Warehouse

သိုလှောင်ရုံ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များ (၁)

သိုလှောင်ရုံများအတွင်း ကုန်ပစ္စည်းများလက်ခံခြင်း၊ နေရာချထားခြင်း၊ ပြန်လည်ထုတ်ယူခြင်း၊ သင်္ဘောတင်ပို့ခြင်းစသည့် သိုလှောင်ရုံလုပ်ငန်းအဆင့်ဆင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သင့်တဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

(၁) သိုလှောင်ရုံအတွင်း နေရာချထားမှုကို ပြန်လည်စီစစ်ပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

 

သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းတင်စင်များ၊ ကရိယာများ၊ တန်ဆာပလာများ၊ အလုပ်ခုံများ၊ စားပွဲများ စတာတွေကို အစီအစဉ်တကျ နေရာချထားရန် လိုအပ်ပါတယ်။

စနစ်ကျသည့်နေရာချထားမှု ဆောင်ရွက်သည့်အခါ ကိုက်ညီရန်လိုအပ်သည့်အချက်များကို ကြည့်ရှုရန် >> သိုလှောင်ရုံအတွင်း စနစ်ကျသည့်နေရာချထားမှုတွင် ကိုက်ညီရန်လိုအပ်သည့်အချက်များ

 

(၂) သိုလှောင်ရုံအတွင်း ပစ္စည်းတင်စင်များထားရှိပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

 

သိုလှောင်ရုံအတွင်း သိုလှောင်ထိန်းသိမ်းသည့် ကုန်ပစ္စည်းအမျိုးအစားပေါ် မူတည်၍ သင့်လျော်သည့် ပစ္စည်းတင်စင်အမျိုးမျိုးကို ထားရှိအသုံးပြုပါ။ပစ္စည်းတင်စင်အမျိုးအစား၊ အရွယ်အစားနှင့်နေရာကို ထားရှိမည့်ပစ္စည်းအမျိုးအစားပေါ် မူတည်၍ ရွေးချယ်အသုံးပြုရန်နှင့် သိုလှောင်ရုံတည်ဆောက်မှုပေါ် မူတည်၍ ရေပြင်ညီအကျယ်အဝန်းကိုသာမက ဒေါင်လိုက်အကျယ်အဝန်း ဖန်တီးရရှိရေးကိုပါ ထည့်သွင်းသုံးသပ် ဆောင်ရွက်ရန် ဖြစ်ပါတယ်။

 

(၃) သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများကို စနစ်တကျနေရာချထားပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>.

 

သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများအနက် အထုတ်၊ အသွင်းအများဆုံး ကုန်ပစ္စည်းများကို အလွယ်ကူဆုံး၊ အလျင်မြန်ဆုံး အထုတ်အသွင်းပြုလုပ်ရမည့် နေရာများတွင် နေရာချထားပါ။ဒုတိယအထုတ်အသွင်းအများဆုံး ကုန်ပစ္စည်းများကို ဒုတိယဦးစားပေးအဖြစ်လည်းကောင်း၊ အထုတ်အသွင်းအနည်းဆုံး ကုန်ပစ္စည်းများကို စင်များ၏အပေါ်ဆုံး သို့မဟုတ် သိုလှောင်ရုံအတွင်းပိုင်းတွင် နေရာချထားပါ။

 

 6Th_floor_2.jpg

 

(၄) သိုလှောင်ရုံအတွင်း ပစ္စည်းများအားလုံးကို တံဆိပ်တပ်ပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

 

သိုလှောင်ရုံအတွင်း လုပ်ငန်းများတွင်ကျယ်ရေး၊ ဆက်သွယ်မှုလွယ်ကူရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သိုလှောင်ရုံအတွင်းပစ္စည်းများအားလုံးကို တံဆိပ်တပ်ဆင်ထားရှိပါ။ကုန်ပစ္စည်းများကိုသာ တံဆိပ်တပ်ဆင်ထားရှိရန်မဟုတ်ပဲ လုပ်ငန်းခွင်နေရာများ၊ အန္တရာယ်သတိပေးချက်၊ လူသွားလမ်း၊ ပစ္စည်းတင်စင် စသည်တို့ကိုပါ တံဆိပ်တပ်ဆင်ထားရန် လိုအပ်မှာ ဖြစ်ပါတယ်။

Source: Freight Snap

Read times
Rate this item
(0 votes)