ချုံကင်း အဝေးပြေးလမ်း လော့ဂျစ္စတစ်အခြေစိုက်စခန်း မြန်မာ အပါအဝင် အာဆီယံ ကုန်ပို့ဆောင်မှု မြင့်တက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံ၏ ထိပ်တန်းလက်လီအရောင်းလုပ်ငန်း JD.com သည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချုံကင်းမြူနီစီပယ်တွင် အရှိန်အဟုန်တက်နေသော အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုကို အသုံးချပြီး တရုတ်စားသုံးသူများအတွက် တင်သွင်းလာသော ကုန်ပစ္စည်းအမျိုးပေါင်း ထောင်ပေါင်းများစွာကို နေ့ချင်းအရောက် အားချင်းပို့ဆောင်သည့်ဝန်ဆောင်မှုကို မြှင့်တင်ခဲ့သည်။
.
JD.com ကုမ္ပဏီ၏ တင်သွင်းသည့် ကုန်ပစ္စည်းများအတွက် အွန်လိုင်းပလက်ဖောင်း JD Worldwide ၏ တရုတ်နိုင်ငံ အနောက်တောင်ဘက် ကုန်လှောင်ရုံမှ မန်နေဂျာ Wang Jing က ချုံကင်းမြို့ရှိ အခြေစိုက်စခန်းမှ ပျမ်းမျှနေ့စဉ် အမှာစာ ၇,၀၀၀ ကို လူသုံးကုန်ပစ္စည်းများအတွက် ရရှိနေကြောင်း ပြောကြားသည်။ ယခုနှစ်ဆန်းပိုင်းမှစ၍ ရရှိနေခြင်းဖြစ်ပြီး အများစုမှာ မိခင်နှင့်ကလေးအတွက် ပစ္စည်းများ၊ အလှကုန်များနှင့် အာဟာရဖြည့်စွက်စာများ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
.
ချုံကင်းကို ပြည်တွင်း အချက်အချာ ဗဟိုချက်အဖြစ် ထားရှိပြီး ၂၀၁၆ ဧပြီလတွင် ထူထောင်ခဲ့သော နယ်ခြားဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုသည် ကုန်စည်များ အချိန်မီ ပို့ဆောင်ပေးသည်။ ထို့ပြင် တရုတ်ပြည် အနောက်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဝင် နိုင်ငံများအကြား ကုန်သွယ်မှုကို မြှင့်တင်ပေးသည်။
.
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိုဟန် ကုန်းတွင်းစစ်ဆေးရေးဂိတ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်သည့် ချုံကင်းမှ ထွက်ခွာလာသည့် ကုန်တင်ကားသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိရန် ကီလိုမီတာ ၂၈၀၀ ခန့်ခရီးကို လေးရက်ကြာသည်။
.
ချုံကင်းရှိ အဝေးပြေးလမ်း လော့ဂျစ္စတစ်အခြေစိုက်စခန်းသည် နယ်စပ်ဖြတ်ကျော် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု သာမက bonded warehouse အတွက် လော့ဂျစ္စတစ် ဂိုဒေါင်များကိုလည်း ဝန်ဆောင်မှု ပေးသည်။ ထို့ပြင် အာဆီယံမှ တင်သွင်းသည့် ကုန်ပစ္စည်းများ လက်ကားရောင်းချသည့် စင်တာလည်း ပါဝင်သည်။
.
ချုံကင်းရှိ JD Worldwide ဂိုဒေါင်များသည် ထုကုန်ပစ္စည်း အမျိုးပေါင်း ၃,၃၀၀ ကျော်ကို ပံ့ပိုးပေးသည့် e-shops ၃၂၀ ခန့်ကို စုစည်းထားသည်။
ယခုနှစ် မတ်လ ၃၁ ရက်နေ့အထိ နယ်စပ်ဖြတ်ကျော် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လမ်းကြောင်း ၁၁ ခုကို ဖွင့်လှစ်ခဲ့ပြီး ချုံကင်းသည် အရှေ့တောင်အာရှရှိ မြို့ပေါင်း ၃၀ ကျော်နှင့် ချိတ်ဆက်ထားသည်။
.
သွင်းကုန်များအပြင် မော်တော်ယာဉ် အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အစိတ်အပိုင်းများ၊ လက်ပ်တော့များနှင့် သစ်သီးဝလံများကို အမြန်လမ်း ကုန်စည်ပို့ဆောင်ရေး ကွန်ရက်မှတစ်ဆင့် အာဆီယံနိုင်ငံများသို့ တင်ပို့သည်။ ၎င်းဝန်ဆောင်မှုအတွက် ပြည်ပဖြန့်ဖြူးရေး ဂိုဒေါင် ၃၄ ခု ထားရှိသည်။
ယခင်က ပင်လယ်ရေကြောင်းဖြင့် တင်ပို့ခဲ့ရာ၌ တစ်လခန့် ကြာမြင့်ခဲ့ပြီး ယခု အဝေးပြေးလမ်းကွန်ရက်သည် ရက်ပိုင်းသာ ကြာသည်။
.
Chongqing Shunjunyi Import and Export Trading Co., Ltd.မှ အထွေထွေမန်နေဂျာ Ding Shunli က "မတ်လကုန်မှာ ထရပ်ကား ၅၆ စီးဖြင့် လာအိုနှင့် မြန်မာတို့အတွက် ကုန်ပစ္စည်းတွေ ပို့ဆောင်ခဲ့ပါတယ်" ဟု ပြောကြားသည်။
ကုမ္ပဏီ၏ လုပ်ငန်းကွန်ရက်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများရှိ အကြီးစားနှင့် အလတ်စားမြို့အများအပြားသို့ ရောက်ရှိသည်။
သစ်သီးများနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းရန် စူးစမ်းလေ့လာနေသည်။ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် သိုလှောင်ရုံများ ထားရှိရန် အစီအစဉ်ရှိသည်။
Source ce.cn
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U