Knowledge

မြန်မာ Logistic Company များ တက်ရောက် လေ့လာသင့်သည့် TILOG-LogistiX 2023

ထိုင်းနိုင်ငံ Ministry of Commerce နှင့် ထိုင်းသံရုံး (ရန်ကုန်) တို့မှ ကြီးမှူး ကျင်းပမည့် “Roadshow of Thailand International Logistics Exhibition TILOG-LogistiX 2023” ကို မေလ (၁၈) ရက်၊ ကြာသပတေးနေ့တွင် Novotel Yangon Max Hotel တွင် မနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

 

အဆိုပါပွဲတွင် ထိုင်းနိုင်ငံမှ ထောက်ပံ့ပို့ဆောင်ရေး ကျွမ်းကျင်သူများမှ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသများအတွင်း ရေကြောင်းလမ်းများ တိုးမြှင့်နိုင်ရေးနှင့် ဆက်သွယ်မှု ဖွံ့ဖြိုး တိုးတက်လာစေရေး ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ပြီး မြန်မာ Logistics Company များ တက်ရောက် လေ့လာနိုင်မည် ဖြစ်သည်။

 

ရန်ကုန်တွင် ယခုကဲ့သို့ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ BITEC Bangna တွင် လာမည့် သြဂုတ်လ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည့် TILOG-LOGISTIX 2023 ပွဲနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း တင်ပြလိုခြင်း ဖြစ်ကြောင်း သိရသည်။

 

 

Advertisement

Click Here > White Unicorn Co.,Ltd.

 

ဘန်ကောက်တွင် ကျင်းပမည့် TILOG-LOGISTIX 2023 သည် “Smart and Green Logistics for Sustainable“ ဝန်ဆောင်မှုပေးသော ပွဲကြီးတစ်ခု ဖြစ်ပြီး အဆိုပါပွဲတွင် Logistics လုပ်ငန်းစုကြီးများနှင့် Company ပေါင်း ၁၀,၀၀၀ ကျော် အထိ ပူးပေါင်း ပါဝင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။ 

 

TILOG LOGISTIX တွင် ထိုင်းနိုင်ငံတွင်းနှင့်  ပြည်ပနိုင်ငံများမှ ထိပ်တန်းဝန်ဆောင်မှု ပေးသူများထံမှ ပြည့်စုံသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များ၊ နောက်ဆုံးပေါ် နည်းပညာများနှင့်အတူ သယ်ယူပို့‌ဆောင်ရေး၊ စာရင်းစီမံခန့်ခွဲမှု၊ ထုတ်ပိုးမှု အစရှိသည့် ဝန်ဆောင်မှုများကို ပြသသွားမည် ဖြစ်သည်။

 

ထို့ကြောင့် Logistics လုပ်ငန်းများသာမကပဲ SME လုပ်ငန်းရှင်များ အနေဖြင့်လည်း ပွဲသို့ တက်ရောက် လေ့လာကြရန် ဖိတ်ခေါ်ထားပြီး ၄င်းတို့၏ စာရင်းစီမံခန့်ခွဲမှု စံချိန်စံညွှန်းများကို အဆိုပါပွဲမှတစ်ဆင့် မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း ကြေညာထားသည်။

 

345885739_1211149332922771_8106641949997224013_n.jpg

Read times
Rate this item
(0 votes)