Knowledge

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် စမတ်နယ်စပ်ဂိတ်စီမံကိန်း စတင် တည်ဆောက်

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်၏  အရေးပါသော နယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် မွန်တင့် ချင်းရွှေဟော် စမတ်နယ်စပ်ဂိတ်စီမံကိန်းကို စတင် တည်ဆောက်နေပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်းများမှ သိရှိရသည်။

 

အဆိုပါ မွန်တင့်-ချင်းရွှေဟော် စမတ်နယ်စပ်ဂိတ်စီမံကိန်းကို အဓိကအားဖြင့် သတင်းအချက်အလက်နှင့် အခြေခံအဆောက်အအုံများ ဟူ၍ ခွဲခြားကာ အပိုင်း (၂) ပိုင်းဖြင့် ဖွဲ့စည်း တည်ဆောက်နေသည်ဟု ဆိုသည်။

 

စမတ်နယ်စပ်ဂိတ် စီမံကိန်း ပြီးဆုံးပါက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် သာမကပဲ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို အစရှိသည့် နိုင်ငံများနှင့် ချိတ်ဆက်နိုင်သွားမည် ဖြစ်သည်

 

 

Advertisement

Click Here > Htun Tauk

 

နယ်စပ်ဂိတ် ဆောက်လုပ် ပြီးစီးပါက တရုတ်- အင်ဒိုချိန်းနား ကျွန်းစွယ် စီးပွားရေးစင်္ကြန် လမ်းမကြီးများကို တည်ဆောက်ကာ အာရှဒေသတွင်း စီးပွားရေးချိတ်ဆက်မှုများကို ပိုမို ကောင်းမွန်စွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

မွန်တင့်-ချင်းရွှေဟော် စမတ်နယ်စပ်ဂိတ်ကြောင့် မြန်မာနှင့် တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ် စီးပွားရေးနှင့် ဥယျာဉ်ဇုန် စီးပွားရေးမြှင့်တင်ရန် လုပ်ငန်းစဉ်များကိုပါ အထောက်အပံ့ ဖြစ်စေနိုင်မည်ဟု ဆိုသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ၌ တရုတ်နိုင်ငံနှင့် (၈၀) ရာခိုင်နှုန်းခန့်အထိ ကုန်သွယ်မှုပြုလုပ်လျက် ရှိသည်။

 

Source : Opinion Leaders

Read times
Rate this item
(0 votes)