မန္တလေးတိုင်းဒေသကြီး Bonded Warehouse များအတွက် Code များ အသိပေးကြေညာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မန္တလေးတိုင်းဒေသကြီး Bonded Warehouse များအတွက် Code များ ကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲမှ အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။
အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်အမှတ် ( ၁၂၁ /၂၀၂၂)
ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
အကောက်ခွန်ကြေညာလွှာတင်သွင်းသူများသိရှိနိုင်ပါရန်
၁။ နိုင်ငံတော်၏ စီးပွားရေးနှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မန္တလေးတိုင်းဒေသကြီးတွင် အကောက်ခွန် ကုန်လှောင်ရုံ (Bonded Warehouse) လုပ်ငန်းလိုင်စင်များကို KM Terminal and Logistics Limited နှင့် Resources Group Logistics Co.,Ltd များသို့ ခွင့်ပြုချက် ထုတ်ပေးထားပြီး ဖြစ်ပါသည်။
၂။ အထက်ပါ Bonded Warehouse လိုင်စင်ရ အကောက်ခွန်ကုန်လှောင်ရုံများတွင် အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်ကို အသုံးပြု၍ သွင်းကုန်ပစ္စည်းများ ရှင်းလင်းထုတ်ယူ ခြင်း၊ ပို့ကုန်ပစ္စည်းများတင်ပို့ခြင်းတို့အတွက် အကောက်ခွန်ကြေညာလွှာများ တင်သွင်းရာ တွင် အသုံးပြုရမည့် သင်္ကေတ Code များအား သိရှိအသုံးပြု ဆောင်ရွက်နိုင်ပါရန် အောက်ဖော်ပြပါ အတိုင်း အသိပေးကြေညာအပ်ပါသည်-
(က) Customs Station Code "K9"
(ခ) Section Code "00"
(ဂ) Cargo ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသုံးပြုရမည့် Warehouse Code များမှာ-
KM Terminal and Logistics Limited အတွက် "K9W001"
Resources Group Logistics Co.,Ltd အတွက် “K9W002”
၃။ အထက်ဖော်ပြပါ Code List များကို အကောက်ခွန်ဦးစီးဌာန၏ www.maccs.gov.mm website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
အကောက်ခွန်ဦးစီးဌာန
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U