Warehouse

Bonded Warehouse ဆိုသည်နှင့် ယင်း၏အကျိုးကျေးဇူးများ

Bonded Warehouse ဆိုသည်နှင့် ယင်း၏အကျိုးကျေးဇူးများ google

Bonded warehouse ဆိုတာက နားလည်လွယ်အောင်ပြောရရင်တော့ အကောက်ခွန်နဲ့သတ်မှတ်ထားတဲ့ပစ္စည်းတစ်ခု ကိုသွင်းလာမယ် warehouse ထဲကိုထည့်မယ်၊ ထူးခြားတာကအခွန်ပေးစရာမလိုသေးဘူး။ ရောင်းတော့မှသာ အခုဘယ် လောက်ရောင်းလိုက်ရပြီဆိုပြီး အခွန်ဆောင်ရမှာပဲဖြစ်ပါတယ်။ ဒီတော့ချက်ခြင်းအခွန်တန်းဆောင်စရာမလိုပဲ ပစ္စည်းအ တွက်ရင်းရမယ့်ကုန်ကျစရိတ်ကို ထိန်းထားလို့ရတယ်။ ရောင်းပြီးတော့မှ အခွန်ပြန်ဆောင်ဆိုပြီး ဆိပ်ကမ်းထဲမှာပစ္စည်း ထားတဲ့သဘောနဲ့ခပ်ဆင်ဆင်ပါပဲ။

 

Bonded Warehouse ထဲမှာဘယ်လိုမျိုးပစ္စည်းတွေကိုထည့်ထားလို့ရမှာလဲ ?

နိုင်ငံရဲ့စည်းမျဉ်းစည်းကမ်းကိုလိုက်ပြီး bonded warehouse ထဲမှာထားလို့ရမယ့် ပစ္စည်းအမျိုးအစားတွေကွာခြားသွားမှာဖြစ် ပါတယ်။ အောက်မှာတော့ နိုင်ငံတကာမှာရှိတဲ့ bonded warehouse အမျိုးအစားအချို့ကိုဖော်ပြပေးထားပါတယ်။

 

၁။ Temporary storage premises (RTO)
အကောက်ခွန်ရဲ့ထောက်ခံချက်ကိုရဖို့အတွက် ယာယီသဘောမျိုးထားတဲ့ကုန်ပစ္စည်းတွေကို ထည့်သွင်းသိုလှောင်ထားလို့ ရမှာဖြစ်ပါတယ်။

 

၂။ Type B Customs warehouse
အများပိုင် customs warehouse ပါ။ ဒါကိုအချို့က အစိုးရပိုင်လို့လည်းဆိုကြပါတယ်။ မည်သူမဆိုသူတို့ရဲ့ကုန်ပစ္စည်းတွေကို အကောက်ခွန်ရဲ့ထိန်းချုပ်မှုအောက်မှာ လာရောက်ထည့်သွင်းထားနိုင်မှာဖြစ်ပါတယ်။ တင်သွင်းသူအနေနဲ့ custom duty မဖြတ်ရသေးခင်အထိသိမ်းစည်းထားနိုင်ပြီး ဘုံသဘောမျိုးနဲ့အသုံးပြုကြတာကိုလည်းတွေ့ရပါတယ်။

 

၃။ Type C customs warehouse
တစ်သီးပုဂ္ဂလအမျိုးစားပါ။ ကိုယ်ပိုင်တဲ့ကိုယ့်ပစ္စည်းကို စိတ်ကြိုက်ထားနိုင်ပါတယ်။ ဒါမှမဟုတ်ပဲ ကိုယ်တာဝန်ယူထားနိုင်တဲ့ အခြားသူတွေရဲ့ပစ္စည်းတွေကိုလည်း ထားသိုနိုင်ပါတယ်။ အကောက်ခွန်နဲ့ပက်သတ်လို့ကတော့ customs warehouse ပိုင် ရှင်ကပဲတာဝန်ယူရမှာဖြစ်ပါတယ်။ တင်သွင်းခွင့်ရထားတဲ့သူတွေအနေနဲ့ တင်သွင်းခွင့်ရထားတဲ့ပစ္စည်းတွေကိုပဲ တင်သွင်းသို လှောင်ကြလို့ Private Bonded Warehouse လို့လည်းခေါ်ကြပါတယ်။

 

