Knowledge

သီလဝါ ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတစ်လအတွင်း ကန်ဒေါ်လာသန်း ၂၀ ကျော် ဝင်ရောက်

သီလဝါ ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတစ်လအတွင်း ကန်ဒေါ်လာသန်း ၂၀ ကျော် ဝင်ရောက် google.com

ဘဏ္ဍာနှစ်ကြားကာလ၏ ပထမဆုံးလဖြစ်သည့် ဧပြီလအတွင်း သီလဝါ အထူးစီးပွားရေးဇုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ဝင်ရောက်ခဲကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မစတင်မီ ကြားကာလ ခြောက်လအတွင်း သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ် လာ သန်း ၂၀၀ ကျော် ဝင်ရောက်ရန် မျော်မှန်းထားပြီး ထိုကုန်ထုတ်လုပ်ငန်းများ ပိုမိုဝင်ရောက်ရန် လျာထားကြောင်း ယင်းဌာနမှအကြီးတန်းအရာရှိတစ်ဦးက ပြောကြားချက်အရ သိခဲ့ရပါတယ်။ သီလဝါစတာ သုံးနှစ်ကျော်လောက်ရှိပြီ။တစ်နှစ်ကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်လောက်အထိ ဝင်ခဲ့ပါတယ်။

 

နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက သန်း ၁၀ ဂဏန်းနီးပါး တိုးလာတယ်လို့လဲ ပြောခဲ့ပါတယ်။ နိုင်ငံခြားသားလုပ်ငန်းရှင်များအနေနှင့် အထူးစီးပွားရေးဇုန်၌ စက်မှုလုပ်ငန်း၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို အဓိက ရင်းနှီးမြှုပ်နှံကြကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများလည်း ဆက်တိုက် ဝင်ရောက်နေသောကြောင့် အထူးစီးပွားရေးဇုန်ထဲရှိ ဇုန် (A) ထဲတွင် မြေကွက်များမှာ ငှားရမ်းမှုများ ပြည့်နေပြီဖြစ်ကြောင်း မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက် (MTSH) ထံမှ သိရသည်။

 

သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလျက်ရှိသော လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိအဆောက်အအုံပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော စက်ရုံများ၊ စားသောက်ကုန်စက်ရုံများ၊ ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ်အပိုပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်သည့် စက်ရုံတို့ဖြစ် ကြောင်း ယင်းကုမ္ပဏီထံမှ သိခဲ့ရပါတယ်။

 

သီလဝါလုပ်တာ ရင်းနှီးမြှုပ်နှံမှု လည်းဝင်သလို သန်လျင်ဘက်မှာရှိတဲ့  လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ မီးကအစ အဆင်ပြေအောင် ဂျပန်က လုပ်နိုင်ခဲ့ပါတယ်။ စနစ်ကျတယ်ပြောရမယ်။ ထို့ကြောင့်တိုင်းအစိုးရ ရန်ကုန်မှာ အထူးစီးပွားရေးဇုန်တွေလုပ်ဖို့ ဆောင်ရွက်နေတာဖြစ်ခဲ့ပြီး အခုတော့ အစပိုင်းမို့လို့ ဖြည်းဖြည်းချင်း ဝင်နေတာဖြစ်ပါတယ်။ နောက်ဆို ပိုဝင်လာမယ်ထင် တယ်ဟု အထည်ချုပ်စက်ရုံပိုင်ရှင် ဦးအောင်မြင့်က ပြောကြားသည်။

 

လက်ရှိအချိန်တွင် သီလဝါအထူး စီးပွားရေးဇုန် (ဇုန်အေ) ၌ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ကုမ္ပဏီများ၏ စက်ရုံ ၈၅ ခုအထိ ရင်းနှီးမြှုပ်နှံထားပြီး ယင်းစက်ရုံထဲမှ ထက်ဝက်ခန့်မှာ လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှသိခဲ့ရပါတယ်။

 

Source ; The voice

Read times
Rate this item
(1 Vote)