Airport Information

ပေကျင်းက နိုင်ငံတကာ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်

ပေကျင်းက နိုင်ငံတကာ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်စတင် Google

တရုတ်နိုင်ငံသည် စက်တင်ဘာ ၃ ရက်မှစတင်၍ ပေကျင်းမြို့တော်နှင့် ကမ္ဘောဒီးယား၊ ဂရိ၊ ဒိန်းမတ်၊ ထိုင်း၊ ဩစတြီးယားနှင့်

ကနေဒါ စသည့်နိုင်ငံ ၈ နိုင်ငံသို့ နိုင်ငံတကာ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ဖြည်းဖြည်းချင်း ပြန်လည်စတင်သွားမယ်လို့ သိရသည်။

 

nucleic acid စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်သည့်နယ်စပ်ဖြတ်ကျော် ရောဂါကူးစက်နိုင်ခြေနည်းပါးသည့် နိုင်ငံများမှ ခရီးစဉ်များကို ဦးစားပေး ပြေးဆွဲသွားမည်လို့ ပေကျင်းမြို့တော် အစိုးရ ပြောရေးဆိုခွင့်ရှိသူ Xu Jejian က စက်တင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။

 

ပေကျင်းမြို့တော်တစ်ခွင် ပျံသန်းမည့် လေကြောင်းခရီးစဉ် စီးနင်းမည့်ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်မတက်မီ COVID-19 ပိုးကင်းစင်ကြောင်း စစ်ဆေးမှုရလဒ်များ မဖြစ်မနေလိုအပ်ကြောင်း သိရပါသည်။

 

By Wyk (Myanmar Logistics Guide)

 

Xinhua

Read times
Rate this item
(0 votes)