ဒူဘိုင်း အစိုးရက ၎င်းတို့ရဲ့ လေဆိပ်စတင် ဖွင့်လှစ်မည့်ရက်ကို ဇူလိုင်လ ၇ ရက်နေ့ အဖြစ်ကြေညာခဲ့ပါတယ်။တကယ်တန်းမှာတော့ ထို ၇ ရက်နေ့မှ နိုင်ငံတကာမှ လေယာဉ်များ စတင်ထွက်ခွာ ပြီး ဒူဘိုင်းကို လာနိုင်မှာပါ ကြိုရောက်နှင့်နေပါက အဆင်မပြေ နိုင်ပါဘူး လေဆိပ်က ပိတ်ထားမယ်သိရပါတယ်။
အခုလို ကိုရိုနာဗိုင်းရစ်ဖြစ်ပွားပြီးတဲ့ အခါမှာ ကိုဗစ်ကြောင့် အတော်လေးလေဆိပ်စည်းမျဉ်းစည်းကမ်းအခြေအနေတွေပြောင်းလဲနေပေမယ့် ဒူဘိုင်းက ချမ်းသာတဲ့ တိုင်းပြည်ဖြစ်တာက တစ်ကြောင်းအတော်လေး ထိန်းချုပ်နိုင်မှာပါ။ထို့အပြင် လေဆိပ်အဝင်နဲ့ လေဆိပ်အထွက်တွေကို တစ်သတ်တစ်မှတ် နည်းလမ်းချမှတ်မှာပါ။
အကယ်၍ ဒူဘိုင်းကို သွားပါက ဗီဇာ နဲ့ ထောက်ခံချက် ကိစ္စ နဲ့ပတ်သက်လျှင် သင့်အနေနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်လိုပါတယ် ၊ လေဆိပ်မှာ ထပ်မံ စစ်ဆေးစရာလိုပါသော်လည်း ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ဒူဘိုင်းမှ ၎င်းတို့ထုတ်လုပ်ထားတဲ့ App ဖြစ်တဲ့ COVID-19 DXB မှာ အချက်အလက်တွေဖြည့်ပေးဖို့လိုပါလိမ့်မယ်။
သင့်အနေနဲ့ ဒူဘိုင်းကို သွားပါက ၄ ရက် ( ၉၆ နာရီ ) အတွင်းစစ်ထားတဲ့ PCR ရဲ့ အဖြေကို လိုအပ်ပါလိမ့်မယ်။ထိုအဖြေစာရွက်မရှိပါက သင့်အနေနဲ့ အတော်လေး အခက်တွေ့ပါလိမ့်မယ်။သင့်ဖုန်းထဲမှာ COVID-19 DXB ကိုဒေါင်းလုတ်ဆွဲထားဖို့လိုပါလိမ့်မယ်။
ဒူဘိုင်းဟာ လတ်တလောမှာ စားသောက်ဆိုင်တွေ ၊ ဟော်တယ်တွေကို လူအချင်း သီးခြားထိုင်စေမှု့ကို စောင့်စည်းခိုင်းကာတဖြေးဖြေး ဖွင့်လှစ်လျက်ရှိပြီး နာမည်ကြီး ကမ်းခြေတွေကိုလဲ အချိန်အကန့်အသတ်နဲ့ ဖွင့်လှစ်နေပြီ သိရကာ ဟော်တယ်များလည်းဖွင့်လှစ်နေပြီ သိရပါတယ်။
Ref : UAE News