Warehouse Storage System ဆိုတာကတော့ သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများလေ့လွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး နှင့် လုပ်သားများဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးတည်လျက် ကုန်ပစ္စည်းများအလွယ်တကူ ထားသို၊ ထုတ်ယူနိုင်ရန် စီမံဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။
Warehouse တစ်ခု ထားရှိရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ ကုန်ပစ္စည်းများ ထိန်း သိမ်းထားရှိရန် ဖြစ်သည့်အားလျော်စွာ ကုန်ပစ္စည်းများထားရှိရန် နေရာပိုမိုရရှိရေး၊ ကုန်ပစ္စည်းများကို အလွယ်တကူထားရှိနိုင်ရေးနှင့်၊ ပြန်လည်လွှဲပြောင်းပေးပို့ခြင်းများ ပြုလုပ်နိုင်ရန် Storage System အမျိုးမျိုး အသုံးပြုလျက် ရှိပေသည်။ အများအားဖြင့် အသုံးပြုနေကြတဲ့ Storage System တွေကတော့-
၁ ~ Cabinet storage System ( အဆင့်/အံဆွဲ ပါသောစင်များဖြင့် သိုလှောင်ခြင်း)
၂ ~ Pallet Storage System (ရွှေ့ပြောင်းနိုင်သောစင်များဖြင့် သိုလှောင်ခြင်း)
၃ ~ Mezzanine Storage System (ထပ်ခိုးစင်များဖြင့် သိုလှောင်ခြင်း) နှင့်
၄ ~ Automated storage system (ခေတ်မီ အလိုအလျောက်စနစ်ဖြင့် သိုလှောင်ခြင်း) စတဲ့ စနစ်တွေပါ။
Source : Super Light Logistics