၄။ Type D and E customs warehouse
တစ်သီးပုဂ္ဂလအမျိုးအစားဖြစ်ပြီး ကိုယ့်ပစ္စည်းကိုပဲကိုယ်ထားရမှာဖြစ်ပါတယ်။

 

၅။ Free Warehouse
အများပိုင်အမျိုးအစားတစ်ခုဖြစ်ပြီး အကောက်ခွန်ရဲ့ထိန်းချုပ်အောက်မှာရှိနေမယ့် အဆောက်အဦးတစ်ခုဖြစ်ပါတယ်။ ဘယ်သူမဆိုကိုယ့်ရဲ့ ကုန်ပစ္စည်း တွေကိုလာထားနိုင်ပါတယ်။

 

၆။ Special economic zone or Free zone
အပေါ်က Free Warehouse နဲ့မတူတာကတော့ ယင်းကအဆောက်အဦးတစ်ခုမျှသာမဟုတ်ပဲ သတ်သတ်မှတ်မှတ်လုပ် ထားတဲ့နေရာတစ်ခုဖြစ်နေခြင်းပါ။

 

Daizen Myanmar

မြန်မာပြည်ရဲ့ပထမဆုံးသော bonded warehouse လုပ်ဆောင်ခွင့်ရသည့်ကုမ္ပဏီကတော့ Daizen Myanmar ကုမ္ပဏီ ပဲဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှာ စတင်လုပ်ဆောင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ကုန်ပစ္စည်းတွေကိုအကောက်ခွန်နဲ့ ကုန်ပစ္စည်းခွန် မဆောင်ပဲ သိမ်းဆည်းထားခွင့်ရမှာဖြစ်ပါတယ်။ ရောင်းလိုက်တာပဲဖြစ်ဖြစ်၊ နိုင်ငံရပ်ခြားကိုသဘောၤနဲ့ပဲဖြစ်ဖြစ်တင်ပို့ လိုက်ပြီဆိုရင်တော့ သတ်မှတ်ထားတဲ့အခွန်ကိုဆောင်ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် Bonded warehouse အမျိုးအစား တွေက Special economic zone or Free zone အနေနဲ့လုပ်ကိုင်ဆောင်ရွက်နေတယ်ဆိုတာကို မြင်သာစေမှာဖြစ်ပြီး သူတို့အနေနဲ့ သီလဝါစက်မှုဇုန်ရဲ့ အပိုင်း (က)မှာလုပ်ဆောင်နေသလို အခွန်ကင်းလွတ်ခွင့် ၅ နှစ်ရရှိထားတယ်လို့ သတင်း တွေရဲ့ဖော်ပြမှုအရလည်းသိရပါတယ်။ (source from –Daizen myanmar)

 

Bonded Warehouse ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ?

Custom clearance ဖြတ်တဲ့အပိုင်းကို ကားတင်သွင်းသူတော်တော်များများနဲ့ ကုန်ပစ္စည်းတင်သွင်းသူတော်တော်များများနား လည်ကြပါတယ်။ အချိန်ပေးရမယ် ပိတ်ဆို့မှုတွေဖြစ်မယ်ပေါ့။ ဒါပေမယ့် bonded warehouse ဖြစ်လာတဲ့အခါမှာတော့ အချိန်ကုန်သက်သာပြီး အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။ မရောင်းရခင်အထိ အကောက်ခွန်မဆောင်ရသေးတဲ့အတွက် အဆင်ပြေလွယ်ကူမှုသာမက ငွေကြေးစီးဆင်းမှုအတွက်လည်း အဆင်ပြေစေပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေကြား ကုန်စည်တွေရောင်းချမှုအတွက် supplier တွေရဲ့ အားထားရတဲ့ဗဟိုအချက် အချာတစ်ခုလည်း ဖြစ်လာစေနိုင်ပါတယ်။

 


MACCS အသုံးပြုဖို့အတွက် Bonded Warehouse Code ဘယ်လိုလျှောက်မလဲ

Myanmar Automated Cargo Clearance System (MACCS) အသုံးပြုရန်အတွက် Bonded Warehouse Code လျှောက်ထားရာတွင်လိုအပ်သော စာရွက်စာတမ်းတွေကို ၂၀၁၈ခုနှစ်ဖေဖေါ်ဝါရီလက ဖော်ပြထားခဲ့မှုအရ

 

C.M.P Company အတွက်

 

