Airport Information

စက်တင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် MAI ပြည်ပခရီးစဉ်များ

စက်တင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် MAI ပြည်ပခရီးစဉ်များ Myanmar Airways International

အခက်အခဲများ၊ စိန်ခေါ်မှုများဖြင့်ရင်ဆိုင်နေရသော်လည်း MAI အနေဖြင့် နေရပ်ပြန်ခြင်းခရီးအစီအစဉ်အား လေယာဉ်ခရီးစဉ်များ ရပ်နားထားရသည့်

ကာလအတွင်း နိုင်ငံရပ်ခြားတွင် ပိတ်မိနေသော နိုင်ငံသားများနှင့် မရှိမဖြစ်လိုအပ်နေသည့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းရပ်များအတွက်ဆက်လက်၍ပျံသန်းပြေးဆွဲလျက် ရှိပါသည်။ စက်တင်ဘာလအတွင်း  Myanmar Airways International (MAI) မှာ ပြေးဆွဲမည့် ခရီးစဉ်များကို ဖော်ပြပေးထားပါသည်။

ရန်ကုန်မှ ကွာလာလမ်ပူသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပျံသန်းပြေးဆွဲမည့် ကူညီကယ်ဆယ်ရေးခရီးစဉ်


MAI သည် ရန်ကုန်မှ ကွာလာလမ်ပူ သို့ ပျံသန်းမည့် Relief flight ခရီးစဉ်အား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၊ စနေနေ့တွင် ထပ်မံပျံသန်းပြေးဆွဲပေးမည်ဖြစ်သည်။ ၎င်းခရီးစဉ်သည် မြန်မာနိုင်ငံသားများနှင့်နိုင်ငံခြားသားများ မိမိတို့၏ နေရပ် အသီးသီးသို့ ပြန်နိုင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။

ထို့အပြင် ကွာလာလမ်ပူမှ နေရပ်သို့ ပြန်လည်လိုက်ပါလိုသည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် ကွာလာလမ်ပူရှိ မြန်မာသံရုံးတွင် မဖြစ်မနေစာရင်းပေးသွင်းရမည်ဖြစ်ပြီး အခြားသောနိုင်ငံခြားသားခရီးသည်များအနေဖြင့်လည်း သက်ဆိုင်ရာမလေးရှားအာဏာပိုင်များမှ ချမှတ်ထားသည့် transit/travel restrictions ညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းဆိုင်ရာ လိုအပ်သည့်စာရွက်စာတမ်းအချက်အလက်များ၊ သွားရောက်မည့်နိုင်ငံ၏ပြဌာန်းချက်အရ လိုအပ်မည့် COVID-19 ကင်းရှင်းကြောင်းဆေးစစ်ချက်ရလဒ်စသည့်အချက်များကို သိရှိပြီးတိတိကျကျလိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်။

၎င်းခရီးစဉ်သည်သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့်ပျံသန်းပြေးဆွဲမည်ဖြစ်သောကြောင့် ခရီးသည်များအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းဆိုင်ရာ လိုအပ်သည့်စာရွက်စာတမ်းအချက်အလက်များ၊ COVID-19 ကင်းရှင်းကြောင်းဆေးစစ်ချက်ရလဒ်နှင့် ကန့်သတ်နေထိုင်ခြင်းဆိုင်ရာအချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်း အသိပေးအပ်ပါသည်။

ထိုင်ခုံနေရာများကို အရင်ဆုံးလာရောက်သူများအတွက် ဦးစားပေးစနစ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပြီး Booking တင်ခြင်းနှင့် ငွေပေးချေခြင်းများကို ဖော်ပြပါ MAI ရုံးချုပ် Ticketing & Reservation Counter ရန်ကုန် နှင့် ကွာလာလမ်ပူရှိ ညွှန်းဆိုပါလိပ်စာတွင်ဝယ်ယူနိုင်ပါသည်။ သံရုံးမှထုတ်ပြန်သောနာမည်စာရင်းအတိုင်းသာ လက်မှတ်ရောင်းချပေးသွားမှာဖြစ်ပါသည်။

MAI ၏ Tel Aviv မှ Yangon သို့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပျံသန်းမည့် ကူညီကယ်ဆယ်ရေးခရီးစဉ်

MAI သည် Tel Aviv မှ Yangon သို့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့၊ တနင်္ဂနွေနေ့တွင် Relief flight ခရီးစဉ်အား ပျံသန်းပြေးဆွဲပေးမည်ဖြစ်ပါသည်။ ၎င်းခရီးစဉ်သည် မြန်မာနိုင်ငံသားများမိမိတို့၏ နေရပ်အသီးသီးသို့ ပြန်နိုင်ရန် အတွက် အစဉ်တစိုက်ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများထဲမှ တစ်ခုလည်းဖြစ်ပါသည်။

Tel Aviv မှ Yangon သို့ ပြန်လာမည့် မြန်မာနိုင်ငံသားများအနေဖြင့် Israel ရှိ မြန်မာသံရုံးတွင် မဖြစ်မနေ စာရင်းပေးသွင်းရန်လိုအပ်ပါသည်။

