Warehouse

တရုတ်ကွန်တိန်နာလိုင်းများ အမေရိကန်မှ ကုန်မပါကွန်တိန်နာ သယ်ယူမှုပိုများပြားခဲ့

တရုတ်ကွန်တိန်နာလိုင်းများ အမေရိကန်မှ ကုန်မပါကွန်တိန်နာ သယ်ယူမှုပိုများပြားခဲ့

တရုတ်ကွန်တိန်နာလိုင်းကြီး နှစ်ခုတို့ အမေရိကန် အနောက်ကမ်းခြေမှ ကုန်မပါကွန်တိန်နာ သယ်ယူမှုသည် ကုန်ပါသည့် ကွန်တိန်နာထက် ပိုများပြားခဲ့တယ်လို့ CNBC သတင်းဌာနရဲ့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် အနောက်ဘက်ကမ်းခြေမှ အကြီးမားဆုံးဆိပ်ကမ်းများ ဖြစ်ကြတဲ့ Port of Los Angeles နှင့် Port of Long Beach တို့ရဲ့ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များအတွက် အကောက်ခွန်ဌာန အချက်အလက်များ၊ IHS Markit PIERS သွင်းကုန်ပို့ကုန် အချက်အလက်များကို CNBC သတင်းဌာနက လေ့လာဆန်းစစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှ ကွန်တိန်နာလိုင်း ၂ ခုက အမေရိကန်မှ အာရှသို့ အပြန်ခရီးစဉ်မှာ ကုန်ပါတဲ့ ကွန်တိန်နာအရေအတွက်ထက် ကုန်မပါတဲ့ ကွန်တိန်နာအလွတ် အရေအတွက် သယ်ဆောင်မှု ပိုများတာကို တွေ့ကြတယ်။ အဲဒီ ကွန်တိန်နာ ၂ လိုင်းက ဟောင်ကောင်မှာ ရုံးချုပ်ထားရှိတဲ့ OOCL နှင့် ၎င်း ရဲ့ မိခင်လုပ်ငန်း ရှန်ဟိုင်းမှာ ရုံးချုပ်ထားရှိတဲ့ COSCO တို့ ဖြစ်ပါတယ်။


အမေရိကန် အနောက်ကမ်းခြေမှာ Long Beach Container Terminal ကို အချက်အချာပြုပြီး OOCL က ပြေးဆွဲပါတယ်။ Port of Long Beach မှ အာရှသို့ ပြည်ပပို့ကုန် ကွန်တိန်နာ ပို့ဆောင်မှု လျော့နည်းနေခဲ့လို့ ကုန်မပါတဲ့ ကွန်တိန်နာများ ပိုများများ သယ်ပို့ခဲ့ပါတယ်။ အလားတူပင် Port of Long Beach နှင့် အလှမ်းမဝေးတဲ့ Port of Los Angeles မှာ ပြည်ပပို့ကုန် တင်ပို့မှုက ပြည်ပသွင်းကုန်ပမာဏထက် သိသိသာသာ လျော့နည်းနေခဲ့ပါတယ်။

ကွန်တိန်နာဖြင့် ပြည်ပပို့ကုန်တင်ပို့မှု လျော့ကျရတာအတွက် အကြောင်းတစ်ချက်က ပို့ဆောင်စရိတ်မြင့်မားနေလို့ ပို့ကုန် တင်ပို့လိုသူများ မတတ်နိုင်ကြလို့ ဖြစ်ပါတယ်။
Freightos Baltic Index အချက်အလက်အရ တရုတ်နိုင်ငံမှ အမေရိကန် အနောက်ကမ်းခြေသို့ ကွန်တိန်နာတစ်လုံး တင်ပို့ခက အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ဖြစ်ပါတယ်။ အမေရိကန်မှ ပို့ကုန်အများစုက ၎င်းနှုန်းထားကို လက်လှမ်းမမီကြဘူး။ ပို့ကုန်ကွန်တိန်နာ မရတဲ့အတွက် ကွန်တိန်နာ အလွတ်များကို အပြန်ခရီးမှာ တင်ဆောင်ကြပါတယ်။ ကွန်တိန်နာအလွတ်တစ်လုံးကို အမေရိကန် အနောက်ကမ်းခြေမှ တရုတ်သို့ ပို့ဆောင်ခ အမေရိကန်ဒေါ်လာ ၁,၀၀၀ သာသာမျှသာ ရရှိပါတယ်။

.cnbc.com

Read times
Rate this item
(0 votes)