၁။ ညွှန်ကြားရေးမှူး (MACCS) ထံလိပ်မူ၍ company letterhead ဖြင့် company မှတာဝန်ရှိသူလက်မှတ်ရေးထိုးထားသော လျှောက်လွှာ၊ လျှောက်လွှာပေါ်တွင် ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ C.M.P Section မှ C.M.P Company ဖြစ်ကြောင်းထောက်ခံချက်လက်မှတ်ပါရှိရမည်။
၂။ Importer/Exporter Code မိတ္တူ
၃။ သွင်းကုန်လိုင်စင်မိတ္တူ
၄။ ကုမ္ပဏီ၏ FORM VI မိတ္တူ
၅။ ကုမ္ပဏီ၏ FORM XXVI မိတ္တူပါရှိရမည်။

 

SEZ TLA Company အတွက်


၁။ ညွှန်ကြားရေးမှူး (MACCS) ထံလိပ်မူ၍ company letterhead ဖြင့် company မှတာဝန်ရှိသူလက်မှတ်ရေးထိုးထားသော လျှောက်လွှာ၊
၂။ Importer/Exporter Code မိတ္တူ
၃။ ကုမ္ပဏီ၏ FORM I မိတ္တူ
၄။ ကုမ္ပဏီ၏ FORM CR-6 & 7 မိတ္တူ
၅။ Letter of Approval for Investor (Form-2) မိတ္တူပါရှိရမည်။ (Source from Maccs/Mcis-cargo) လိုအပ်မှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့အကောက်ခွန်ဌာနရဲ့စည်းမျဉ်းတွေအရ bonded warehouse တွေကို CCTV ကင်မရာတွေနဲ့ ၂၄နာရီ ပတ်လုံး စောင့်ကြည့်နေဖို့လိုပ်အပ်မှာဖြစ်ပါတယ်။ ဒါကြောင့် MACCS အသုံးပြုခြင်းအားဖြင့် အကောက်ခွန်အနေနဲ့ bonded warehouse တွေရဲ့ကုန်ပစ္စည်းအဝင်အထွက်မှန်သမျှ ကိုစောင့်ကြည့်နေနိုင်မှာလည်းဖြစ်ပါတယ်။

 

ပြည်ထောင်စုလွှတ်တော်၏ Bonded Warehouse အတွက်ထုတ်ပြန်ချက်

 

Bonded Warehouse နဲ့ပက်သတ်လို့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ပင်လယ်ရေ ကြောင်း၊အကောက်ခွန်အက်ဥပဒေဟုအစားထိုးပြင်ဆင်ခဲ့ပြီး Public Warehouse ဟုခေါ်ဆိုခြင်းအစား Public Custom Warehouse ဟုပြင်ဆင်ခေါ်ဆိုစေခဲ့သလို Private Warehouse နေရာတွင်လည်း Private Custom Warehouse ဟု ပြောင်းလဲခေါ်ဆိုစေခဲ့ပါတယ်။ ဒါ့အပြင် Manufacturing Customs Warehouse ကဏ္ဍသစ်ကိုလည်း ထပ်တိုးပေးခဲ့ပါတယ်။ Manufacturing Customs Warehouse အတွက်လိုင်စင်ကိုတော့ အကောက်ခွန်ရဲ့ Director-General ကနေ ခွင့်ပြုပေး သွားမှာဖြစ်ပါတယ်။

 


Bonded Warehouse အမျိုးအစားခွင့်ပြုချက်

 

Bonded Warehouse ကို SEZ TLA တွေအတွက် ၂၀၁၇ခုနှစ်ကတည်းက စတင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ၂၀၁၈နှစ်ကုန် ပိုင်းမှာတော့ SEZ TLA အပြင်အခြားသော နေရာတွေအတွက် ခွင့်ပြုပေးဖို့အကောက်ခွန်အနေနဲ့ စီမံဆောင်ရွက်နေတယ် ဆိုပြီးသတင်းတွေထွက်လာခဲ့ပါတယ်။ Myanmar Investment Commission ရဲ့ Invest Plan ထုတ်ပြီးကတည်းက အပြင် မှာစတင်လုပ်ဆောင်မှုတွေရှိနေခဲ့တာဖြစ်တဲ့အပြင် TLA အပြင်ဘက်အတွက် Bonded Warehouse လုပ်ဆောင်မှု ခွင့်ပြုချက်ကို သက်ဆိုင်ရာအနေနဲ့ သြဂုတ်လတတိယပတ်လောက်က စမ်းသပ်ခွင့်ပြုပေးခဲ့ဖွယ်ရှိတယ်လို့ Logistics နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကလာတဲ့သတင်းတွေအရ သိရပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ လုပ်ပိုင်ခွင့်ပေးထားပေမယ့် အပြီးသတ်လုပ်ဆောင်ချက်နဲ့ပက်သတ်ပြီးဆက်လက်ဆွေးနွေးဆဲမို့ အချိန်အနည်းငယ်ယူရဦးမယ်လို့ ထင်ကြေးပေးနေကြ သလိုလက်ရှိမှာလည်း dry port နဲ့ပက်သတ်လို့ စမ်းသပ်လုပ်ဆောင်နေတဲ့ ကုမ္ပဏီအချို့ရှိတယ်လို့လည်းဆိုကြပါတယ်။

