Knowledge

မြန်မာအပါအဝင် နိုင်ငံပေါင်း (၁၉၇) နိုင်ငံ၏ ကုန်သွယ်မှုနှင့် စီးပွားရေး အခြေအနေများ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူအဆင့်နိုင်ငံများ၊ အခြားနိုင်ငံများ စုစုပေါင်း (၁၉၇) နိုင်ငံ၏ ကုန်သွယ်မှု အခြေအနေများကို ဖော်ပြထားသည့် Trade Profile 2023 ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ Trade Profile 2023 တွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတစ်နိုင်ငံစီ၏ လက်ရှိ စီးပွားရေး အခြေအနေများကို စာမျက်နှာ နှစ်မျက်နှာဖြင့် သီးခြားစီ ဖော်ပြထားသည်။ 

 

အဓိက ပို့ကုန်သွင်းကုန်များ၊ ကုန်သွယ်မှု မိတ်ဖက်များကို သိရှိနိုင်ပြီး ကုန်စည်ကုန်သွယ်မှုတွင် လယ်ယာနှင့် လယ်ယာမဟုတ်သော ထုတ်ကုန်များ၊ ဝန်ဆောင်မှု ကုန်သွယ်မှုတွင် ပို့ဆောင်ရေး၊ ခရီးသွားလာရေးနှင့် အခြားစီးပွားရေးလုပ်ငန်း ဝန်ဆောင်မှု အချက်အလက်များနှင့် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အချက်အလက်များကို အနှစ်ချုပ် စုစည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

 

၎င်းအနက် မြန်မာနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှု အခြေအနေကို ဖော်ပြလိုက်ပါသည်။

 

စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး (၂၀၂၂ ခုနှစ်) : အမေရိကန်ဒေါ်လာ ၅၆,၇၅၇ သန်း

ပြည်တွင်းအသားတင်ထုတ်လုပ်မှုတွင် ကုန်သွယ်မှု % (၂၀၂၀ ပြည့်နှစ် - ၂၀၂၂ ခုနှစ်) : ၁၉.၆  %    

 

စာရင်းရှင် လက်ကျန်ငွေရာခိုင်နှုန်း (၂၀၂၂ ခုနှစ်) : ၁.၄ %

 

တစ်ဦးကျဝင်ငွေ (၂၀၂၀ ပြည့်နှစ် - ၂၀၂၂ ခုနှစ်) : အမေရိကန်ဒေါ်လာ   ၁,၂၆၅ 

တစ်ဦးချင်း ကုန်သွယ်မှုပမာဏ : အမေရိကန်ဒေါ်လာ ၂၄၇ 

 

ကမ္ဘာ့ကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုအဆင့် : ၈၂

သွင်းကုန်တင်သွင်းမှုအဆင့် : ၈၉

 

ကမ္ဘာ့ကုန်သွယ်မှုတွင် ဝန်ဆောင်မှု တင်ပို့မှုအဆင့် : ၁၁၈

ဝန်ဆောင်မှု တင်သွင်းခြင်းအဆင့် : ၁၂၇

 

၂၀၂၂ ခုနှစ်အတွင်း ပို့ကုန်တန်ဖိုး (FOB) : အမေရိကန်ဒေါ်လာ ၁၇,၀၈၅ သန်း

ကမ္ဘာ့ပို့ကုန်စုစုပေါင်းတွင် ပါဝင်မှုရာခိုင်နှုန်း : ၀.၀၇%

 

၂၀၂၂ ခုနှစ်အတွင်း သွင်းကုန်တန်ဖိုး (CIF) : အမေရိကန်ဒေါ်လာ ၁၇,၄၀၃ သန်း

ကမ္ဘာ့သွင်းကုန် စုစုပေါင်းတွင် ပါဝင်မှုရာခိုင်နှုန်း : ၀.၀၇%

 

Advertisement

Click Here > Grand Winner

 

ပို့ကုန်စုစုပေါင်းတွင် ကုန်စည်အုပ်စုအလိုက် ပါဝင်မှု                   

  • လယ်ယာထုတ်ကုန်   (၃၅.၉ %)
  • လောင်စာနှင့်တွင်းထွက်   (၂၄.၃ %)
  • ထုတ်လုပ်မှုပစ္စည်းများ   (၃၉.၈ %)

 

သွင်းကုန်စုစုပေါင်းတွင် ကုန်စည်အုပ်စုအလိုက် ပါဝင်မှု              

  • လယ်ယာထုတ်ကုန်   (၁၈.၁ %)
  • လောင်စာနှင့် တွင်းထွက်   (၂၁.၄ %)
  • ထုတ်လုပ်မှုပစ္စည်းများ   (၆၀.၅ %)

