Knowledge

နိုင်ငံတကာမှ လုပ်ငန်းရှင် ၁၀,၀၀၀ ကျော်နှင့် ချိတ်ဆက်နိုင်မည့် အာဆီယံအဆင့် TILOG-LOGISTIX 2023 ပြပွဲ

(၆) ကြိမ်မြောက် Thailand International Logistics Exhibition " TILOG-LOGISTIX 2023 " ပွဲကို လာမည့် ဩဂုတ်လ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့ထိ၊ နံနက် ၁၀နာရီ မှ ညနေ ၆ နာရီအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Bangkok International Trade and Exhibition Centre (BITEC) တွင် သုံးရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။ 

 

အဆိုပါပွဲကို ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးဌာန (DITP) နှင့် အာဆီယံ၏ ထိပ်တန်း ပြပွဲဖြစ်မြောက်ရေး စီစဉ်သူ RX Tradex တို့မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် အခြား ပူးပေါင်း (၆) နိုင်ငံလည်း ပူးပေါင်း ပါဝင်ထားသည်။ 

 

ပွဲကို "Smart and Green Logistics for Sustainable Tomorrow" ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည် ဖြစ်ပြီး Logistic Companies များနှင့် SME Companies များအတွက် Logistic လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု နည်းပညာများ တိုးတက် မြှင့်တင်နိုင်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

TILOG-LOGISTIX 2023 ပွဲတွင် ထိုင်းနိုင်ငံနှင့် နိုင်ငံတကာမှ ရာနှင့်ချီသော လုပ်ငန်းကြီးများ ဦးဆောင်၍ သယ်ယူပို့ဆောင်ရေး၊ စာရင်းစီမံခန့်ခွဲမှု၊ ပစ္စည်းကိုင်တွယ်မှု၊ ဂိုဒေါင်စီမံခန့်ခွဲမှုနှင့် ထုပ်ပိုးမှုများအပြင် ပြီးပြည့်စုံသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်များကို ပါဝင် ပြသမည် ဖြစ်သည်။ 

 

နိုင်ငံတကာမှ ပါဝင်သူများအနေဖြင့် ကုန်သွယ်မှု မိတ်ဖက်လုပ်ငန်းများနှင့် တွေ့ဆုံကာ ၎င်းတို့၏ လုပ်ငန်းများကို ဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မည့်အပြင် ခေတ်မီနည်းပညာများနှင့် ဖြေရှင်းမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ငန်းကျွမ်းကျင်သူများမှ ပွဲရက်ကာလအတွင်း နှီးနှောဖလှယ် မျှဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

"TILOG-LOGISTIX" ပွဲကြီးတွင် Logistic ကုမ္ပဏီကြီးများနှင့် ပြပွဲ ပြသ တက်ရောက်သူ ၁ဝ,ဝဝဝ ကျော် ပူးပေါင်း ပါဝင်ကြရန် မျှော်မှန်းထားပြီး စီးပွားရေး အခွင့်အလမ်းများ ကုန်သွယ်မှု ကွန်ရက်များကို အခြေခံကာ ၄င်းတို့၏ လုပ်ငန်းများကို အာဆီယံဒေသတွင်းသာမက နိုင်ငံတကာတွင်လည်း တိုးတက် အောင်မြင်လာစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

 

Advertisement

Click Here > White Unicorn Co.,Ltd.

 

TILOG - LOGISTIX တွင် ထူးခြားသော အစီအစဉ်အနေဖြင့်…

  • Excellence in Logistics Management Awards ( ELMA ) နှင့်
  • Years Logistics Performance Index ( LPI) ဆုများကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။

 

Excellence in Logistics Management Awards ( ELMA )

 

မြောက်များစွာသော Logistics Company များထဲမှ နှစ်စဉ် ရွေးချယ် ပေးအပ်သော သယ်ယူ ပို့ဆောင်ရေးနှင့် ကုန်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ထူးချွန်စုအား ရွေးချယ်သွားမည် ဖြစ်ပြီး ဆုရရှိသူများမှ ၎င်းတို့ လုပ်ဆောင်ခဲ့ကြသော ကြိုးစားအားထုတ်မှုများအား မျှဝေပေးမည် ဖြစ်သည်။

 

Years Logistics Performance Index ( LPI ) 

World Transport and Logistics Forum (WTLF) ကမ္ဘာ့ဘဏ်မှ ကိုယ်စားပြုပြီး Logistics Industry ၏ Years Logistics Performance Index ( LPI) ကို ချီးမြင့်မည် ဖြစ်သည်။

 

TILOG-LOGISTIX ပွဲကြီးအား စိတ်ဝင်စား၍ လာရောက် လေ့လာ လိုသောလုပ်ငန်းရှင်များ အနေဖြင့် Online Registration ပေးသွင်းနိုင်ပြီး သိရှိလိုသော အချက်အလက်များအတွက်လည်း အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်သည်။

 

Register Link

> https://www.tilog-logistix.com/

 

Facebook Page 

> https://www.facebook.com/tilog.logistx  

 

Phone :+66 2686 7222,

 

Email : This email address is being protected from spambots. You need JavaScript enabled to view it.  

 

ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာရုံး (TPSO) ၏ မှတ်တမ်းများအရ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မှတ်ပုံတင်ထားသော Logistics Company ပေါင်း (၄၀,၁၀၁) ခု ရှိပြီး ၎င်းမှတ်တမ်းများတွင် ကုမ္ပဏီ (၃၆၇) ခုသည် လုပ်ငန်းအသစ်များ ဖြစ်သည်။

 

ထို Company အသစ်များထဲမှ အထင်ရှားဆုံး အပိုင်းမှာ ကုန်ပစ္စည်းများနှင့် ခရီးသည် သယ်ယူပို့ဆောင်မှုဆိုင်ရာ ကုမ္ပဏီအသစ် (၁၇၆) ခု ဆောင်ရွက်လျက်ရှိပြီး (၄၈) ရာခိုင်နှုန်းသော Company အသစ်များသည် ကုန်းလမ်း ပို့ဆောင်ရေးနှင့် Customs Clearance Agents များ ဖြစ်ကြသည်။ 

 

ဖေဖော်ဝါရီလ ၂၀၂၃ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မှတ်တမ်းများအရ Logistic Industry မှ ထိုင်းဘတ်ငွေ ၈၂၇.၁၂ သန်း ( အမေရိကန်ဒေါ်လာ၂၄သန်း ) အထိ ရရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် (၉.၉၇) ရာခိုင်နှုန်းအထိ ရရှိခဲ့ကြောင်း သိရသည်။

 

ထိုရင်းနှီးမြုပ်နှံမှုကဏ္ဍထဲတွင် FDI အများဆုံး ရရှိခဲ့သည့်အပိုင်းမှာ သယ်ယူပို့ဆောင်ရေး နှင့် သိုလှောင်မှုစီမံခန့်ခွဲမှု ဖြစ်ပြီး ထိုင်းနိုင်ငံ၏ Logistic ရင်းနှီးမြုပ်နှံမှု (၃၉.၄) ရာခိုင်နှုန်းအထိ ရရှိခဲ့သည်ဟု ထုတ်ပြန် ကြေညာထားသည်။ 

Read times
Rate this item
(1 Vote)