Knowledge

မြန်မာအမျိုးသား လေကြောင်းလိုင်း ပြည်ပခရီးစဉ် ရပ်ဆိုင်းရက် တိုးမြှင့်

မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများအား ကာကွယ်ရန် မြန်မာအမျိုးသားလေကြောင်း၏ ပြည်ပ လေယာဉ်ခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဘန်ကောက်၊ချင်းမိုင် နှင့် ဟောင်ကောင်ခရီးစဉ် ပျံသန်းပြေးဆွဲခြင်းအား ယခင် ၂၀၂၀ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့ အထိရပ်ဆိုင်းထားရာမှ ယခုတွင် ဩဂုတ်လ (၃၁)ရက်နေ့ အထိ ထပ်မံတိုးမြှင့် ၍ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


ထိုကာလအတွင်း ဝယ်ယူထားသောလေယာဉ်လက်မှတ်များအား Full Refund နှင့် Free Date Change ပြုလုပ်ပေးပါသည်။ Agent မှ ဝယ်ယူထားသောခရီးသည်များအနေဖြင့် ထို agent မှတစ်ဆင့် refund ပြန်လည်ထုတ်ယူနိုင်ပြီး website မှ ဝယ်ယူထားပါက This email address is being protected from spambots. You need JavaScript enabled to view it. သို့ email ပေးပို့၍ refund ပြန်လည်ရယူနိုင်ပါတယ်။


ခရီးစဉ်များကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင်ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပါသည်။ပြောင်းလဲမှုရှိပါကလည်း အချိန်နှင့်တပြေးညီ ကြေငြာပေးမည် ဖြစ်ပါသည်။

 

ပြည်ပခရီးစဉ်အနေဖြင့် ကယ်ဆယ်ရေးခရီးစဉ် ပြေးဆွဲပေးလျက်ရှိရာ 

 

မြန်မာအမျိုးသားလေကြောင်းမှ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ မြို့ တွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အား မိမိတို့၏နေရပ်သို့ ပြန်လည်ခေါ်ဆောင်ရန်အတွက် ၂၀၂၀ ခုနှစ် သြဂုတ်လ (၃)ရက်နေ့တွင် ဆစ်ဒနီ - ရန်ကုန် ကယ်ဆယ်ရေး ခရီးစဉ် (Sydney – Yangon Relief Flight) အားစီစဉ်ထားရှိပါတယ်။


ထွက်ခွာချိန် ဆိုက်ရောက်ချိန်
ဆစ်ဒနီ - ရန်ကုန် 10:00 19:30
(UB-9802)


Relief Flight ခရီးစဉ်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံရုံး မှ ထုတ်ပြန်ထားသော ခရီးသည်စာရင်း အတိုင်းပျံသန်းပြေးဆွဲသွားမှာဖြစ်ပါတယ်။


ဆစ်ဒနီ - ရန်ကုန် relief flight စျေးနှုန်းများမှာ -
Economy Class: $1250 (Baggage Allowance 30Kg နှင့် Hand Carry Allowance 7Kg)
Business Class: $1500 (Baggage Allowance 40Kg နှင့် Hand Carry Allowance 7Kg) အသီးသီးကျသင့်မှာဖြစ်ပါတယ်။


ထိုလက်မှတ်များအတွက် ငွေပေးချေမှုပြုလုပ်ရာတွင် အောက်ပါ နည်းလမ်းများထဲမှ နှစ်သက်ရာ နည်းလမ်းကို အသုံးပြု၍ငွေချေမှုများ ပြုလုပ်နိုင်ပါတယ်။


၁။ မြန်မာအမျိုးသားလေကြောင်း၏ Website မှတဆင့်ငွေချေခြင်း သံရုံးမှ ထုတ်ပြန်ထားသော ခရီးသည်စာရင်းတွင်ပါရှိသော ခရီးသည်များသည် မြန်မာအမျိုးသား လေကြောင်း Reservation ဌာန (This email address is being protected from spambots. You need JavaScript enabled to view it.) နှင့်ဆက်သွယ်၍ booking ပြုလုပ်နိုင်ပြီး မြန်မာအမျိုးသား လေကြောင်း website မှတဆင့် credit card ဖြင့်ငွေပေးချေနိုင်ပါသည်။


၂။ ဘဏ်မှတဆင့်ငွေချေခြင်းဘဏ်မှတဆင့်ငွေချေလိုသော ခရီးသည်များ အနေဖြင့် ဆစ်ဒနီ မြို့ UOB ဘဏ်မှတဆင့် မြန်မာအမျိုးသား လေကြောင်း (UOB, စင်္ကာပူ ဘဏ်ခွဲ)ငွေစာရင်း သို့ငွေလွှဲပြောင်းပေးရမည်ဖြစ်ပြီး ငွေလက်ခံဖြတ်ပိုင်းကို မြန်မာအမျိုးသား လေကြောင်း Reservation ဌာန သို့ပေးပို့ရပါမည်။ ၎င်းကို ငွေစာရင်းဌာနမှ စစ်ဆေး၍ ငွေလက်ခံရရှိ ပါကလက်မှတ်ထုတ်ပေးပြီး ခရီးသည်အား လက်မှတ်ပြန် လည်ပေးပို့ပါမည်။ (ငွေလွှဲပြောင်းအခကြေးငွေကို ခရီးသည်မှကျခံရပါမည်)

 

၃။ ငွေသားဖြင့် ပေးချေခြင်း သံရုံးမှ ထုတ်ပြန်ထားသော ခရီးသည်စာရင်းတွင်ပါရှိသော ခရီးသည်များအတွက် မြန်မာအမျိုးသား လေကြောင်း ရုံးချုပ် (သို့) မည်သည့်နယ်ဌာနခွဲတွင်မဆို ခရီးသည်ကိုယ်စားဝယ်ယူရရှိနိုင်ပါသည်။


၄။ လေဆိပ်ကောင်တာ တွင်ငွေပေးချေခြင်း ။အချို့သော ကြိုတင် မဝယ်ယူနိုင်သည့် ခရီးသည်များအနေဖြင့် မြန်မာအမျိုးသား လေကြောင်း Check in counter တွင်ဝယ်ယူရရှိနိုင်ရန်အတွက် Reservation ပြုလုပ်ပေးထားပေးမည်ဖြစ်ပါသည်။ ထိုသို့ဝယ်ယူရာတွင် လေယောဉ်လက်မှတ်ခကို USD ဖြင့်သာပေးချေရပါမည်။


သတိပြုရန်မှာ ၂၀- ၃၄ ပတ် ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် ခရီးစဉ်မတိုင်မီ (၇) ရက်အတွင်း ရယူထားသော ‘Fit to Travel’ ဆေးမှတ်တမ်း ယူဆောင်လာပေးပါရန် အသိပေးအပ်ပါတယ်။


အသေးစိတ်အချက်အလက်စုံစမ်းမေးမြန်းမှုများကို Embassy of The Republic of the Union of Myanmar, Canberra +61 2 6273381, +61 2 62733751 (https://bit.ly/2ZRoW2J) နှင့် MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို့ဆက်သွယ် ပြုလုပ်နိုင်ပါသည်။

 

Read times
Rate this item
(1 Vote)