တရုတ်နိုင်ငံ ယန်ဇီမြစ် မြစ်ညာပိုင်းရှိ ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် မြစ်ကျဉ်းသုံးသွယ် ရေကာတာတွင် သင်္ဘောဖြတ်သန်း သွားလာရန် အဆင့်ငါးဆင့်ရှိ ရေပြင်ညှိဆည်မှတစ်ဆင့် လစဉ် ကုန်စည်ဖြတ်သန်းမှုမှာ ပြီးခဲ့သည့် သြဂုတ်လက တန်ချိန် (၁၅.၇၁) သန်းကျော်ထိ စံချိန်တင် မြင့်မားခဲ့ကြောင်း China Three Gorges ကော်ပိုရေးရှင်းအရ သိရသည်ဟု ဆင်ဟွာသတင်းတစ်ရပ်က ရေးသား ဖော်ပြထားသည်။
အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ရေအားလျှပ်စစ် စီမံကိန်းဖြစ်သည့် မြစ်ကျဉ်းသုံးသွယ် ရေကာတာသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရေကာတာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သော ယန်ဇီမြစ်သည် အရှေ့မှ အနောက်သို့ ကုန်းတွင်းပိုင်းမှ ဖြတ်သန်း စီးဆင်းသွားခြင်း ဖြစ်ပြီး ၎င်းကို တရုတ်နိုင်ငံ၏ ရွှေရောင်သင်္ဘောလမ်းကြောင်းအဖြစ် သတ်မှတ်ကာ တင်စား ခေါ် ဝေါ်နေကြသည်။
Click Here > Great Modern
အဆိုပါ မြစ်ကျဉ်းသုံးသွယ် ရေကာတာမှတစ်ဆင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းက လုပ်ငန်းလည်ပတ်မှု (၉၆၅) ကြိမ် ရှိခဲ့ကြောင်းနှင့် ကုန်တင်သင်္ဘော ဖြတ်သန်းမှုမှာ (၃,၇၃၇) ကြိမ် ရှိခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။
ယင်းမြစ်ကျဉ်းသုံးသွယ် ရေကာတာသည် ဘက်စုံသုံး ရေလမ်းကြောင်း ထိန်းချုပ်စနစ်ဖြစ်ပြီး အရှည် (၂,၃၀၉) မီတာနှင့် အမြင့် (၁၈၅) မီတာရှိသည့် ဆည်တစ်ခု၊ မြောက်ဘက်မှ တောင်ဘက်သို့ သင်္ဘော ဖြတ်သန်းသွားလာရန် အဆင့်ငါးဆင့်ရှိသည့် ရေပြင်ညှိဆည်နှင့် လျှပ်စစ်ဓာတ်အား ကီလိုဝပ် (၂၂.၅) သန်း ထုတ်လုပ်နိုင်စွမ်း ရှိသည့် တာဘိုဂျင်နရေတာ (၃၄) လုံး ပါဝင်သည်။
တရုတ်နိုင်ငံ၏ သင်္ဘောရေပြင်ညှိဆည်များကို ၂၀ဝ၃ ခုနှစ် ဇွန်လက စတင် စမ်းသပ်လည်ပတ်ရန် ဖွင့်လှစ်ခဲ့ပြီး ဖြတ်သန်းသွားလာသော ကုန်တင်သင်္ဘောပမာဏမှာလည်း တိုးတက်မှု မြန်ဆန်ခဲ့ကြောင်း သိရသည်။
Source : MOC