Knowledge

အလုပ်သမားတွေကို ရှယ်ရာဝယ်ယူဖို့ကမ်းလှမ်းနေတဲ့ ဘိုးရင်းကုမ္ပဏီ

အလုပ်သမားတွေကို ရှယ်ရာဝယ်ယူဖို့ကမ်းလှမ်းနေတဲ့ ဘိုးရင်းကုမ္ပဏီ


လေယာဉ်ပျံထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သော ဘိုးရင်းအနေဖြင့် သူတို့၏အလုပ်သမားများအား ရှယ်ရာများ ဝယ်ယူရန်ကမ်းလှမ်းခြင်း အစီအစဉ်တစ်ခုကို စတင်နေပြီဖြစ်ကြောင်းသတင်းများဖော်ပြခဲ့သည်။


“ ဘိုးရင်းအနေနဲ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် တော်တော်လေးအထိနာခဲ့ရပါတယ်။ ဒါကိုလမ်းကြောင်း မှန်ရောက်အောင် လျှောက်လှမ်းဖို့အတွက် နှစ်အနည်းငယ်လိုအပ်ပါတယ်။

 

ဒါကြောင့်လည်း စေတနာဝန်ထမ်းဆန်ဆန်လုပ်ဆောင်မှုတစ်ခုကို ဘိုးရင်းဘက်ကနေအလုပ်သမားတွေအတွက် ကမ်းလှမ် းခဲ့ရတာဖြစ်ပါတယ်။ စေတနာဝန်ထမ်းဆိုပေမယ့် ခံစားခွင့်တွေကတော့ စိတ်လှုပ်ရှားစရာပါ။

 

ဒီလိုလုပ် ဆောင်ခြင်းကနေ အလုပ်သမားလိုအပ်မှုကို လျှော့ချနိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဘိုးရင်းရဲ့ စီအီးအိုဖြစ် သူ Dave Calhoun ကပြောဆိုခဲ့ပါတယ်။

 

ဘိုးရင်းကုမ္ပဏီသည် ယခုနှစ်အစတွင်အလုပ်သမားပေါင်း ၁၆၁,၀၀၀ ရှိပြီးယင်းတို့ထဲမှ ၃ ပုံ ၁ပုံခန့်သည် အလုပ်သမားသမ္မဂအဖွဲ့ဝင်များဖြစ်ကြသည်။


နာမည်ကြီးလေယာဉ်ပျံထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော ဘိုးရင်းသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ လေကြောင်းအများစု ရပ်နားထားခြင်းကြောင့် လေယာဉ်ထုတ်လုပ်ရောင်းချရမှုလျော့ကျခဲ့ပြီး အထိနာလျှက်ရှိသည်။

 

အကယ်၍ ဗိုင်းရပ်စ်ရောဂါ ပျောက်ကင်းသွားပြီးစီးပွားရေးပြန်လည်စတင်လျှင်ပင် နလံထခါစဖြစ်သောကြောင့် အရင်လိုမျိုး စီးပွားရေးပြန်လည်ကောင်းမွန်ရန် အချိန်ယူရဦးမည်ဖြစ်သည်။

 

ထို့အပြင် လက်ရှိရောဂါကြောင့် နောက်ထပ်မှာ ယူမည့် လေယာဉ်များတွင်လည်း ဝယ်ယူသူများ၏လိုအပ်ချက်မှာ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်မည်ဖြစ် သည်။

 

ထို့ကြောင့် ဘိုးရင်းအနေဖြင့် နှစ်အချို့အချိန်ယူရမည့် စေတနာဝန်ထမ်းဆန်ဆန်ရှယ်ရာ ဝယ်ယူခြင်း ကမ်းလှမ်းမှုအစီအစဉ်အား စတင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများကဖော်ပြခဲ့သည်။


ယခုဗိုင်းရပ်စ်ကိစ္စမတိုင်ခင်ကလည်း ရောင်းအားအကောင်းဆုံးဖြစ်သည့် 737 Max ၏ချို့ယွင်းမှုကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး စီးပွားရေးထိခိုက်ခဲ့ရသလို ထုတ်လုပ်မှုကိုလည်းယခုနှစ် နှစ်ဝက်လောက်အထိ ပိတ်ပင် ခြင်းခံထားခဲ့ရသည်။

 

89597769_1658912260917480_4377376590149976064_n_1.png

Zawgyi


အလုပ္သမားေတြကို ရွယ္ရာ၀ယ္ယူဖို႔ကမ္းလွမ္းေနတဲ့ ဘိုးရင္းကုမၸဏီ


ေလယာဥ္ပ်ံထုတ္လုပ္ေရးကုမၸဏီႀကီးျဖစ္ေသာ ဘိုုးရင္းအေနျဖင့္ သူတို႔၏အလုပ္သမားမ်ားအား ရွယ္ရာမ်ား ၀ယ္ယူရန္ကမ္းလွမ္းျခင္း အစီအစဥ္တစ္ခုကို စတင္ေနၿပီျဖစ္ေၾကာင္းသတင္းမ်ားေဖာ္ျပခဲ့သည္။


