Knowledge

မောင်းသူမဲ့သင်္ဘောလုပ်ငန်းကို တရုတ်တို့ဦးဆောင်လာနိုင်

မောင်းသူမဲ့သင်္ဘောလုပ်ငန်းကို တရုတ်တို့ဦးဆောင်လာနိုင် Google

မောင်းသူမဲ့သင်္ဘောလုပ်ငန်းကို တရုတ်တို့ဦးဆောင်လာနိုင်

ယူကေအခြေစိုက် Thetius ကတရုတ်တို့အနေဖြင့် လာမည့် ၂၀၂၅ခုနှစ်တွင် မောင်းသူမဲ့သင်္ဘောလုပ်ငန်းတွင် ဦးဆောင်သူဖြစ်လာနိုင်ကြောင်း ခန့်မှန်းသုံးသပ်ပြောဆိုခဲ့ပါတယ်။ Thetius သည် နည်းပညာရှာဖွေသုတေသနနှင့် စမ်းစစ်လေ့လာမှုအဖွဲ့

အစည်းတစ်ခုလည်းဖြစ်ပါတယ်။

 

Thetius ၏ဖော်ပြမှုတွင် မောင်းသူမဲ့သင်္ဘောလုပ်ငန်းနှင့်ပတ်သက်ပြီး မူပိုင်ခွင့်တင်ထားမှုပေါင်း ၃,၀၀၀ နီးပါးရှိကြောင်း ယင်းတို့၏ ၉၆ ရာခိုင်နှုန်းမှာ တရုတ်တို့ဖြစ်ကြောင်း ပါဝင်ခဲ့ပါတယ်။ ထို့အပြင် ယင်းသို့မူပိုင်ခွင့် တင်မှုများသည် လွန်ခဲ့သော

၅ နှစ်မှစတင်ခဲ့ပြီး အများစုမှာတရုတ်တက္ကသိုလ်များနှင့် ကိုယ်ပိုင်ကုမ္ပဏီများဖြစ် ကြောင်းတို့လည်း ပါဝင်ခဲ့ပါတယ်။ တရုတ်တို့သည်လက်ရှိတွင် ဂွမ်ဒေါင်းရှိအကျယ်အဝန်းအားဖြင့် 300 square mile ရှိသော ရေကြောင်းစမ်းသပ်ခန်းတစ်ခုတွင်

မောင်းသူမဲ့သင်္ဘောနှင့်ပက်သတ်ပြီး စမ်းသပ်လုပ်ဆောင်မှုများပြုလုပ်နေ ပါတယ်။ အဆိုပါ စမ်းသပ်ခမ်းကလည်း တရုတ်အစိုးရရဲ့ထောက်ပံ့မှုကနေ ပေါ်ထွက်လာခဲ့တာလည်းဖြစ်ပါတယ်။

 

Thetius ၏အစီရင်ခံစာတွင် မောင်းသူမဲ့သင်္ဘောဈေးကွက်ဖြစ်သော Maritime Autonomous Surface Shipping (MASS) ဈေးကွက်တန်ဖိုးမှာ ကန်ဒေါ်လာ ၁.၁ဘီလီယံတန်ကြေးရှိပြီး ၂၀၂၅ခုနှစ်တွင် ၇ရာခိုင်နှုန်းလောက်အထိ တိုးမြင့်ကာ ဒေါ်လာ

၁.၅ ဘီလီယံတန်ကြေးအထိဖြစ်လာဖွယ်ရှိသည်ဟု ပါဝင်ခဲ့ပါတယ်။

၂၀၁၉ခုနှစ်ဒီဇင်ဘာလတွင် တရုတ်တို့သည်မြပြင်ပေါ်တွင်စမ်းသပ်မှု၏ ကမ္ဘာ့အကြီးဆုံးသောမောင်းသူမဲ့သင်္ဘော ဖြစ်သည့် Jin Dou 0 Hao ကုန်တင်သင်္ဘောကိုစမ်းသပ်နိုင်ခဲ့ပါတယ်။

 

