Knowledge

Golden Myanmar Airlines ခရီးစဉ်များ မေလ ၁၆ ရက်နေ့မှပြန်လည်စတင်မည်

Golden Myanmar Airlines ခရီးစဉ်များ မေလ ၁၆ ရက်နေ့မှပြန်လည်စတင်မည် Google

Golden Myanmar Airlines ခရီးစဉ်များ မေလ ၁၆ ရက်နေ့မှပြန်လည်စတင်မည်

အသက်ရှုလမ်းကြောင်းဆိုင်ရာ ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 ( COVID -19 ) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရ အဖွဲ့များမှ အသွားအလာ ကန့်သတ်ထားသော ကာလကို ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၅) ရက်နေ့ထိ ထပ်မံတိုးမြှင့်လိုက်သည့် အတွက်ကြောင့် Golden Myanmar Airlines အနေဖြင့်လည်း ပျံသန်းပြေးဆွဲနေသော လေယာဉ် ခရီးစဉ်များအားလုံးကို၂၀၂၀ ပြည့်နှစ်၊ မေလ (၁၅) ရက်နေ့ထိ ထပ်မံ တိုးမြှင့်၍ ခေတ္တ ရပ်ဆိုင်းထားပြီး အသွားအလာကန့်သတ်မှု့ လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။

မေလ ( ၁၆ ) ရက်နေ့တွင် ပုံမှန်ခရီးစဉ်များကိုပြန်လည်၍ပျံသန်းပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ခရီးသွား မိဘပြည်သူများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းကြပါစေကြောင်း Golden Myanmar Airlines မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Zawgyi






Read times
Rate this item
(0 votes)