သင်္ဘောသားတွေ လစာလျှော့ချခံရမှာလား …
သင်္ဘောသားတွေကို လစာနဲ့လုပ်ငန်းခွင်လည်ပတ်လုပ်ဆောင်မှု စံသတ်မှတ်ချက် မလျှေ့ချဖု့ိ ITF တိုက်တွန်း
ကိုရိုနာဗိုင်းရပ်စ်ဆိုတာ သင်္ဘောသားတွေအတွက် လစာလျှော့ချဖို့အတွက် ဆင်ခြေတစ်ခုမဟုတ်ဘူးလို့ International Transport Worker’s Federation (ITF) ကဆိုခဲ့ပါတယ်။ သင်္ဘောသားတွေဆိုတာက လက်ရှိ အနေအထားမှာ
ထောက်ပံ့သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အဓိကကျသူတွေဖြစ်ပြီး နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်မှု အတွက်တာဝန်ယူလုပ်ဆောင်ပေးနေသူများဖြစ်ကြောင်း International Transport Worker’s Federation (ITF) က
ပြောဆိုခဲ့ပါတယ်။
လက်ရှိကိုရိုနာဗိုင်းရပ်စ်ကာလတွင် ကမ္ဘာအနှံ့ရှိကုန်စည်စီးဆင်းမှုအတွက် သင်္ဘောသားများက ၉၀ ရာခိုင်နှုန်းလောက် နီးပါးတာဝန်ယူလုပ်ဆောင်နေရပြီး အရင်းအနှီး(risk) ကကြီးမားလှပါတယ်။ ဒါပေမယ့် အချို့သောကုမ္ပဏီတွေကတော့
ဝန်ထမ်း အင်အားလျှော့ချလုပ်ဆောင်စေခြင်းနဲ့ နိုင်ငံအလိုက်သဘောတူထားတဲ့ စံချိန်စံညွှန်းသတ်မှတ်ချက်များကို ဖြေလျှော့ဖို့ကြိုးစားနေကြပါတယ်။
ဗြိတိန်ရဲ့ Condor Ferries ၊ Stena Line နဲ့ P&O Ferries တို့အပါအဝင် များစွားသောကုမ္ပဏီတွေအနေနဲ့ သင်္ဘောသား တွေကို အနားပေးခြင်း၊ လစာမဲ့ခွင့်ပေးခြင်းနဲ့ ခွင့်ရက်ရှည်ယူခိုင်းခြင်းတို့ကို လုပ်ဆောင်နေပါတယ်။
ကနေဒါရဲ့ BC Ferries ကတော့ အနားပေးခြင်း၊ ဝန်ထမ်းအင်အားလျှော့ချလည်ပတ်လုပ်ဆောင်ခြင်းစတာတွကို လုပ်ဆောင်လျှက်ရှိပါတယ်။ ဒါကို International Transport Worker’s Federation (ITF) ကဖိအားပေးလို့ ပြင်ဆင် တာမျိုးလုပ်ခဲ့
ပေမယ့် နောက်ပိုင်းမှာတော့ ယခင်ပုံစံအတိုင်းအနားပေးခြင်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်လို့ International Transport Worker’s Federation (ITF) ကဆိုခဲ့ပါတယ်။
Zawgyi
သေဘၤာသားေတြ လစာေလွ်ာ့ခ်ခံရမွာလား …
သေဘၤာသားေတြကို လစာနဲ႔လုပ္ငန္းခြင္လည္ပတ္လုပ္ေဆာင္မႈ စံသတ္မွတ္ခ်က္ မေလွ်႕ခ်ဖု႔ိ ITF တိုက္တြန္း
ကို႐ိုနာဗိုင္းရပ္စ္ဆိုတာ သေဘၤာသားေတြအတြက္ လစာေလွ်ာ့ခ်ဖို႔အတြက္ ဆင္ေျခတစ္ခုမဟုတ္ဘူးလို႔ International Transport Worker’s Federation (ITF) ကဆိုခဲ့ပါတယ္။ သေဘၤာသားေတြဆိုတာက လက္ရွိ အေနအထားမွာ ေထာက္ပံ့သယ္ယူပို႔ေဆာင္ေရးက႑အတြက္ အဓိကက်သူေတြျဖစ္ၿပီး ႏိုင္ငံတစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံသို႔ ကုန္စည္ပို႔ေဆာင္မႈ အတြက္တာ၀န္ယူလုပ္ေဆာင္ေပးေနသူမ်ားျဖစ္ေၾကာင္း International Transport Worker’s Federation (ITF) က ေျပာဆိုခဲ့ပါတယ္။
လက္ရွိကို႐ိုနာဗိုင္းရပ္စ္ကာလတြင္ ကမာၻအႏွံ႔ရွိကုန္စည္စီးဆင္းမႈအတြက္ သေဘၤာသားမ်ားက ၉၀ ရာခိုင္ႏႈန္းေလာက္ နီးပါးတာ၀န္ယူလုပ္ေဆာင္ေနရၿပီး အရင္းအႏွီး(risk) ကႀကီးမားလွပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ေသာကုမၸဏီေတြကေတာ့ ၀န္ထမ္း အင္အားေလွ်ာ့ခ်လုပ္ေဆာင္ေစျခင္းနဲ႔ ႏိုင္ငံအလိုက္သေဘာတူထားတဲ့ စံခ်ိန္စံၫႊန္းသတ္မွတ္ခ်က္မ်ားကို ေျဖေလွ်ာ့ဖို႔ႀကိဳးစားေနၾကပါတယ္။
ၿဗိတိန္ရဲ႕ Condor Ferries ၊ Stena Line နဲ႔ P&O Ferries တို႔အပါအ၀င္ မ်ားစြားေသာကုမၸဏီေတြအေနနဲ႔ သေဘၤာသား ေတြကို အနားေပးျခင္း၊ လစာမဲ့ခြင့္ေပးျခင္းနဲ႔ ခြင့္ရက္ရွည္ယူခိုင္းျခင္းတို႔ကို လုပ္ေဆာင္ေနပါတယ္။
ကေနဒါရဲ႕ BC Ferries ကေတာ့ အနားေပးျခင္း၊ ၀န္ထမ္းအင္အားေလွ်ာ့ခ်လည္ပတ္လုပ္ေဆာင္ျခင္းစတာတြကို လုပ္ေဆာင္လွ်က္ရွိပါတယ္။ ဒါကို International Transport Worker’s Federation (ITF) ကဖိအားေပးလို႔ ျပင္ဆင္ တာမ်ိဳးလုပ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ယခင္ပံုစံအတိုင္းအနားေပးျခင္းေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္လို႔ International Transport Worker’s Federation (ITF) ကဆိုခဲ့ပါတယ္။