 

အဓိက တင်ပို့သည့်နိုင်ငံများ (၂၀၂၂ခုနှစ်)                                  

  • ထိုင်း(၂၂.၅ %)၊တရုတ်(၂၁.၆ %)
  • အီးယူ (၂၁.၆ %)၊ ဂျပန် (၇.၁ %)
  • အိန္ဒိယ(၅.၃ %) ၊ အခြား (၂၂ %)

 

အဓိက တင်သွင်းသည့်နိုင်ငံများ ( ၂၀၂၂ခုနှစ်)                             

  • တရုတ်(၃၂.၁ %) ၊ စင်ကာပူ(၂၄.၈ %)
  • ထိုင်း (၁၂.၄ %)၊မလေးရှား (၆.၆ %)
  • အင်ဒိုနီးရှား (၆ %)၊ အခြား (၁၈.၂ %)

 

အဓိက လယ်ယာပို့ကုန်များ (၂၀၂၂ ခုနှစ်)                            

ပဲစင်းငုံ၊ ဆန်၊ ပြောင်း၊ ဆီထွက်သီးနှံ၊ အခွံမာသီး (အစိမ်း/ အခြောက်ခံ)

 

အဓိကလယ်ယာသွင်းကုန်များ (၂၀၂၂ ခုနှစ်)                       

စားအုန်းဆီ၊ အခြားစားသောက်ကုန် ပစ္စည်းများ၊ ပဲပုတ်စေ့ဆီမှ ဆီကြိတ်ဖတ်၊ ဂျုံနှင့် ကောက်နှံ

 

လယ်ယာမဟုတ်သော အဓိကပို့ကုန်များ (၂၀၂၂ ခုနှစ်)         

သဘာဝဓါတ်ငွေ့၊ အမျိုးသား၊ အမျိုးသမီးဝတ်စုံများ၊ ဂျာစီ၊ ခေါင်းစွပ်များ၊

 

လယ်ယာမဟုတ်သော အဓိကသွင်းကုန်များ (၂၀၂၂ ခုနှစ်)    

လောင်စာဆီနှင့် အခြားရေနံစိမ်း၊ ယက်လုပ်ထားသော အထည်မျိုးစုံ၊ သင်္ဘော၊ သတ္တုတွင်းထွက်နှင့် ဓာတုဓာတ်မြေဩဇာ

 

စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှု ပို့ကုန်တန်ဖိုး (၂၀၂၂) : အမေရိကန်ဒေါ်လာ  ၁,၅၀၅  သန်း

စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှု သွင်းကုန်တန်ဖိုး (၂၀၂၂) : အမေရိကန်ဒေါ်လာ  ၁,၆၆၈  သန်း

ကမ္ဘာ့ဝန်ဆောင်မှု ပို့ကုန်စုစုပေါင်းတွင် ပါဝင်မှု : ၀.၀၂%

ကမ္ဘာ့ဝန်ဆောင်မှု သွင်းကုန်စုစုပေါင်းတွင် ပါဝင်မှု : ၀.၀၃%

 

အခြားဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်များဖြစ်သော တင်ပို့/တင်သွင်းသည့် အဓိကနိုင်ငံများ၊ ပြည်တွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံမှုများ၊ ပြည်ပသို့ သွားရောက် ရင်းနှီးမြှုပ်နှံမှုများကို အချက်အလက်များ မရရှိကြောင်း ဖော်ပြထားပြီး ပို့ဆောင်ရေး၊ အခြားစီးပွားရေးလုပ်ငန်း ဝန်ဆောင်မှုများ၊ ကုန်စည်နှင့် ဆက်စပ်သော ဝန်ဆောင်မှုများ၊ စက်မှုမူပိုင်ခွင့်ဆိုင်ရာ အချက်များမှာ လွန်ခဲ့သော နှစ်များက အခြေအနေများကိုသာ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

 

Trade Profile 2023 ကို အောက်ဖော်ပါပြလင့်ခ်မှတဆင့် Download ရယူနိုင်ပြီ ဖြစ်သည်။

 

မြန်မာနိုင်ငံ

> https://www.commerce.gov.mm/sites/default/files/documents/2023/11/Myanmar.pdf

 

တခြားသော နိုင်ငံများ

> https://www.wto.org/english/res_e/publications_e/trade_profiles23_e.htm

Read times
Rate this item
(0 votes)