“ ဘိုးရင္းအေနနဲ႔က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေတာ္ေတာ္ေလးအထိနာခဲ့ရပါတယ္။ ဒါကိုလမ္းေၾကာင္း မွန္ေရာက္ေအာင္ ေလွ်ာက္လွမ္းဖို႔အတြက္ ႏွစ္အနည္းငယ္လိုအပ္ပါတယ္။

 

ဒါေၾကာင့္လည္း ေစတနာ၀န္ထမ္းဆန္ဆန္လုပ္ေဆာင္မႈတစ္ခုကို ဘိုးရင္းဘက္ကေနအလုပ္သမားေတြအတြက္ ကမ္းလွမ္ းခဲ့ရတာျဖစ္ပါတယ္။ ေစတနာ၀န္ထမ္းဆိုေပမယ့္ ခံစားခြင့္ေတြကေတာ့ စိတ္လႈပ္ရွားစရာပါ။

 

ဒီလိုလုပ္ ေဆာင္ျခင္းကေန အလုပ္သမားလိုအပ္မႈကို ေလွ်ာ့ခ်ႏိုင္မယ္လို႔ ယံုၾကည္ပါတယ္။” လို႔ ဘိုးရင္းရဲ႕ စီအီးအိုျဖစ္ သူ Dave Calhoun ကေျပာဆိုခဲ့ပါတယ္။

 

ဘိုးရင္းကုမၸဏီသည္ ယခုႏွစ္အစတြင္အလုပ္သမားေပါင္း ၁၆၁,၀၀၀ ရွိၿပီးယင္းတို႔ထဲမွ ၃ ပံု ၁ပံုခန္႔သည္ အလုပ္သမားသမၼဂအဖဲြ႕၀င္မ်ားျဖစ္ၾကသည္။ 

 

နာမည္ႀကီးေလယာဥ္ပ်ံထုတ္လုပ္ေရး ကုမၸဏီျဖစ္ေသာ ဘိုးရင္းသည္ ကမ႓ာတစ္၀ွမ္းလံုးရွိ ေလေၾကာင္းအမ်ားစု ရပ္နားထားျခင္းေၾကာင့္ ေလယာဥ္ထုတ္လုပ္ေရာင္းခ်ရမႈေလ်ာ့က်ခဲ့ၿပီး အထိနာလွ်က္ရွိသည္။

 

အကယ္၍ ဗိုင္းရပ္စ္ေရာဂါ ေပ်ာက္ကင္းသြားၿပီးစီးပြားေရးျပန္လည္စတင္လွ်င္ပင္ နလံထခါစျဖစ္ေသာေၾကာင့္ အရင္လိုမ်ိဳး စီးပြားေရးျပန္လည္ေကာင္းမြန္ရန္ အခ်ိန္ယူရဦးမည္ျဖစ္သည္။

 

ထို႔အျပင္ လက္ရွိေရာဂါေၾကာင့္ ေနာက္ထပ္မွာ ယူမည့္ ေလယာဥ္မ်ားတြင္လည္း ၀ယ္ယူသူမ်ား၏လိုအပ္ခ်က္မွာ ေျပာင္းလဲေကာင္းေျပာင္းလဲသြားႏိုင္မည္ျဖစ္ သည္။

 

ထို႔ေၾကာင့္ ဘိုးရင္းအေနျဖင့္ ႏွစ္အခ်ိဳ႕အခ်ိန္ယူရမည့္ ေစတနာ၀န္ထမ္းဆန္ဆန္ရွယ္ရာ ၀ယ္ယူျခင္း ကမ္းလွမ္းမႈအစီအစဥ္အား စတင္ခဲ့ျခင္းျဖစ္သည္ဟု သတင္းမ်ားကေဖာ္ျပခဲ့သည္။


ယခုဗိုင္းရပ္စ္ကိစၥမတိုင္ခင္ကလည္း ေရာင္းအားအေကာင္းဆံုးျဖစ္သည့္ 737 Max ၏ခ်ိဳ႕ယြင္းမႈေၾကာင့္ လူေသဆံုးမႈမ်ားရွိခဲ့ၿပီး စီးပြားေရးထိခိုက္ခဲ့ရသလို

 

ထုတ္လုပ္မႈကိုလည္းယခုႏွစ္ ႏွစ္၀က္ေလာက္အထိ ပိတ္ပင္ ျခင္းခံထားခဲ့ရသည္။

 

Car & Truck Rentals ကားနှင့်ကုန်တင်ကားအငှားဝန်ဆောင်မှု ၉၅၉ခုကိုရှာဖွေရန်နှိပ်ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)