 

 

>>> ZAWGYI <<<

 

Bonded Warehouse ဆုိသည္ႏွင့္ ယင္း၏အက်ိဳးေက်းဇူးမ်ား

 

Bonded warehouse ဆုိတာက နားလည္လြယ္ေအာင္ေျပာရရင္ေတာ့ အေကာက္ခြန္နဲ႔သတ္မွတ္ထားတဲ့ပစၥည္းတစ္ခု ကိုသြင္းလာမယ္ warehouse ထဲကိုထည့္မယ္၊ ထူးျခားတာကအခြန္ေပးစရာမလိုေသးဘူး။ ေရာင္းေတာ့မွသာ အခုဘယ္ ေလာက္ေရာင္းလုိက္ရၿပီဆုိၿပီး အခြန္ေဆာင္ရမွာပဲျဖစ္ပါတယ္။ ဒီေတာ့ခ်က္ျခင္းအခြန္တန္းေဆာင္စရာမလုိပဲ ပစၥည္းအ တြက္ရင္းရမယ့္ကုန္က်စရိတ္ကို ထိန္းထားလုိ႔ရတယ္။ ေရာင္းၿပီးေတာ့မွ အခြန္ျပန္ေဆာင္ဆုိၿပီး ဆိပ္ကမ္းထဲမွာပစၥည္း ထားတဲ့သေဘာနဲ႔ခပ္ဆင္ဆင္ပါပဲ။

 

Bonded Warehouse ထဲမွာဘယ္လုိမ်ိဳးပစၥည္းေတြကိုထည့္ထားလုိ႔ရမွာလဲ ?

ႏိုင္ငံရဲ႕စည္းမ်ဥ္းစည္းကမ္းကိုလုိက္ၿပီး bonded warehouse ထဲမွာထားလုိ႔ရမယ့္ ပစၥည္းအမ်ိဳးအစားေတြကြာျခားသြားမွာျဖစ္ ပါတယ္။ ေအာက္မွာေတာ့ ႏုိင္ငံတကာမွာရိွတဲ့ bonded warehouse အမ်ိဳးအစားအခ်ိဳ႕ကိုေဖာ္ျပေပးထားပါတယ္။

 

>>> Cold Storages အေအးခန္းသိုေလွာင္ရံု၀န္ေဆာင္မႈေပါင္း ၇၇ ခုကိုရွာေဖြရန္ႏိွပ္ပါ<<<

 

၁။ Temporary storage premises (RTO)
အေကာက္ခြန္ရဲ႕ေထာက္ခံခ်က္ကိုရဖုိ႔အတြက္ ယာယီသေဘာမ်ိဳးထားတဲ့ကုန္ပစၥည္းေတြကို ထည့္သြင္းသိုေလွာင္ထားလုိ႔ ရမွာျဖစ္ပါတယ္။

 

၂။ Type B Customs warehouse
အမ်ားပုိင္ customs warehouse ပါ။ ဒါကိုအခ်ိဳ႕က အစိုးရပုိင္လုိ႔လည္းဆုိၾကပါတယ္။ မည္သူမဆုိသူတုိ႔ရဲ႕ကုန္ပစၥည္းေတြကို အေကာက္ခြန္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ လာေရာက္ထည့္သြင္းထားႏုိင္မွာျဖစ္ပါတယ္။ တင္သြင္းသူအေနနဲ႔ custom duty မျဖတ္ရေသးခင္အထိသိမ္းစည္းထားႏုိင္ၿပီး ဘံုသေဘာမ်ိဳးနဲ႔အသံုးျပဳၾကတာကိုလည္းေတြ႕ရပါတယ္။

