Knowledge

မြန်မာနိုင်ငံ၏ အကြီးဆုံးဖြန့်ချီရေး ကုန်လှောင်ရုံသီလဝါတွင် စတင်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ အကြီးဆုံးဖြန့်ချီရေး ကုန်လှောင်ရုံသီလဝါတွင် စတင်ဖွင့်လှစ် google .com

မြန်မာနိုင်ငံ၏အသီးအနှံနှင့်ကုန်ထုတ်ပစ္စည်းမျိုးစုံ သိုလှောင်နိုင်သည့်  အကြီးဆုံးဖြန့်ချီရေးကုန်လှောင်ရုံကိုသီလဝါ အထူးစီးပွားရေးဇုန်

တွင် ဇွန်လ ၁၂ ရက်နေ့က ဖွင်လှစ်ခဲ့ကြောင်း Ryobi Myanmar ကုမ္ပဏီထံမှ သိခဲ့ရပါတယ်။

 

ဖြန့်ချိရေးကုန်လှောင်ရုံကို ဂျပန်နိုင်ငံက ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဂျပန်ယန်း၂၉ ဒသမ ၇ ဘီလီယံရင်းနှီးမြှုပ်နှံထားကာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ကြောင်း ထိုကုမ္မဏီမှ ပြောပြချက်အရ သိခဲ့ရပါတယ်။

 

ဖြန့်ချီရေးသိုလှောင်ရုံတွင် မီးအားပြတ်တောက်ပါက ၄၈ နာရီလျှပ်စစ်ဓာတ်အား ကိုထောက်ပံ့ပေးနိုင်သည့် နောက်ဆုံးပေါ် နည်းပညာအများဆုံးပါဝင်ပြီး ကုန်သေတ္တာယာဉ် အစီး ၄၀ နီးပါး ကုန်တင်ကုန်ချလုပ်နိုင်သောကြောင့် ပစ္စည်းအရည်အသွေးကွာလတီကိုလဲ ထိန်းသိမ်းနိုင်ကာ ကုန်စီးဆင်းမှု မြန်ဆန်မည်လဲ ဖြစ်ပါတယ်။ကုန်ပစ္စည်းများထုတ်လုပ်သည့်အခါ သိုလှောင်နိုင်သည့် အပူအအေးစနစ်ရှိမှသာ ထိုပစ္စည်းအရည်အသွေးကိုလဲထိန်းနိုင်မည်ဖြစ်သောကြောင့် သိုလှောင်ရုံများတွင် လိုအပ်သည့်အပြင် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်မှု့လည်း သိုလှောင်ရုံများအတွက် လိုအပ်ကြောင်းကိုလည်း သစ်သီးဝလံစိုက်ပျိုးသူ ဦးမြငေ့်မာင်မှ ပြောခဲ့ပါတယ်။

 

ရန်ကုန်မှာဒါတွေလုပ်ပေးတာ ကောင်းခဲ့ပြီး ပင်လယ်ရေကြောင်းကနေ အသီးပို့မယ်ဆိုရင် ဆိပ်ကမ်းနဲ့အနီးဆုံးမှာသိုလှောင်ရုံရှိတဲ့အတွက် ထိုအအေးကိုလဲဆက်လက်ထိန်းပြီး သင်္ဘောပေါ်တင်လိုက်ရာတွင်လည်း ကွာလတီကောင်းလို့ ဝယ်သူတွေလည်း အဆင်ပြေမှု့ရရှိမည်ဖြစ်ပြီး ဈေးကောင်းလည်းရတာပေါ့ဟု ပြောပါတယ်။

 

သိုလှောင်ရုံများသည် ရန်ကုန်ဆိပ်ကမ်းများတွင်သာမကဘဲ စိုက်ပျိုးရေးလုပ်ဆောင်သည့် ဇုန်များတွင်လည်း တည်ဆောက်ရန် လိုအပ်နေကြောင်း၊အထူးသဖြင့် ဖရဲ၊ သခွား၊ သရက်သီးများ တရုတ်သို့တင်ပို့သည့်အခါ အပူချိန်ကြာမြှင့်မည်ဖြစ်ပြီး ထိုအသီးအရည်အသွေးလည်း ကွာလတီမကျမှီ မူဆယ်သို့ ညတွင်းချင်းပို့ဆောင်နေရကာရရာဈေးဖြင့်လည်း ရောင်းနေရကြောင်း၊ထိုပြဿနာများသည် သိုလှောင်ရုံမရှိခြင်းကြောင့် ဖြစ်ခဲ့ကြောင်း ထိုအချက်ပေါ် မူတည်ကာပြောပြခဲ့ပါတယ်။

 

ရန်ကုန်သည် ကုန်ထုတ်လုပ်ငန်း အများဆုံးရှိရသည့်အတွက် ကုန်သိုလှောင်ရုံအကြီးစားများ လိုအပ်နေသာကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း တောင်ကိုရီးယားနိုင်ငံနှင့်ပူးပေါင်း၍ ထိုကုန်စည်ထောက်ပံ့ရေးစခန်းကြီးကိုလဲ တည်ဆောက်မည်ဖြစ်ကာ ယင်းစခန်းပြီးစီးပါကလည်း ကုန်တန်ချိန်သန်းနှင့်ချီကာ သိုလှောင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှအကြီးတန်းအရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

 

Source ; The Voice

 

Read More -  သီလဝါတွင် နိုင်ငံပိုင်ဆိပ်ကမ်းတစ်ခုကို ဂျပန်ချေးငွေဖြင့် တည်ဆောက်မည်

Read times
Rate this item
(1 Vote)