89597769_1658912260917480_4377376590149976064_n_1.png

Zawgyi


ေမာင္းသူမဲ့သေဘၤာလုပ္ငန္းကို တ႐ုတ္တို႔ဦးေဆာင္လာႏိုင္


ယူေကအေျခစိုက္ Thetius ကတ႐ုတ္တို႔အေနျဖင့္ လာမည့္ ၂၀၂၅ခုႏွစ္တြင္ ေမာင္းသူမဲ့သေဘၤာလုပ္ငန္းတြင္ ဦးေဆာင္သူျဖစ္လာႏိုင္ေၾကာင္း ခန္႔မွန္းသံုးသပ္ေျပာဆိုခဲ့ပါတယ္။ Thetius သည္ နည္းပညာရွာေဖြ

သုေတသနႏွင့္ စမ္းစစ္ေလ့လာမႈအဖဲြ႕အစည္းတစ္ခုလည္းျဖစ္ပါတယ္။

Thetius ၏ေဖာ္ျပမႈတြင္ ေမာင္းသူမဲ့သေဘၤာလုပ္ငန္းႏွင့္ပတ္သက္ၿပီး မူပိုင္ခြင့္တင္ထားမႈေပါင္း ၃,၀၀၀ နီးပါးရွိေၾကာင္း ယင္းတို႔၏ ၉၆ ရာခိုင္ႏႈန္းမွာ တ႐ုတ္တို႔ျဖစ္ေၾကာင္း ပါ၀င္ခဲ့ပါတယ္။ ထို႔အျပင္ ယင္း

သို႔မူပိုင္ခြင့္ တင္မႈမ်ားသည္ လြန္ခဲ့ေသာ ၅ ႏွစ္မွစတင္ခဲ့ၿပီး အမ်ားစုမွာတ႐ုတ္တကၠသိုလ္မ်ားႏွင့္ ကိုယ္ပိုင္ကုမၸဏီမ်ားျဖစ္ ေၾကာင္းတို႔လည္း ပါ၀င္ခဲ့ပါတယ္။ တ႐ုတ္တို႔သည္လက္ရွိတြင္ ဂြမ္ေဒါင္းရွိအက်ယ္အ၀န္း

အားျဖင့္ 300 square mile ရွိေသာ ေရေၾကာင္းစမ္းသပ္ခန္းတစ္ခုတြင္ ေမာင္းသူမဲ့သေဘၤာႏွင့္ပက္သတ္ၿပီး စမ္းသပ္လုပ္ေဆာင္မႈမ်ားျပဳလုပ္ေန ပါတယ္။ အဆိုပါ စမ္းသပ္ခမ္းကလည္း တ႐ုတ္အစိုးရရဲ႕ေထာက္ပံ့မႈ

ကေန ေပၚထြက္လာခဲ့တာလည္းျဖစ္ပါတယ္။

 

Thetius ၏အစီရင္ခံစာတြင္ ေမာင္းသူမဲ့သေဘၤာေစ်းကြက္ျဖစ္ေသာ Maritime Autonomous Surface Shipping (MASS) ေစ်းကြက္တန္ဖိုးမွာ ကန္ေဒၚလာ ၁.၁ဘီလီယံတန္ေၾကးရွိၿပီး ၂၀၂၅ခုႏွစ္တြင္ ၇ရာခိုင္ႏႈန္းေလာက္

အထိ တိုးျမင့္ကာ ေဒၚလာ ၁.၅ ဘီလီယံတန္ေၾကးအထိျဖစ္လာဖြယ္ရွိသည္ဟု ပါ၀င္ခဲ့ပါတယ္။

 

၂၀၁၉ခုႏွစ္ဒီဇင္ဘာလတြင္ တ႐ုတ္တို႔သည္ျမျပင္ေပၚတြင္စမ္းသပ္မႈ၏ ကမာၻ႔အႀကီးဆံုးေသာေမာင္းသူမဲ့သေဘၤာ ျဖစ္သည့္ Jin Dou 0 Hao ကုန္တင္သေဘၤာကိုစမ္းသပ္ႏိုင္ခဲ့ပါတယ္။

Read times
Rate this item
(0 votes)