Warehouse

CMA CGM သည် Bolloré Logistics ကို ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူရန် ဈေးတည့်

CMA CGM သည် Bolloré Logistics ကို  ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူရန် ဈေးတည့်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ပြင်သစ် သင်္ဘောလိုင်းကြီး CMA CGM သည်  ယူရို ၅ ဘီလီယံ (ဒေါ်လာ ၅.၅ ဘီလီယံ) ဖြင့် မိသားစုလုပ်ငန်းစုကြီး Bolloré Logistics ၏ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းကဏ္ဍကို ဝယ်ယူရန် သဘောတူညီခဲ့သည်။

အရောင်းအဝယ် ဈေးတည့်ပြီ ဖြစ်သော်လည်း  ဝန်ထမ်းအဖွဲ့အစည်းများ၏ သဘောတူညီချက်ကို ရယူရန် လိုအပ်နေသေးသည်ဟု Bolloré မှ ပြောကြားခဲ့သည်။

.

CMA CGM က အဆိုပါ သဘောတူညီချက်သည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးတွင် CMA CGM ကို ထိပ်တန်း(၅) စာရင်းဝင် ဖြစ်လာစေမည်ဟု ပြောကြားသည်။

 . 

Bolloré Logistics တွင် မိတ်ဖက်လုပ်ငန်း ၈၀ ကျော်ရှိပြီး လုပ်ငန်းတည်ရာ လုပ်ငန်းခွင်နေရာ ၃၆၀ ကျော်ရှိပြီး  နိုင်ငံပေါင်း ၁၅၀ နီးပါးတွင် လုပ်ကိုင်နေသည်။ ဝန်ထမ်းအင်အား ၁၅,၀၀၀ ခန့်ကုိ အလုပ်ခန့်ထားသည်။

Bolloré Logistics သည် သယ်ယူပို့ဆောင်ရေးနှင့် လော့ဂျစ္စတစ်ကဏ္ဍတွင် ထိပ်တန်းကုမ္ပဏီ ၁၀ ခုထဲမှ တစ်ခုဖြစ်သည်။

.

Bolloré သည် ၎င်း၏ အာဖရိကမှ ဆိပ်ကမ်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများကို မနှစ်က Mediterranean Shipping Co (MSC) သို့ ရောင်းချခဲ့သည်။

.

 CMA CGM ၏ ယမန်နှစ်က အမြတ်ငွေ ကန်ဒေါ်လာ ၂၅ ဘီလီယံသည် ပြင်သစ်ကုမ္ပဏီများ သမိုင်းတစ်လျှောက်  အများဆုံးအမြတ်ငွေအဖြစ် စံချိန်တင်ခဲ့သည်။ 

 Source Splash247

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(1 Vote)