 

၃။ Type C customs warehouse
တစ္သီးပုဂၢလအမ်ိဳးစားပါ။ ကိုယ္ပိုင္တဲ့ကုိယ့္ပစၥည္းကုိ စိတ္ႀကိဳက္ထားႏိုင္ပါတယ္။ ဒါမွမဟုတ္ပဲ ကုိယ္တာ၀န္ယူထားႏုိင္တဲ့ အျခားသူေတြရဲ႕ပစၥည္းေတြကိုလည္း ထားသိုႏုိင္ပါတယ္။ အေကာက္ခြန္နဲ႔ပက္သတ္လုိ႔ကေတာ့ customs warehouse ပုိင္ ရွင္ကပဲတာ၀န္ယူရမွာျဖစ္ပါတယ္။ တင္သြင္းခြင့္ရထားတဲ့သူေတြအေနနဲ႔ တင္သြင္းခြင့္ရထားတဲ့ပစၥည္းေတြကိုပဲ တင္သြင္းသို ေလွာင္ၾကလုိ႔ Private Bonded Warehouse လုိ႔လည္းေခၚၾကပါတယ္။

 

၄။ Type D and E customs warehouse
တစ္သီးပုဂၢလအမ်ိဳးအစားျဖစ္ၿပီး ကိုုယ့္ပစၥည္းကိုပဲကိုယ္ထားရမွာျဖစ္ပါတယ္။

 

၅။ Free Warehouse
အမ်ားပိုင္အမ်ိဳးအစားတစ္ခုျဖစ္ၿပီး အေကာက္ခြန္ရဲ႕ထိန္းခ်ဳပ္ေအာက္မွာရိွေနမယ့္ အေဆာက္အဦးတစ္ခုျဖစ္ပါတယ္။ ဘယ္သူမဆိုကိုယ့္ရဲ႕ ကုန္ပစၥည္း ေတြကိုလာထားႏုိင္ပါတယ္။

 

၆။ Special economic zone or Free zone
အေပၚက Free Warehouse နဲ႔မတူတာကေတာ့ ယင္းကအေဆာက္အဦးတစ္ခုမွ်သာမဟုတ္ပဲ သတ္သတ္မွတ္မွတ္လုပ္ ထားတဲ့ေနရာတစ္ခုျဖစ္ေနျခင္းပါ။

 

>>> Storage Services သိုေလွာင္ေရးက႑ႏွင့္ပက္သတ္ၿပီး ၀န္ေဆာင္မႈ ၁၄ ခုကုိရွာေဖြရန္ႏိွပ္ပါ<<<

 

Daizen Myanmar

ျမန္မာျပည္ရဲ႕ပထမဆံုးေသာ bonded warehouse လုပ္ေဆာင္ခြင့္ရသည့္ကုမၸဏီကေတာ့ Daizen Myanmar ကုမၸဏီ ပဲျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္မွာ စတင္လုပ္ေဆာင္ခြင့္ရရိွခဲ့တာျဖစ္ၿပီး ကုန္ပစၥည္းေတြကိုအေကာက္ခြန္နဲ႔ ကုန္ပစၥည္းခြန္ မေဆာင္ပဲ သိမ္းဆည္းထားခြင့္ရမွာျဖစ္ပါတယ္။ ေရာင္းလုိက္တာပဲျဖစ္ျဖစ္၊ ႏုိင္ငံရပ္ျခားကိုသေဘာၤနဲ႔ပဲျဖစ္ျဖစ္တင္ပုိ႔ လုိက္ၿပီဆုိရင္ေတာ့ သတ္မွတ္ထားတဲ့အခြန္ကိုေဆာင္ရမွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ Bonded warehouse အမ်ိဳးအစား ေတြက Special economic zone or Free zone အေနနဲ႔လုပ္ကုိင္ေဆာင္ရြက္ေနတယ္ဆုိတာကို ျမင္သာေစမွာျဖစ္ၿပီး သူတုိ႔အေနနဲ႔ သီလ၀ါစက္မႈဇုန္ရဲ႕ အပိုင္း (က)မွာလုပ္ေဆာင္ေနသလုိ အခြန္ကင္းလြတ္ခြင့္ ၅ ႏွစ္ရရိွထားတယ္လုိ႔ သတင္း ေတြရဲ႕ေဖာ္ျပမႈအရလည္းသိရပါတယ္။ (source from –Daizen myanmar)

 

Bonded Warehouse ရဲ႕အက်ိဳးေက်းဇူးေတြကဘာေတြလဲ?

