Warehouse

တိုရွန်တိုလေဆိပ်မှ ဒေါ်လာ ၁၅ သန်းကျော်ဖိုး ရွှေနှင့် အခြား အဖိုးတန်ပစ္စည်းများ ပါသည့် ကွန်တိန်နာ အခိုးခံရ

တိုရွန်တိုလေဆိပ်မှ ဒေါ်လာ ၁၅ သန်းကျော်ဖိုး ရွှေနှင့် အခြား အဖိုးတန်ပစ္စည်းများ ပါသည့် ကွန်တိန်နာ အခိုးခံရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ Pearson International Airport မှ ဒေါ်လာ ၁၅ သန်းကျော် ရွှေနှင့် အခြား အဖိုးတန်ပစ္စည်းများ ပါသည့် လေကြောင်းကုန်စည်  ကွန်တိန်နာတစ်ခု ပျောက်ဆုံးသွားသဖြင့် စုံစမ်းရှာဖွေနေသည်ဟု CNN က သတင်းဖော်ပြသည်။

.

လေယာဉ်ပေါ်မှ ကွန်တိန်နာကို ချပြိးနောက် လုပ်နေကျ ပုံမှန်လုပ်ထုံးလုပ်နည်းများအတိုင်း သိုလှောင်ရုံသို့ ပို့ဆောင်ခဲ့သည်ဟု Peel ဒေသရဲတပ်ဖွဲ့မှ Stephen Duivesteyn က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

၎င်းကွန်တိန်နာကို တရားမဝင်သော နည်းလမ်းဖြင့် ခိုးထုတ်ယူသွားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

‌၎င်းကွန်တိန်နာကို သယ်ယူလာလေကြောင်းလိုင်း အမည်၊ ၎င်းကွန်တိန်နာ ပိုင်ရှင်အမည်၊  လုံခြုံရေးကင်မရာ မှတ်တမ်း ရှိမရှိ စသည့် အသေးစိတ် အချက်အလက်များကို  ရဲတပ်ဖွဲ့က ပြောကြားခြင်း မပြုပါ။

 

.photo_2023-04-23_20-06-27.jpg

 

“ကျွန်တော်ပြောနိုင်တာက ကွန်တိန်နာမှာ တန်ဖိုးကြီးတဲ့ ရွှေများ ပါ၀င်ပေမယ့် ရွှေ‌တွေချည်းပဲ မဟုတ်ဘဲ အခြားငွေကြေးတန်ဖိုးရှိတဲ့ ပစ္စည်းတွေလည်း ပါ၀င်ပါတယ်၊” ဟု Duivesteyn က ပြောကြားသည်။

ကာလပေါက်ဈေးအရ ၎င်းကွန်တိန်နာမှ ကုန်စည်များ စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁၅ သန်း (ကနေဒါဒေါ်လာ သန်း ၂၀) ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

တနင်္လာနေ့တွင် ဖြစ်ပွားခဲ့ပြီး ကြာသပတေးနေ့တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့သည်။

ကွန်တိန်နာ အရွယ်အစားမှာ ၅ သို့မဟုတ် ၆ စတုရန်းပေ အရွယ်အစားဟု ဖော်ပြသည်။

Source cnn

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)