Knowledge

မြန်မာ-ထိုင်း ဖက်စပ်ပူးပေါင်း၍ CB Life Insurance ကို ထူထောင်

မြန်မာ-ထိုင်း ဖက်စပ်ပူးပေါင်း၍ CB Life Insurance ကို ထူထောင် google

နိုင်ငံသားစီးပွားရေးအာမခံ (CB Insurance) နှင့် Thai Life အာမခံတို့ အကျိုးတူပူးပေါင်း၍ CB Life Insurance ကုမ္ပဏီကို တည်ထောင်လိုက်ကြောင်း နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

 

မြန်မာနိုင်ငံက နိုင်ငံသားစီးပွားရေးအာမခံနှင့် ထိုင်းနိုင်ငံက Thai Life အာမခံတို့ အကျိုးတူပူးပေါင်းရန် ပြီးခဲ့သည့်သြဂုတ်တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ယခုအခါတွင် နှစ်ဖက်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းထားသော CB Life Insurance ကုမ္ပဏီဖြင့် အာမခံဝန်ဆောင်မှုများကို ပေးမည်ဖြစ်သည်။

 

''အခုလို ပေါင်းစည်းမှုက အာမခံနည်းပညာအသစ်တွေ၊ ပညာရှင်တွေကို ခေါ်ဆောင်လာမှာဖြစ်လို့ CB Life ကို အရင်ကထက် ပိုမိုအင်အားတောင့်တင်းစေမှာဖြစ်ပါတယ်''ဟု CB Life Insurance ဥက္ကဌ ဦးခင်မောင်အေးက ပြောသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်တွင်းအာမခံကုမ္ပဏီများကို နိုင်ငံခြားအာမခံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းရန် ခွင့်ပြုထားပြီး ယခုအခါတွင် ပြည်တွင်း အထွေထွေအာမခံကုမ္ပဏီသုံးခုနှင့် အသက်အာမခံ ကုမ္ပဏီသုံးခုတို့ကို နိုင်ငံခြားအာမခံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းရန် ဝန်ကြီးဌာနက ခွင့်ပြုထားသည်။

 

''အကျိုးတူပူးပေါင်းမှုကြောင့် နည်းပညာတွေ၊ အာမခံအမျိုးအစားအသစ်တွေ၊ အာမခံရောင်းချမယ့်လမ်းကြောင်းတွေကို တိုးချဲ့ပြီး လုပ်ကိုင်ဆောင်ရွက်မှာဖြစ်တာကြောင့် ကုမ္ပဏီအတွက်ရော၊ တိုင်းပြည်အတွက်ရော၊ သုံးစွဲသူတွေအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်''ဟု CB Life Insurance က အုပ်ချုပ်မှုဒါရိုက်တာဦးသောင်းဟန်က ပြောသည်။

 

ကုမ္ပဏီနှစ်ခု၏ အကျိုးတူပူးပေါင်းမှု သဘောတူညီချက်အရ နိုင်ငံသားစီးပွားရေးအာမခံသည် CB Life Insurance ၏ ရှယ်ယာ ၆၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး Thai Life အာမခံသည် ကုမ္ပဏီ၏ ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်သည်။

 

လက်ရှိတွင် ပြည်တွင်း အာမခံဈေးကွက်ဖွံ့ဖြိုးရန် ပြည်တွင်းပုဂ္ဂလိကအာမခံလုပ်ငန်းများအပြင် ပြည်ပ အသက်အာမခံကုမ္ပဏီများနှင့် ပြည်တွင်းပြည်ပ ဖက်စပ်အာမခံကုမ္ပဏီများကို ခွင့်ပြုခဲ့ပြီးဖြစ်သည်။

 

Source : Myanmar Time

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)