 

Custom clearance ျဖတ္တဲ့အပုိင္းကို ကားတင္သြင္းသူေတာ္ေတာ္မ်ားမ်ားနဲ႔ ကုန္ပစၥည္းတင္သြင္းသူေတာ္ေတာ္မ်ားမ်ားနား လည္ၾကပါတယ္။ အခ်ိန္ေပးရမယ္ ပိတ္ဆုိ႔မႈေတြျဖစ္မယ္ေပါ့။ ဒါေပမယ့္ bonded warehouse ျဖစ္လာတဲ့အခါမွာေတာ့ အခ်ိန္ကုန္သက္သာၿပီး အဆင္ေျပေခ်ာေမြ႕ေစမွာျဖစ္ပါတယ္။ မေရာင္းရခင္အထိ အေကာက္ခြန္မေဆာင္ရေသးတဲ့အတြက္ အဆင္ေျပလြယ္ကူမႈသာမက ေငြေၾကးစီးဆင္းမႈအတြက္လည္း အဆင္ေျပေစပါတယ္။ ဒါ့အျပင္ အာဆီယံအဖဲြ႕၀င္ႏုိင္ငံေတြ၊ တရုတ္နဲ႔ ေတာင္အာဖရိကႏုိင္ငံေတြၾကား ကုန္စည္ေတြေရာင္းခ်မႈအတြက္ supplier ေတြရဲ႕ အားထားရတဲ့ဗဟုိအခ်က္ အခ်ာတစ္ခုလည္း ျဖစ္လာေစႏုိင္ပါတယ္။


MACCS အသံုးျပဳဖုိ႔အတြက္ Bonded Warehouse Code ဘယ္လုိေလွ်ာက္မလဲ

 

Myanmar Automated Cargo Clearance System (MACCS) အသံုးျပဳရန္အတြက္ Bonded Warehouse Code ေလွ်ာက္ထားရာတြင္လုိအပ္ေသာ စာရြက္စာတမ္းေတြကို ၂၀၁၈ခုႏွစ္ေဖေဖၚ၀ါရီလက ေဖာ္ျပထားခဲ့မႈအရ  

C.M.P Company အတြက္


၁။ ညႊန္ၾကားေရးမွဴး (MACCS) ထံလိပ္မူ၍ company letterhead ျဖင့္ company မွတာ၀န္ရိွသူလက္မွတ္ေရးထုိးထားေသာ ေလွ်ာက္လႊာ၊ ေလွ်ာက္လႊာေပၚတြင္ ထုတ္ကုန္သြင္းကုန္ႀကီးၾကပ္ေရးဌာနခဲြ C.M.P Section မွ C.M.P Company ျဖစ္ေၾကာင္းေထာက္ခံခ်က္လက္မွတ္ပါရိွရမည္။
၂။ Importer/Exporter Code မိတၱဴ
၃။ သြင္းကုန္လုိင္စင္မိတၱဴ
၄။ ကုမၸဏီ၏ FORM VI မိတၱဴ
၅။ ကုမၸဏီ၏ FORM XXVI မိတၱဴပါရိွရမည္။

 

>>> Racking Storage Systems ႏွင့္ပက္သတ္ၿပီးကုမၸဏီေပါင္း ၂၉ ခုကိုရွာေဖြရန္ႏိွပ္ပါ <<<

 

SEZ TLA Company အတြက္


၁။ ညႊန္ၾကားေရးမွဴး (MACCS) ထံလိပ္မူ၍ company letterhead ျဖင့္ company မွတာ၀န္ရိွသူလက္မွတ္ေရးထုိးထားေသာ ေလွ်ာက္လႊာ၊
၂။ Importer/Exporter Code မိတၱဴ
၃။ ကုမၸဏီ၏ FORM I မိတၱဴ
၄။ ကုမၸဏီ၏ FORM CR-6 & 7 မိတၱဴ
၅။ Letter of Approval for Investor (Form-2) မိတၱဴပါရိွရမည္။ (Source from Maccs/Mcis-cargo) လုိအပ္မွာျဖစ္ပါတယ္။

 

