Knowledge

Tesla Raises Car Prices in China Amid Trade War Electrek

Tesla Raises Car Prices in China Amid Trade War Electrek google.com

Telsa Inc သည် Model X နှင့် S မော်တော်ယာဉ်များကို တရုတ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂ဝဝဝဝ ကျော်


ဈေးတင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း ထိုသိုဈေးကွက်မြှင့်ခြင်းမှာ ကုန်သွယ်ရေးတင်းမာမှုများကြားမှာ ပထမဆုံးဈေးကွက်မြှင့်တင်သည့် ကုမ္ပဏီဖြစ်တခု ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံသည် အမေရိကန်သမ္မတ Donald Trump က တရုတ်သွင်းကုန်များအပေါ် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ သွင်းကုန်အခွန်များ ချမှတ်လိုက်ခြင်းကို တုန့်ပြန်သည့်အနေဖြင့် အမေရိကန်ကားတင်သွင်းမှုအပေါ် သွင်းကုန်အခွန်ချမှတ်၍ ကောက်ခံခြင်း ဖြစ်ပါတယ်။

 

Tesla သည် ၄င်း၏လျှပ်စစ်ကားများ ရောင်းချရေးအတွက် ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံအပေါ်များစွာမှီခိုနေပြီး တရုတ်နိုင်ငံအတွင်းတွင် စက်ရုံတစ်ရုံတည်ဆောက်သွားရန် စီစဉ်နေခဲ့ပါတယ်။

 

မော်တော်ယာဉ် တော်တော်များများအတွက် တင်သွင်းခွန်များကို ဇူလိုင်လ အစောပိုင်းက၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ်ကြောင်း တရုတ်ကပြောကြားခဲ့ပြီးနောက်တွင် Tesla သည် Model X မော်တော်ယာဉ်များ၏ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၁၄ဝဝဝ အထိ ဈေးလျှော့ခဲ့ဖူးတယ်လို့လဲ သိခဲ့ရပါတယ်။

 

၂ဝ၁၇ ခုနှစ်တွင် တရုတ်ဈေးကွက်တွင် မော်တော်ယာဉ်ရောင်းချရမှုသည် Tesla ၏ စုစုပေါင်းဝင်ငွေ၏ ၁၇ ရာခိုင်နှုန်းရှိပြီး တစ်နှစ်လျှင် မော်တော်ယာဉ် အစီးရေ ၁၅ဝဝဝ ကို တင်ပို့နေပါတယ်။ပြီးခဲ့သည့် စနေတနင်္ဂနွေတွင် Model S နှင့် Model X တို့၏ ဈေးနှုန်းများကို ဗားရှင်းအလိုက် ယွမ် ၁၅ဝဝဝဝ မှ ၂၅ဝဝဝဝ သို့ ဈေးတင်ခဲ့ပြီးနောက်အပတ်တွင် Tesla ၏ စီအီးအို Elon Musk က Shanghai N မြို့ နှင့် Beijing မြို့သို့ သွားရောက်လည်ပတ်နေကြောင်း ထိုကိစ္စ နှင့် ရင်းနှီးသူများကို ကိုးကား၍ Bloomberg သတင်းဌာနက ဖော်ပြထားချက်အရ သိခဲ့ရပါတယ်။

 

ယခုကိစ္စ နှင့် ပတ်သက်၍ Tesla ကို ဆက် သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။ ကုမ္ပဏီ၏ စတော့ရှယ်ယာဈေးများမှာ အမေရိကန်ဒေါ်လာ ၃၁၁ ဒဿမ ၇၄ ရှိနေခဲ့ပါတယ်။

 

Tesla သည် ဈေးသက်သာသော Model 3 လျှပ်စစ်ဆီဒင်ကားများကို ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်းမရှိသည်ကို ဖြေရှင်းရန် ကြိုးစားနေပါတယ်။

 

Source ; Myanmar Business Today

 

ReadMore ;Trade Center to Emerge in Sittway

Read times
Rate this item
(1 Vote)