Warehouse

ရုရှားမှ ပိုင်ဆိုင်မှုများ Maersk ရောင်းချ

ရုရှားမှ ပိုင်ဆိုင်မှုများ Maersk  ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

သင်္ဘောလိုင်းနှင့် လော့ဂျစ္စတစ်လုပ်ငန်းစုကြီး A.P. Moller-Maersk သည် ရုရှားနိုင်ငံရှိ ၎င်း၏ လော့ဂျစ္စတစ်လုပ်ငန်းခွင် နှစ်ခုကို IG Finance Development Limited သို့ ရောင်းချရန် သဘောတူညီခဲ့သည်။

 

ရုရှားတွင် Maersk ၏ လုပ်ကိုင်မှုများ နိဂုံးချုပ်လုနီးနီးအဖြစ်သို့ ရောက်ရှိသွားသည်။

 

ရုရှားနိုင်ငံ Novorossiysk ရှိ 1,500 TEU ကိုင်တွယ်နိုင်သည့် ကုန်းတွင်းဆိပ်ကမ်းတစ်ခု၊ St. Petersburg ရှိ အအေးပေးနှင့် အေးခဲ ကုန်လှောင်ရုံတစ်ခုတို့ကို ရောင်းချခြင်းအတွက် အီးယူနှင့် ရုရှား တို့ထံမှ အတည်ပြု ခွင့်ပြုချက်များ ရရှိခဲ့ကြောင်း Maersk က ထုတ်ပြန်ကြေညာသည်။

“ရုရှားမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းခွင်နှစ်ခုအတွက်  ပိုင်ရှင်အသစ်ကို ရရှိခဲ့တာ ဝမ်းသာပါတယ်။ အဲဒါကြောင့် နိုင်ငံတွင်းရှိ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပြန်လည်ရုပ်သိမ်းရန် ကျွန်တော်တို့ရဲ့  ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပါမယ်" ဟု ကူးသန်းရောင်းဝယ်ရေး အရာရှိချုပ် Karsten Kildahl က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

photo_2023-02-21_18-22-12.jpg

 Novorossiysk ရှိ 1,500 TEU ကိုင်တွယ်နိုင်သည့် ကုန်းတွင်းဆိပ်ကမ်း

 

Maersk-Sells-St.-Petersburg-and-Novorossiysk-Sites-to-IG-Finance-Development-1280x720.jpg

St. Petersburg ရှိ အအေးပေးနှင့် အေးခဲ ကုန်လှောင်ရုံ

 

ဆိုက်ပရပ်စ်တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် IG Finance Development သည် ရုရှားနိုင်ငံရှိ စားသောက်ကုန် တင်သွင်းသည့် လုပ်ငန်းကြီး Arosa နှင့် အဆိုပါ လုပ်ငန်းခွင် ၂ ခုကို လုပ်ကိုင်ရန် သဘောတူညီချက် ရရှိခဲ့သည်ဟု Maersk က ပြောကြားသည်။

 

ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် Maersk သည် ရုရှားဆိပ်ကမ်းအော်ပရေတာ Global Ports Investments တွင် ၎င်းပိုင်ဆိုင်သည့် ရှယ်ယာ ၃၀.၇၅% ကို ရုရှား၏ အကြီးဆုံးကွန်တိန်နာအော်ပရေတာ Delo Group သို့ ရောင်းချခဲ့သည်။

 

Maersk သည် Svitzer လုပ်ငန်းအမှတ်တံဆိပ်ဖြင့် လုပ်ကိုင်သော တွန်း/ဆွဲရေယာဉ် ၄ စီးသာ ရုရှားတွင် ပိုင်ဆိုင်မှု ကျန်ရှိတော့သည်။ ၎င်း ၄ စီးကို ရောင်းချပြီးလျှင် Maersk သည် ရုရှားတွင် မည်သည့်လုပ်ငန်းမှ မကျန်တော့ချေ။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)