ျမန္မာႏုိင္ငံရဲ႕အေကာက္ခြန္ဌာနရဲ႕စည္းမ်ဥ္းေတြအရ bonded warehouse ေတြကို CCTV ကင္မရာေတြနဲ႔ ၂၄နာရီ ပတ္လံုး ေစာင့္ၾကည့္ေနဖုိ႔လုိပ္အပ္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ MACCS အသံုးျပဳျခင္းအားျဖင့္ အေကာက္ခြန္အေနနဲ႔ bonded warehouse ေတြရဲ႕ကုန္ပစၥည္းအ၀င္အထြက္မွန္သမွ် ကုိေစာင့္ၾကည့္ေနႏုိင္မွာလည္းျဖစ္ပါတယ္။

 

ျပည္ေထာင္စုလႊတ္ေတာ္၏ Bonded Warehouse အတြက္ထုတ္ျပန္ခ်က္

 

Bonded Warehouse နဲ႔ပက္သတ္လုိ႔ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ ၆ ရက္ေန႔မွာ ျပည္ေထာင္စုလႊတ္ေတာ္အေနနဲ႔ ပင္လယ္ေရ ေၾကာင္း၊အေကာက္ခြန္အက္ဥပေဒဟုအစားထုိးျပင္ဆင္ခဲ့ၿပီး Public Warehouse ဟုေခၚဆိုျခင္းအစား Public Custom Warehouse ဟုျပင္ဆင္ေခၚဆုိေစခဲ့သလို Private Warehouse ေနရာတြင္လည္း Private Custom Warehouse ဟု ေျပာင္းလဲေခၚဆုိေစခဲ့ပါတယ္။ ဒါ့အျပင္ Manufacturing Customs Warehouse က႑သစ္ကိုလည္း ထပ္တုိးေပးခဲ့ပါတယ္။ Manufacturing Customs Warehouse အတြက္လုိင္စင္ကိုေတာ့ အေကာက္ခြန္ရဲ႕ Director-General ကေန ခြင့္ျပဳေပး သြားမွာျဖစ္ပါတယ္။


Bonded Warehouse အမ်ိဳးအစားခြင့္ျပဳခ်က္

 

Bonded Warehouse ကို SEZ TLA ေတြအတြက္ ၂၀၁၇ခုႏွစ္ကတည္းက စတင္ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ၂၀၁၈ႏွစ္ကုန္ ပုိင္းမွာေတာ့ SEZ TLA အျပင္အျခားေသာ ေနရာေတြအတြက္ ခြင့္ျပဳေပးဖုိ႔အေကာက္ခြန္အေနနဲ႔ စီမံေဆာင္ရြက္ေနတယ္ ဆုိၿပီးသတင္းေတြထြက္လာခဲ့ပါတယ္။ Myanmar Investment Commission ရဲ႕ Invest Plan ထုတ္ၿပီးကတည္းက အျပင္ မွာစတင္လုပ္ေဆာင္မႈေတြရိွေနခဲ့တာျဖစ္တဲ့အျပင္ TLA အျပင္ဘက္အတြက္ Bonded Warehouse လုပ္ေဆာင္မႈ ခြင့္ျပဳခ်က္ကို သက္ဆုိင္ရာအေနနဲ႔ ၾသဂုတ္လတတိယပတ္ေလာက္က စမ္းသပ္ခြင့္ျပဳေပးခဲ့ဖြယ္ရိွတယ္လုိ႔ Logistics နဲ႔နီးစပ္တဲ့အသုိင္းအ၀ုိင္းကလာတဲ့သတင္းေတြအရ သိရပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ကေတာ့ လုပ္ပိုင္ခြင့္ေပးထားေပမယ့္ အၿပီးသတ္လုပ္ေဆာင္ခ်က္နဲ႔ပက္သတ္ၿပီးဆက္လက္ေဆြးေႏြးဆဲမုိ႔ အခ်ိန္အနည္းငယ္ယူရဦးမယ္လုိ႔ ထင္ေၾကးေပးေနၾက သလုိလက္ရိွမွာလည္း dry port နဲ႔ပက္သတ္လုိ႔ စမ္းသပ္လုပ္ေဆာင္ေနတဲ့ ကုမၸဏီအခ်ိဳ႕ရိွတယ္လုိ႔လည္းဆုိၾကပါတယ္။

 

Myanmar Logistics Guide

 

 

Read times
Rate this item
(3 votes)