Airport Information

ပထမဆုံးအကြိမ်ရန်ကုန်- ဟောင်ကောင်အသွားအပြန်ကယ်ဆယ်ရေးလေယာဉ် ဇွန်၂၉ ရက်တွင်ပျံသန်းပြေးဆွဲမည်

မြန်မာအမျိုးသားလေကြောင်း(MNA) မှ ဟောင်ကောင်မှ မြန်မာကောင်စစ်ဝင်ရုံးနှင့် ညိုနိုင်း၍ ပထမဆုံးအကြိမ် ရန်ကုန်ဟောင်ကောင်- ရန်ကုန်ကယ်ဆယ်ရေးလေယာဉ်အားဇွန် ၂၉ ရက်တွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

“အဓိကကတော့ မကာအိုနဲ့ဟောင်ကာင် မှာရှိနေကြတဲ့ မြန်မာနိုင်ငံသား ခရီးသည်တွေပြန်ခေါ်ဖို့ပါ။ဟောင်ကောင်ရှိ မြန်မာသံရုံးဘက်ကလည်း ဆောင်ရွက်နေသလို ရန်ကုန်မှာရှိနေတဲ့ ဟောင်ကောင်ကလူတွေကို ပြန်ခေါ်ဖို့လုပ်နေပါတယ်။

 

မကာအိုရှိ မြန်မာနိုင်ငံသား ခရီးသည်တွေကလည်း ဟောင်ကောင်ကို သင်္ဘောနဲ့လာကြလိမ့်မယ်။ ဟောင်ကောင်ကနေရန်ကုန်ကို ကျွန်တော်တို့ကယ်ဆယ်ရေးလေယာဉ်နဲ့ ခရီးသည်တွေကိုပြန ်ခေါ်လာမ ှာပါ”ဟု မြန ်မာအမျ ိုးသားလေကြောင်း စီးပွားရေးဌာနမှုး ဦးနိုင်စောလွင်က ပြောသည်။

 

ဇွန် ၂၉ ရက်တွင် ပျ ံသန်းပြေးဆွဲမည့် လေယာဉ်ခရီးစဉ်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၇နာရီ ၂၅မိနစ်တွင်စတင်ထွက်ခွာမည့် ရန်ကုန်- ဟောင်ကောင် - ရန်ကုန် UB 8029 လေယာဉ်မှာ ဟောင်ကောင်မြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး ဟောင်ကောင်မှ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ပြန်လည်ထွက်ခွာ လာမည့် UB 8030 လေယာဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

 

ရန်ကုန် ဟောင်ကောင် ရန်ကုန် ပျ သန်းပြေးဆွဲသည့် လေယာဉ်အား ယခင်ကတစ်ပတ် လေးကြိမ်ပျံသန်းပြေးဆွဲပေးခဲ့ပြီး ကိုဗစ် ၁၉ ရောဂါ အခြေအနေကြောင့် လေယာဉ်ပျံသန်းပြေးဆွဲခြင်းကို ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ကာမြန်မာအမျိုးသားလေကြောင်းမှ ရပ်နားခဲ့ရကြောင်းလည်းသိရသည်။

 

ယခုအခါ မြန်မာအမျိုးသားလေကြောင်း အနေဖြင့်ကယ်ဆယ်ရေးလေယာဉ်များကို ပျ ံသန်းပြေးဆွဲပေးနေရာယနေ့အထိ စုစုပေါင်း ၁၄ ကြိမ် ပျ ံသန်းပြေးဆွဲပေးနိုင်ခဲ့ကြောင်း မြန်မာအမျ ိုးသားကြောင်းမှ သိရသည်။

 

<<< Zawgyi >>>

 


-------------------------------------------------------------------------

 


 



 


 


 

ကြေးမုံ

Read times
Rate this item
(0 votes)