Warehouse

ရှန်ဟိုင်း လော့ဒေါင်း လေကြောင်းကုန်စည် စီးဆင်းမှု ထိခိုက်

ရှန်ဟိုင်း လော့ဒေါင်း လေကြောင်းကုန်စည် စီးဆင်းမှု ထိခိုက်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို ၉ ရက်လော့ဒေါင်းချတဲ့အတွက် လော့ဂျစ္စတစ်လုပ်ငန်းများက လေကြောင်းကုန်စည် ဖြည့်သွင်းကွင်းဆက်မှာ ပြတ်တောက်မှုများ၊ ကြန့်ကြာမှုများ၊ ဈေးတက်ခြင်းများ ဖြစ်ပေါ်လာလိမ့်မယ်လို့ ကြိုတင်‌မှန်းဆထားကြပါတယ်။

ရှန်ဟိုင်းကို အဆင့် ၂ ဆင့်ဖြင့် လော့ဒေါင်းချဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ မတ်လ ၂၈ မှ ဧပြီလ ၁ ရက်အထိကို Pudong အပါအဝင် မြို့အရှေ့ခြမ်းကို လော့ဒေါင်းချထားပါမယ်။ ဧပြီ ၁ ရက်မှ ၅ ရက်အထိကို မြို့အနောက်ခြမ်းကို လော့ဒေါင်းချထားပါမယ်။

တရုတ်ပြည်မှာ လေကြောင်းကုန်စည် စီးဆင်းမှုအများဆုံး အချက်အချာဖြစ်တဲ့ Shanghai Pudong International Airport (PVG) ကိုတော့ ဖွင့်ထားမှာ ဖြစ်ပါတယ်။ လေကြောင်းခရီးစဉ် အတော်များများ ဖျက်သိမ်းထားပါတယ်။
မြို့မှာ သယ်ယူပို့ဆောင်ရေး ယာဉ်များ သွားလာမှု ပိတ်ပင်ထားပါတယ်။ စက်ရုံများ သိုလှောင်ရုံများ ဖွင့်လိုပါက ဖွင့်နိုင်သော်လည်း အိမ်မှ အလုပ်လုပ်ရန် ညွှန်ကြားထားတဲ့အတွက် အပြည့်အဝ လုပ်ကိုင်ပေးနိုင်မှာ မဟုတ်ဘူး။ ကြန့်ကြာမှုများ၊ နှောင့်နှေးမှုများ ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။

Scan Global Logistics က PVG လေဆိပ်သို့ ပစ္စည်းပို့ရန်နှင့် လေဆိပ်မှ ပစ္စည်းယူရန် အကန့်အသတ် ရှိနေပြီး လေကြောင်းခရီးစဉ် အတော်များများ ဖျက်သိမ်းလိုက်တဲ့အတွက် ခရီးသည်တင် လေယာဉ်များဖြင့် ရောက်လာမယ့် ကုန်စည်တွေ ရောက်မလာနိုင်သလို့ ပို့မယ့် ကုန်စည်တွေလည်း မပိုနိုင်လို့ ဝန်ဆောင်မှုများ ပြတ်တောက်နေပြီး ရက်ရွေ့ဆိုင်းရကြောင်း ပြောကြားပါတယ်။

Westbound Logistics Services က "ကြန့်ကြာခြင်းများ၊ ရက်ရွှေ့ဆိုင်းရခြင်းများ နောက်ထပ် သီတင်းပတ်အချို့ ကြာတဲ့အထိ ဆက်ရှိနေဦးမယ်" လို့ ခန့်မှန်းထားပါတယ်။
"ဆိပ်ကမ်းနှင့် လေဆိပ်များ ဖွင့်ပေးထားတယ်။ ဒါပေမဲ့ ထရပ်ကားတွေအပေါ် တင်းကျပ်တဲ့ စည်းကမ်းတွေ သတ်မှတ်ထားတော့ အရင်ကတည်းက ထရပ်ကား အလုံအလောက် မရခဲ့တော့ လေကြောင်းကုန်စည်များ အရွေ့ကို ထိခိုက်ထိခိုက်နေတယ်။ ဆိပ်ကမ်းမှာလည်း FCL (Full Container Load) နှင့် LCL (Less than Container Load) တို့ကို ထိခိုက်နေတယ်" လို့ ပြောကြားပါတယ်။

 

 

 

276320317_5031132150258337_539159644301442066_n_1.jpg

 

Cargo airline Cargolux က PVG လေဆိပ် အသုံးပြုပြီး ရှန်ဟိုင်းအတွက် လေကြောင်းကုန်စည် သယ်ယူပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုများကို ဧပြီလ ၃ ရက် တနင်္ဂနွေနေ့အထိ ယာယီရပ်ဆိုင်းထားပါတယ်။

Qatar Airways, Singapore Airlines အပါအဝင် လေကြောင်းလိုင်းများက PVG ခရီးစဉ်များ ရပ်ဆိုင်းထားတာ မတ်လ ၃၁ ရက်မှ ဧပြီလ ၅ ရက်အထိ ဖြစ်ပါတယ်။ Turkish Airlines က ဧပြီလ ၂ ရက်အထိ ရပ်ဆိုင်းထားပါတယ်။ တရုတ်နိုင်ငံမှ လေကြောင်းလိုင်းများလည်း အလားတူ ရပ်ဆိုင်းထားကြပါတယ်။

PVG လေဆိပ်တစ်ဝိုက်မှာ တည်ရှိတဲ့ သိုလှောင်ရုံအချို့ လော့ဒေါင်းထဲ အကျုံးဝင်နေပါတယ်။
ဝန်ထမ်းအင်အား နည်းနေလို့ အကောက်ခွန် ရှင်းလင်းရေးကလည်း အလွန်အမင်း နှေးကွေးနေပါတယ်။

ထရပ်ကား သွားလာခွင့် ပိတ်ပင်ထားလို့ လေဆိပ်ကို လာလို့မရတဲ့အတွက် ကုန်စည်စီးဆင်းမှု ရပ်နေပါတယ်လို့ Norman Global Logistics က ပြောကြားပါတယ်။


Shanghai မှ နောက်ထပ် လေဆိပ်တစ်ခုဖြစ်တဲ့ Hongqiao International Airport မှာလည်း အလားတူပင် လေကြောင်းခရီးစဉ်များ ဖျက်သိမ်း ထားပါတယ်။ Hongqiao လေဆိပ်က အဓိကအားဖြင့် ပြည်တွင်းခရီးစဉ်များကို ဝန်ဆောင်မှု ပေးပါတယ်။
PVG က ပြည်တွင်းအပြင် ပြည်ပခရီးစဉ်များကိုလည်း ဝန်ဆောင်မှု ပေးပါတယ်။
PVG မှ ပြည်ပခရီးစဉ်များအနက် ‌Air China, China Eastern Airlines, Shanghai Airlines, Juneyao Airlines, Spring Airlines လေကြောင်းလိုင်း ၅ ခုမှ ခရီးစဉ် ၁၀၆ ခု ကို PVG အစား အခြားမြို့ကြီး ၁၃ မြို့ကို သုံးစွဲဖို့ မတ်လ ၂၁ ရက် စတင်သက်ရောက်တဲ့ ညွှန်ကြားချက်ကို တရုတ်နိုင်ငံ မြို့ပြလေကြောင်းအုပ်ချုပ်ရေး Civil Aviation Administration of China (CAAC) က ထုတ်ပြန်ထားပါတယ်။

Read times
Rate this item
(0 votes)