Airport Information

SIA Group မှ တစ်ဆင့် စင်ကာပူ ချန်ဂီလေဆိပ် transit ကို အရှေ့တောင်အာရှ ၅ နိုင်ငံအထိ တိုးမြှင့် ခွင့်ပြု

စင်ကာပူလေကြောင်းလိုင်းသုံးခုဖြင့် စင်ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာ ချန်ဂီလေဆိပ်တွင် လေယာဉ်ကူးပြောင်း စီးနင်းခွင့်ကို အရှေ့တောင်အာရှ ၅ နိုင်ငံအထိ တိုးမြှင့် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

 

မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ကို စင်ကာပူလေကြောင်းလိုင်းသုံးခုဖြင့် စင်ကာပူမှတဆင့် အကူးအပြောင်းပျံသန်းရန် ခွင့်ပြုထားသောနိုင်ငံများစာရင်းတွင် ထည့်သွင်းပေးလိုက်သည်။

 

အခြားအရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ယခင်ကဟနွိုင်း၊ ဟိုချီမင်း နှင့်ဖနွမ်းပင်တို့မှ ထိုကဲ့သို့ လေယာဉ်ခရီးစဉ်များအတွက် ခွင့်ပြုထားခဲ့ပြီးသားဖြစ်သည်။

 

ထိုင်းနိုင်ငံမှ ပြေးဆွဲမည့်လေကြောင်းခရီးစဉ်များကို ဘန်ကောက်သုဝဏ္ဏဘူမိ လေဆိပ်မှ အဓိကလေကြောင်းလိုင်း SIA ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်သည်။

 

အင်ဒိုနီးရှားနှင့် မလေးရှားမှ အချိတ်အဆက် (၇) ခုတို့တွင် SIA ပျံသန်းပြေးဆွဲသော ဂျကာတာမြို့တော် အင်ဒိုနီးရှားနှင့် SIA Group လေကြောင်းလိုင်း ၃ ခုစလုံးပြေးဆွဲသော ကွာလာလမ်ပူမြို့တော် မလေးရှားတို့ ပါဝင်သည်။

 

ဒေသအတွင်း SIA Group လေကြောင်းလိုင်း ၃ ခုစလုံးပြေးဆွဲသည့်မြို့ဟူ၍ ကွာလာလမ်ပူမြို့တော် တစ်ခုတည်းသာ ရှိသည်။

 

သြဂုတ်လ ၁၈ ရက်အထိ နိုင်ငံပေါင်း ၂၁ နိုင်ငံမှမြို့ပေါင်း ၃၇ မြို့ကို ထိုကဲ့သို့လေကြောင်းခရီးစဉ်များ ခွင့်ပြုပေထားပြီးပြီ ဖြစ်သည်။

 

စင်ကာပူတွင် လေယာဉ်ပြောင်းစီးခြင်းကို စင်ကာပူလေကြောင်းလိုင်းများအတွက်သာ ခွင့်ပြုထားခြင်းဖြစ်ပြိး ပြည်ပလေကြောင်းလိုင်းများကို ခွင့်ပြုထားခြင်း မရှိသေးချေ။ တရုတ်ပြည်မကြီးသနှင့် စင်ကာပူတို့အကြား လေယာဉ်ကူးပြောင်းသွားလာခြင်းကိုလည်း ခွင့်မပြုသေးချေ။

 

ချန်ဂီလေဆိပ်တွင် မြေပြင်အမှုထမ်းတို့က ကူးပြောင်းခရီးသည်များကို လက်ကောက်ဝတ်တွင် အမြဲပတ်ထားရမည့် wristband ကို စနစ်တကျ ထုတ်ပေးမည်ဖြစ်ပြီး မည်သည့်ဧရိယာအတွင်းတွင်သာ နေထိုင်ရမည်ကိုလည်း ပြောပြပေးမည် ဖြစ်သည်။


လေယာဉ်ပြောင်းစီးရန် စောင့်ဆိုင်းချိန်သည် ၇၅ မိနစ်ထက် နည်းပါက ပြောင်းစီးမည့်လေယာဉ် ဆိုက်ကပ်မည့် ဂိတ်သို့ တိုက်ရိုက်သွားပြီး စောင့်ဆိုင်းရမည်။


လေယာဉ်ပြောင်းစီးရန် စောင့်ဆိုင်းချိန်သည် ၇၅ မိနစ်ထက် ပိုများပါက စောင့်ဆိုင်းရန် သီးခြား သတ်မှတ်ပေးထားသည့်နေရာသို့ သွားရောက်ကာ စောင့်ဆိုင်းရမည် ဖြစ်သည်။

 

လေယာဒ်ပေါ် တက်ချိန်ရောက်သည့်အခါ လမ်းပြခေါ်ဆောင်ပေးသွားမည်။ လေယာဉ်ပေါ်သို့ အရင်တက်ကြရမည် ဖြစ်သည်။

 

ကူးပြောင်းခရီးသည်များ လေယာဉ်ပေါ် နေရာယူပြီးသည့်အခါကျမှ ကူးပြောင်းခရီးသည် မဟုတ်သည့် ခရီးသည်များကို လေယာဉ်ပေါ်သို့ တက်ရောက်စေမည် ဖြစ်သည်။

 

စင်ကာပူလေကြောင်းလိုင်းများသည် လေယာဉ်ပေါ်တွင် ကူးပြောင်းစီးသည့် ခရီးသည်များအတွက် ထိုင်ခုံများဧရိယာကို သီးခြားခွဲထားပြီး နေရာချပေးထားသည်ဟု သိရသည်။

 

By Myanmar Logistics Guide

 

Source:FlightGlobal.com

Read times
Rate this item
(1 Vote)