ကုန်တင်သင်္ဘောပေါ်တွင် မြန်မာလူမျိုးကပ္ပတိန်အသတ်ခံရ
ကုန်တင်သင်္ဘောကြီးအမျိုးအစားတစ်ခုဖြစ်သော Spirit Of Hamburg သည် ကိုလံဘီယာကာတာဂီးနားတွင် ကျောက်ချရပ်သားစဉ် ကပ္ပတိန်နှင့်သင်္ဘောသားများ အချင်းများပြီးကပ္ပတိန်အသတ်ခံရကြောင်း
ကိုလံဘီယာ အခြေစိုက်အသံလွှင့်ဌာန၏ ဖော်ပြချက်အရသိရသည်။
အဆိုပါဖြစ်ရပ်သည် ဧပြီလ ၁၆ ရက် သို့မဟုတ် ၁၆ ရက်ညမှ ၁၇ ရက်ကြားတွင်ဖြစ်ပွားခဲ့သည်ဟု ဒေသခံရဲများက ယူဆခဲ့ကြီးပြီး ဖိလစ်ပိုင်သင်္ဘောသား ၁၂ ယောက်နှင့် အသက် ၅၁ နှစ်အရွယ်မြန်မာလူမျိုး သင်္ဘောကပ္ပတိန်တို့၏
အချင်းများမှုသည် ကပ္ပတိန်သေဆုံးမှုနှင့်အဆုံးသတ်ခဲ့ကြောင်း ဒေသခံရဲများကဖော်ပြခဲ့သည်။
သို့သော် မည်သို့မည်ပုံဖြစ်ပွားရခြင်းကို လက်ရှိအချိန်ထိစစ်ဆေးလို့မရသေးပဲ ယင်းမှာလည်းဘာသာစကားအခက် အခဲကြောင့်ဖြစ်ကြောင်းဖော်ပြခဲ့ကြသည်။ ရဲများအနေဖြင့် ကိုရိုဗိုင်းရပ်စ်နှင့်ပတ်သက်သော ကိစ္စလား၊
crew change နှောင့်နှေးတာကြောင့်လားနှင့် မကျေနပ်ချက်များစုပြီးဖြစ်ပွားရသည်လားဆိုသည်ကို အဓိကထားမေးမြန်းခဲ့ကြခြင်း လည်းဖြစ်သည်။
Zawgyi
ကုန္တင္သေဘၤာေပၚတြင္ ျမန္မာလူမ်ိဳးကပၸတိန္အသတ္ခံရ
ကုန္တင္သေဘၤာႀကီးအမ်ိဳးအစားတစ္ခုျဖစ္ေသာ Spirit Of Hamburg သည္ ကိုလံဘီယာကာတာဂီးနားတြင္ ေက်ာက္ခ်ရပ္သားစဥ္ ကပၸတိန္ႏွင့္သေဘၤာသားမ်ား အခ်င္းမ်ားၿပီးကပၸတိန္အသတ္ခံရေၾကာင္း
ကိုလံဘီယာ အေျခစိုက္အသံလႊင့္ဌာန၏ ေဖာ္ျပခ်က္အရသိရသည္။
အဆိုပါျဖစ္ရပ္သည္ ဧၿပီလ ၁၆ ရက္ သို႔မဟုတ္ ၁၆ ရက္ညမွ ၁၇ ရက္ၾကားတြင္ျဖစ္ပြားခဲ့သည္ဟု ေဒသခံရဲမ်ားက ယူဆခဲဲ့ႀကီးၿပီး ဖိလစ္ပိုင္သေဘၤာသား ၁၂ ေယာက္ႏွင့္ အသက္ ၅၁ ႏွစ္အရြယ္ျမန္မာလူမ်ိဳး
သေဘၤာကပၸတိန္တို႔၏ အခ်င္းမ်ားမႈသည္ ကပၸတိန္ေသဆံုးမႈႏွင့္အဆံုးသတ္ခဲ့ေၾကာင္း ေဒသခံရဲမ်ားကေဖာ္ျပခဲ့သည္။
သို႔ေသာ္ မည္သို႔မည္ပံုျဖစ္ပြားရျခင္းကို လက္ရွိအခ်ိန္ထိစစ္ေဆးလို႔မရေသးပဲ ယင္းမွာလည္းဘာသာစကားအခက္ အခဲေၾကာင့္ျဖစ္ေၾကာင္းေဖာ္ျပခဲ့ၾကသည္။ ရဲမ်ားအေနျဖင့္
ကို႐ိုဗိုင္းရပ္စ္ႏွင့္ပတ္သက္ေသာ ကိစၥလား၊ crew change ေႏွာင့္ေႏွးတာေၾကာင့္လားႏွင့္ မေက်နပ္ခ်က္မ်ားစုၿပီးျဖစ္ပြားရသည္လားဆိုသည္ကို အဓိကထားေမးျမန္းခဲ့ၾကျခင္း လည္းျဖစ္သည္။