Warehouse

သိုလှောင်ရုံ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များ (၂)

သိုလှောင်ရုံများအတွင်း ကုန်ပစ္စည်းများလက်ခံခြင်း၊ နေရာချထားခြင်း၊ ပြန်လည်ထုတ်ယူခြင်း၊ သင်္ဘောတင်ပို့ခြင်းစသည့် သိုလှောင်ရုံလုပ်ငန်းအဆင့်ဆင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သင့်တဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

သိုလှောင်ရုံ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များ (၁) ဖတ်ရန်

 

 

(၁) ကုန်ပစ္စည်းများ ရွေးထုတ်မှုလုပ်ငန်းစဉ်ကို အရှိုန်မြှင့်ပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

 

သိုလှောင်ရုံအတွင်း လိုအပ်သောကုန်ပစ္စည်းများကို အလျင်အမြန်လွယ်ကူစွာ ထုတ်ယူနိုင်မှုသည် အရေးပါသည့်အလျောက် ပစ္စည်းများရွေးထုတ်မှုလုပ်ငန်းစဉ်ကို လျင်မြန်နိုင်သမျှ လျင်မြန်အောင် အရှိုန်မြှင့်တင်ပါ။

 

(၂) ကုန်ပစ္စည်းများကို လွယ်ကူထိရောက်စွာ လက်ခံပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

သိုလှောင်ရုံလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပစ္စည်းများလက်ခံရယူခြင်းသည် အရေးပါသည့်အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး ပေးပို့လာသည့် ပစ္စည်းအမျိုးအစား မှန်ကန်မှုရှိ၊ မရှိ၊ အရေအတွက်၊ အရည်အသွေးကို စစ်ဆေးလက်ခံရသည့် အားလျော်စွာ လုပ်ငန်းလွယ်ကူထိရောက်ရေးအတွက် ဆောင်ရွက်ထားရမည့်အချက်များ ကိုကြည့်ရှုရန် >> ကုန်ပစ္စည်းများကိုလက်ခံရာတွင် ဆောင်ရွက်ရမည့်အချက်များ

 

BCG_2.jpg

 

 

 

(၃) ပုံမှန်ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ပါ 

>>>>>>>>>>>>>>>>>>>>>>>>>>>> 

နေ့စဉ်နေ့တိုင်း လုပ်ငန်းသိမ်းချိန်တွင် လုပ်ငန်းနေရာများသန့်ရှင်းရေး၊ ကြမ်းပြင်ပေါ်ရှိအမှိုက်နှင့် အသုံးမလိုစွန့်ပစ်ပစ္စည်းများကင်းစင်ရေး၊ ကိရိယာတန်ဆာပလာများ သက်ဆိုင်ရာနေရာများတွင် စနစ်တကျထားရှိရေးတို့ကို ဆောင်ရွက်ပါ။

 

(၄) သိုလှောင်ရုံနေရာချထားမှုကို ပြန်လည်သုံးသပ်ပါ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

သိုလှောင်ရုံအတွင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် အခါအားလျော်စွာ ပြန်လည်သုံးသပ်မှုများကိုပြုလုပ်ပြီး လိုအပ်သလိုပြုပြင်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းထားသိုရန်နေရာအကျယ်အဝန်း အများဆုံးရရှိရန် ဖန်တီးထားနိုင်သလား၊ လုပ်ငန်းခွင်အတွင်း လုပ်သားများပျော်ရွှင်စွာ ဆောင်ရွက်နေကြသလား စတဲ့အချက်များကို သုံးသပ်ရန်သာမက လုပ်သားများရဲ့ အကြံဉာဏ်များကိုပါ ရယူဆောင်ရွက်သင့်ပါတယ်။

 

 

Source: Freight Snap

 

Read times
Rate this item
(0 votes)