၃ နှစ်ဖြစ်ပြီး သက်တမ်း မပြည့်မီ သုံးလကြိုတင် လျှောက်ထား ရမှာ ဖြစ်ပါတယ်။
ရက်လွန်ဒဏ်ကြေးမှာ လိုင်စင်သက်တမ်း ပြည့်ပြီးနောက် ၁ ရက်မှ ၃၀ ရက်အတွင်း ဆိုရင် သိန်း ၅၀ ကျပ် ဖြစ်ပြီး ရက်ပေါင်း ၃၁ မှ ၆၀ အတွင်းဆိုရင် သိန်း ၁၀၀ ကျပ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ရက်ပေါင်း ၆၀ ကျော်လွန်ပါက သက်တမ်းတိုး လျှောက်ထားခွင့် မရှိချေ။
ဆက်စပ် ဖတ်ရှုလေ့လာရန်
Custom bonded warehouse နဲ့ပက်သကျပီး ဘာတွေသိထားပြီးပြီလဲ?
Bonded Warehouse ဆိုသည်နှင့် ယင်း၏အကျိုးကျေးဇူးများ
ဘယ်လို လုပ်ငန်းတွေ လုပ်ကိုင်သင့်သလဲ
အကောက်ခွန်ကုန်လှောင်ရုံလုပ်ငန်းဟာ ပြည်တွင်းသို့ ကုန်ပစ္စည်းတင်သွင်းသူများအား သွင်းကုန်များကို ဝယ်ယူသူများထံ မဖြန့်ချိမီ သို့မဟုတ် စက်ရုံများတွင် ထုတ်လုပ်ရေး သွင်းအားစုများအဖြစ် အသုံးမပြုမီ သွင်းကုန်ခွန်နှင့် အခွန်များ မပေးဆောင်သေးဘဲ သိုလှောင်ထားရှိခွင့်ပြုသည့် အစီအမံဖြစ်ပါတယ်။
ပြည်တွင်းသို့ ကုန်ပစ္စည်းတင်သွင်းသူများသည် မိမိတို့ပိုင် အကောက်ခွန်ကုန်လှောင်နေရာ (ပုဂ္ဂလိက အကောက်ခွန် ကုန်လှောင်ရုံ) တွင် ကုန်ပစ္စည်းများကို သိုလှောင်ထားရှိနိုင်ပါသည်၊ သို့မဟုတ် မိမိတို့နှစ်သက်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား မိမိတို့ကိုယ်စား ကုန်ပစ္စည်းများကို (အများနှင့်ဆိုင်သော အကောက်ခွန် ကုန်လှောင်ရုံတွင်) သိုလှောင်ထားရှိပေးစေနိုင်ပါတယ်။
အကောက်ခွန် ကုန်လှောင်ရုံလုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားသူမှာ-
-
လုပ်ငန်းအပ်နှံသူများအား ကုန်ချောများ သို့မဟုတ် ကုန်ကြမ်းများအတွက် ဤသို့သော ‘သွင်းကုန်ခွန်နှင့် အကောက်ခွန်’ ဆိုင်းငံ့နိုင်သည့် ကုန်လှောင်ဝန်ဆောင်မှုကို ထပ်ဆောင်း ဆောင်ရွက်ပေးလိုသော လက်ရှိ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူများနှင့် နောင်အခါ လုပ်ကိုင်လိုသူများ
-
ပြည်ပမှတင်သွင်းလာသော ကုန်ချောများကို ဝယ်ယူသူများထံ မရောင်းချမီ ဖြန့်ချိရေးကုန်လှောင်ရုံ များတွင် ထားရှိစဉ် သွင်းကုန်ခွန်နှင့် အကောက်ခွန် မပေးဆောင်သေးဘဲ ဆိုင်းငံ့ထားလိုသည့် ပြည်ပမှ ကုန်ချော တင်သွင်းသူများ
-
ပြည်ပမှ ကုန်ကြမ်းများတင်သွင်းပြီး စက်ရုံများတွင် အဓိကအားဖြင့် ပြည်ပဈေးကွက်အတွက် ကုန်ပစ္စည်း များ ထုတ်လုပ်ခြင်းဖြစ်၍ ပြည်ပမှတင်သွင်းပြီး ပြည်ပပို့ကုန်ထုတ်လုပ်ရန်အသုံးပြုသည့် ထိုကုန်ကြမ်း များအတွက် သွင်းကုန်ခွန်နှင့် အခွန် ပေးဆောင်ရန် မလိုအပ်သည့် ပြည်ပဈေးကွက် အတွက် ကုန်ပစ္စည်းထုတ်လုပ်သော စက်ရုံ လုပ်ငန်းရှင်များ
-
အန္တရာယ်ရှိသော ကုန်ပစ္စည်းများ သို့မဟုတ် ထုထည်ပမာဏ ကြီးမားသည့် အရည်များ သို့မဟုတ် အထူးပြု သိုလှောင်စနစ်များလိုအပ်သည့် ဓာတုပစ္စည်းများကဲ့သို့သော အခြားအထူးပြု ကုန်ပစ္စည်း များ ကို သိုလှောင်ထားရှိမည့် အထူးပြုသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ
-
ကုန်စည်ပြပွဲများ သို့မဟုတ် ပြပွဲများ ကဲ့သို့သော အထူးပြု ပွဲလမ်းအခမ်းအနားစီစဉ်သူများသည် ပွဲလမ်း အခမ်းအနားကာလအတွင်း ကုန်ပစ္စည်းများကို ယာယီပြည်တွင်းသို့ တင်သွင်းလိုပါက ယာယီ အကောက်ခွန်ကုန်လှောင်ရုံ လုပ်ကိုင်ခွင့် လျှောက်ထားလိုသူများ
ဖြစ်သင့်ကြောင်း တင်ပြအပ်ပါတယ်။
အကောက်ခွန် ကုန်လှောင်ရုံလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ (PDF)