Airport Information

Tuesday, 27 October 2020 04:17

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း

မြန်မာနိုင်ငံအတွင်း COVID- 19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင် ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည် များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာ နိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၁၀-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်ရေးနှင့် နိုင်ငံ တော်နှင့် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ၏ အမှန်တကယ်လုပ်ငန်း လိုအပ်ချက်အရ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ လာရောက်ရေးကို နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ညှိနှိုင်းမှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ခွင့်ပြုချက်ဖြင့် Temporary Measures သက်ရောက်မှုကာလကို(၃၀-၁၁-၂၀၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

Monday, 28 September 2020 14:19

ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံး သက်တမ်းထပ်မံတိုးမြှင့်

COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှု နှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူများအား

Monday, 28 September 2020 14:05

Air Thanlwin လေကြောင်းလိုင်း ခေတ္တဆိုင်းငံကာလ ရက်တိုးမြှင့်ကြောင်း ကြေညာ

Air Thanlwin လေကြောင်းလိုင်း ခေတ္တဆိုင်းငံကာလ ရက်တိုးမြှင့်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါသည်။

Friday, 25 September 2020 14:04

မြန်မာအမျိုးသားလေကြောင်း၏ ပြည်ပ လေယာဉ်ခရီးစဉ်များ ယာယီရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများအား ကာကွယ်ရန် မြန်မာအမျိုးသားလေကြောင်း၏

Friday, 25 September 2020 14:01

MAI ပြည်ပခရီးစဉ် ကြေညာချက်များ

MAI ပြည်ပခရီးစဉ် ကြေညာချက်များ

Friday, 25 September 2020 13:56

ပေကျင်းတာ့ရှင်း လေဆိပ် အသစ် အား အသုံးပြုသူ ၁နှစ် မပြည့်ခင်မှာခရီးသွား ၁၀ သန်းကျော်ပြီ

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက စတင်ဖွင့်လှစ်ခဲ့သည့်

Monday, 07 September 2020 04:06

စက်တင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် MAI ပြည်ပခရီးစဉ်များ

အခက်အခဲများ၊ စိန်ခေါ်မှုများဖြင့်ရင်ဆိုင်နေရသော်လည်း MAI အနေဖြင့် နေရပ်ပြန်ခြင်းခရီးအစီအစဉ်အား လေယာဉ်ခရီးစဉ်များ ရပ်နားထားရသည့်

Friday, 04 September 2020 04:12

ပေကျင်းက နိုင်ငံတကာ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်

တရုတ်နိုင်ငံသည် စက်တင်ဘာ ၃ ရက်မှစတင်၍ ပေကျင်းမြို့တော်နှင့် ကမ္ဘောဒီးယား၊ ဂရိ၊ ဒိန်းမတ်၊ ထိုင်း၊ ဩစတြီးယားနှင့်

Tuesday, 01 September 2020 04:13

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ပထမအဆင့်ကို ၂၀၂၇ တွင် အပြီးဆောင်ရွက်မည်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (Hanthawaddy International Airport) သည် ပဲခူးတိုင်းဒေသကြီး အနီးတွင် တည်ဆောက်နေသော အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ် ဖြစ်သည်။