Knowledge

ရေနံစိမ်းဈေးနှုန်း တစ်စည်လျှင် ဒေါ်လာ ၁၀ဝ အထိ ထိပ်တန်းရေနံတင်ပို့သူ ဆော်ဒီ မျှော်လင့်နေ

ရေနံစိမ်းဈေးနှုန်း တစ်စည်လျှင် ဒေါ်လာ ၁၀ဝ အထိ ထိပ်တန်းရေနံတင်ပို့သူ ဆော်ဒီ မျှော်လင့်နေ google.com

ထိပ်တန်းရေနံ တင်ပို့သူဆော်ဒီက ရေနံစိမ်းဈေးနှုန်း တစ်စည်လျှင် ဒေါ်လာ ၈၀ မှသည် ၁၀ဝ အထိမျှော်လင့်နေကြောင်း

ကို ထိပ်တန်းသုတေသီ လုပ်ငန်းသုံးခုက ပြောခဲ့ပါတယ်။

 

ထိုသဘောတူညီချက်၏ မူလကန့်သတ်ချက်မှာ မည်မျှပင်နည်းစေကာမူ အိုပက်ကန့်သတ်ချက်ကို ပြောင်းလဲမည်မဟုတ်ဟုဆိုသည်။ အိုပက်၊ ရုရှားနှင့် အခြားရေနံထုတ်လုပ်သူများသည် ၂၀၁၇ ခုနှစ်မှစကာ ရေနံဈေးကျမှုကို ကျားကန်ရန်အလို့ငှာ ရေနံထုတ်လုပ်မှုကန့်သတ်ချက်ကို လျော့ချခဲ့ပါတယ်။

 

ထိုသဘောတူချက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ တိုးချဲ့ရန် သဘောတူထားပြီး ဇွန်လတွင် မူဝါဒကို ပြန်လည်သုံးသပ်ရန်လည်း ရှိခဲ့ပါတယ်။ ဆော်ဒီက ရေနံဈေး တက်မှု့ကို အလိုရှိသည်မှာ မှန်ကြောင်း၊ ဆော်ဒီက ဒေါ်လာ ၁၀ဝ လိုချင်သည်ဆိုပင်လျှင် မအံ့သြကြောင်း၊ သူတို့၏စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှင့် ယီမင်တွင် ဝင်တိုက်နေရသည့် စစ်ကြောင့်ဖြစ်ကြောင်း အိုပက် သတင်းရင်းမြစ်တစ်ခုက ဆိုခဲ့ကြပါတယ်။

 

မားကက်ရီယယ်လစ် လတ်တလော ရေနံတစ်စည်လျှင် ၇၄ ဒေါ်လာဖြစ်ကာသုံးနှစ်ခွဲအတွင်း အမြင့်ဆုံး ရေနံဈေးတက်မှု့ကြောင့် မလေးရှားစီးပွားရေးတက်ကာ အစိုးရဘဏ္ဍာ ပိုရမည်ဟုခန့်မှန်းခဲ့ကြပါတယ်။

 

လတ်တလော ရေနံတစ်စည်လျှင် ၇၄ ဒေါ်လာဖြစ်ကာ သုံးနှစ်ခွဲအတွင်း အမြင့်ဆုံး ရေနံဈေးတက်မှု့ ကြောင့် မလေးရှား စီးပွားရေးတက်ကာ အစိုးရအခွန်အခပိုရမည်ဟု ခန့်မှန်း ကြောင်း သုတေသီများက လတ်တလောပြောပြခဲ့ပါတယ်။

 

လတ်တလော ရေနံဈေးတက်မှုကြောင့် မလေးရှားအစိုးရအနေဖြင့် ရေနံနှင့်ဓာတ်ငွေ့မှ ထပ်ဆောင် ဝင်ငွေရင်းဂစ် ငါးဘီလီယံအထိ ထပ်တိုးရရှိမည်ဟု ခန့်မှန်းထားခဲ့ပါတယ်။

 

ရေနံစိမ်း တစ်စည်လျှင် ၅၂ ဒေါ်လာအထက်သို့ ၁၀ ဒေါ်လာတက်လေတိုင်း ၂၀၁၈ ခုနှစ် မလေးရှား ဘတ်ဂျက် တွင် အစိုးရအနေဖြင့် ဝင်ငွေရင်းဂစ် သုံးဘီလီယံ (အမေရိကန်ဒေါ်လာ ၇၅၆ သန်း) တိုးတက်ရ ရှိစေမည် ဖြစ်ကြောင်း အစီရင်ခံစာအရ သိခဲ့ရပါတယ်။ မလေးရှားသည် ၂၀၁၇ ခုနှစ် ဘတ်ဂျက်တွင် ရေနံနှင့်သဘာ ဝဓာတ်ငွေ့ ၄၇ ဒသမ ၅ ဘီလီယံရင်းဂစ် (ဂျီဒီပီ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း) ပို့ကုန်တန်ဖိုး ရရှိခဲ့ပါတယ်။

 

လတ်တလော ရေနံတစ်စည်လျှင် ၇၄ဒေါ်လာဖြစ်ကာ သုံးနှစ်ခွဲအတွင်း အမြင့်ဆုံးသော ရေနံဈေးတက်ခြင်း ကြောင့် မလေးရှား စီးပွားရေးတက်ကာ အစိုးရအခွန်အခပိုရပြီး စီးပွားရေး တိုးတက်စေမည်ဟု ခန့်မှန်းကြောင်း သိရပါတယ်။

 

ဘရင့် ရေနံစိမ်းဈေးမှာ တစ်စည်လျှင် လတ်တလော ရေနံတစ်စည်လျှင် ၇၄ ဒေါ်လာဖြစ်ကာ ရေနံ ရောင်းနိုင်ငံများအဖွဲ့ (အိုပက်) ကလည်း ယမန်နှစ်ကတည်းက ရေနံထုတ်လုပ်မှု့ ခွဲတမ်းလျှော့ချ ဖြတ်တောက် ထားခဲ့ပါတယ်။ သီးခြားသတင်းတစ်ရပ်တွင် နိုမူရာ သုတေသနဌာန အဆိုအရ မလေးရှားသည် ရေနံဈေးတက်ခြင်းကြောင်း ထူးထူးကဲကဲအကျိုးခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

 

သုတေသနလုပ်ငန်းအဆိုအရ ရေနံစိမ်း တစ်စည်လျှင် ၅၂ ဒေါ်လာအထက်သို့ ၁၀ ဒေါ်လာတက်လေတိုင်း ၂၀၁၈ ခုနှစ်မလေးရှား ဘတ်ဂျက်တွင် အစိုးရအနေဖြင့် ဝင်ငွေရင်းဂစ် သုံးဘီလီယံ (အမေရိကန်ဒေါ်လာ ၇၅၆ သန်း) တိုးတက်ရရှိစေမည်ဖြစ်ကြောင်း၊ ဂျီဒီပီ၏ သုည ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ် စတုတ္ထ သုံးလပတ်၏ ဂျီဒီပီ ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ကြောင်း သိခဲ့ရပါတယ်။

 

Source ; မြန်မာတိုင်းမ်

 

 Readmore  ရေနံချက် စက်ရုံ အသစ်ဆောက်မည်

 

http://www.logisticsguide.com.mm/en/what-new/latest-updates/667-oil-and-build-new-plant.html

 

bbfb4faa18ee2951b02b656fb34be1d7 L

Read times
Rate this item
(2 votes)