ထိုင်းဘီလျံနာရဲ့ Frasers Logistics က ငွေဖော်ရန် စင်ကာပူမှ ရုံးခန်းတာဝါကို ဒေါ်လာ ၆၀၃ သန်းဖြင့် ရောင်းချ
ထိုင်းနိုင်ငံမှ တိုင်ကွန်း ဘီလျံနာ Charoen Sirivadhanabhakdi ရဲ့ Frasers Property ရဲ့ ထိန်းချုပ်မှု လက်အောက်မှာရှိတဲ့ Frasers Logistics & Commercial Trust (FLCT) က ငွေဖော်ဖို့အတွက် စင်ကာပူမှ ရုံးခန်းတာဝါကို စင်ကာပူဒေါ်ခာ ၈၁၀.၈ သန်း (အမေရိကန်ဒေါ်လာ ၆၀၃ သန်း) ရောင်းချဖို့ ဈေးတည့်ခဲ့ပါတယ်။ ဝယ်ယူသူရဲ့အမည်နဲ့ အကြောင်းအချက်တို့ကို ထုတ်ဖော်ပြောကြားခြင်း မပြုပါဘူး။
တိုင်ကွန်း ဘီလျံနာ Charoen Sirivadhanabhakdi
FLCT က ရရှိလာတဲ့ငွေဖြင့် e-commerce အတွက် အသုံးပြုဖို့ ကုန်လှောင်ရုံများ ဝယ်ယူမှာ ဖြစ်ပါတယ်။
Cross Street Exchange
အရောင်းအဝယ် ဈေးတည့်ခဲ့တဲ့ ရုံးခန်းတာဝါ အမည်က Cross Street Exchange ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ တည်ရှိတဲ့ Raffles Place အစွန်နားမှာ ဖြစ်ပါတယ်။ ၁၅ ထပ် မြင့်တဲ့ အဆောက်အဦ ဖြစ်ပါတယ်။
ဝယ်ယူသူကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း Real estate ဝဘ်ဆိုက် Mingtiandi မှာ ဖော်ပြချက်အရ ဟောင်ကောင်အခြေစိုက် ပုဂ္ဂလိကကုမ္ပဏီ PAG က ဝယ်ယူတယ်လို့ သိရပါတယ်။
ငွေပေးငွေယူနဲ့ လက်ပြောင်းလက်လွဲ ကိစ္စအဝဝ မတ်လမှာ ပြီးပြတ်မယ်လို့ ဆိုပါတယ်။
FLCT က လောဂျစ္စတစ်လုပ်ငန်းကို အဓိကထား လုပ်ကိုင်နေတာကြောင့် အဓိကမကျတဲ့ ရုံးခန်းတာဝါဖြင့် ရုံးခန်းအငှားချတဲ့လုပ်ငန်းကို ရပ်နား လိုက်တာ ဖြစ်ပါတယ်။ ရုံးခန်းတာဝါကို ငွေဖော်ပြီး အဓိကကျတဲ့ လောဂျစ္စတစ်လုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မှာ ဖြစ်ပါတယ်။
FLCT က သိုလှောင်ရုံ ပိုင်ဆိုက်မှုကို ချဲ့ထွင်နေပါတယ်။ ၂၀၂၁ မေလမှာ ဥရောပမှ ကုန်လှောင်ရုံ ၆ ခုကို စင်ကာပူဒေါ်လာ ၅၄၈.၇ သန်းဖြင့် ဝယ်ယူခဲ့ပါတယ်။
FLCT က ဂျာမနီ၊ ယူကေ၊ နယ်သာလန်၊ စင်ကာပူ၊ ဩစတေးလျ၊ ထိုင်း တို့မှာ လုပ်ကိုင်လျက်ရှိပါတယ်။ ကုမ္ပဏီတန်ဖိုးက စင်ကာပူဒေါ်လာ ၇.၃ ဘီလျံ ဖြစ်ပါတယ်။
ဩစတေးလျ မှ warehouse