၎င်းခရီးစဉ်သည်သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်နှင့် ခုံ နေရာရရှိမှုပေါ်မူတည်၍ ပျံသန်းပြေးဆွဲမည်ဖြစ်သောကြောင့် ခရီးသည်များအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းဆိုင်ရာ လိုအပ်သည့်စာရွက်စာတမ်းအချက်အလက်များ၊ ကန့်သတ်နေထိုင်ခြင်းဆိုင်ရာအချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။

ထိုင်ခုံနေရာများကို အရင်ဆုံးလာရောက်သူများအတွက် ဦးစားပေးစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။Booking တင်ခြင်းနှင့် ငွေပေးချေခြင်းများကိုအောက်ပါညွှန်းဆိုချက်အတိုင်းပြုလုပ်နိုင်သည်။

Option #01 -

MAI ရုံးချုပ် လက်မှတ်အရောင်းဌာန

အမှတ်(၈၈), ပြည်လမ်း၊ (၁၁)ရပ်ကွက်၊

လှိုင်မြို့နယ်

ဖုန်း - +၉၅၁ ၉၆၇ ၀၀၀၇

ငွေပေးချေရန် - USD နှင့် Major Credit Cards (Visa, Mastercard, JCB)

Option #02 - Bank transfer

-သံရုံးတွင်နာမည်စာရင်းပါသော ခရီးသည်များအနေဖြင့်- သံရုံးမှထုတ်ပြန်သော bank detail information အတိုင်းလိုက်နာ၍ ငွေပေးချေရမည်ဖြစ်သည်။

-ငွေပေးသွင်းမှုပြီးမြောက်ပါက ပေးသွင်းခဲ့သော proof copy အထောက်အထားများကို This email address is being protected from spambots. You need JavaScript enabled to view it. သို့ပေးပို့ရမည်ဖြစ်သည်။

-ငွေပေးချေခြင်းနှင့်ပတ်သက်သော အထောက်အထားစာရွက်စာတမ်းများလေကြောင်းလိုင်းဘက်မှလက်ခံရရှိသည်နှင့်တစ်ပြိုင်နက် လက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။

ရန်ကုန်မှ ဒူဘိုင်းသို့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့တွင် ပျံသန်းပြေးဆွဲမည့် ကူညီကယ်ဆယ်ရေးခရီးစဉ်

MAI သည် ရန်ကုန်မှ ဒူဘိုင်းသို့ ပျံသန်းမည့် Relief flight ခရီးစဉ်အား ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၉ရက်၊ စနေနေ့တွင်ပျံသန်းပြေးဆွဲပေးမည်ဖြစ်ပါသည်။ ၎င်းခရီးစဉ်သည် သက်ဆိုင်ရာနိုင်ငံသားများ မိမိတို့၏ နေရပ် အသီးသီးသို့ ပြန်နိုင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများထဲမှ တစ်ခုလည်းဖြစ်ပါသည်။

ဒူဘိုင်းမှ ရန်ကုန်သို့ လိုက်ပါမည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် Riyadh, Saudi Arabia ရှိ မြန်မာသံရုံးတွင် မဖြစ်မနေစာရင်းပေးသွင်းရမည်ဖြစ်ပါသည်။

ရန်ကုန်-ဒူဘိုင်း-ရန်ကုန်ခရီးစဉ်သို့လိုက်ပါမည့် အခြားသောခရီးသည်များအနေဖြင့်လည်း UAE အာဏာပိုင်များမှ ချမှတ်ထားသည့် transit/travel restrictions ညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းဆိုင်ရာ လိုအပ်သည့်စာရွက်စာတမ်းအချက်အလက်များကို သိရှိပြီးတိတိကျကျလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

အဆိုပါခရီးစဉ်သည် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်သောကြောင့် ခရီးသည်များအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းဆိုင်ရာ လိုအပ်သည့်စာရွက်စာတမ်းအချက်အလက်များ၊ ကန့်သတ်နေထိုင်ခြင်းဆိုင်ရာအချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။

ထိုင်ခုံနေရာများကို အရင်ဆုံးလာရောက်သူများအတွက် ဦးစားပေးစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ Booking တင်ခြင်းနှင့် ငွေပေးချေခြင်းများကို ဖော်ပြပါ MAI ရုံးချုပ် Ticketing & Reservation Counter ရန်ကုန် နှင့် Dubai ရှိ ASL Travel and Tourism LLC တို့တွင်သာဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Dubai Resident visa သမားများ၊ Abu Dhabi နှင့် တခြား ပြည်နယ် Resident Visa သမားများအတွက် အောက်ပါအချက်များပြင်ဆင်ထားရန်လိုပါသည်။

-ပတ်စ်ပို့သက်တမ်း အနဲဆုံး ၆ လကျန်ရှိရန်။

- Dubai Resident visa သမားများအနေဖြင့် GDRFAD approval လျှောက်ပြီး approval ယူရန်။

- Abu Dhabi နှင့် တခြား ပြည်နယ် Resident Visa သမားများ အတွက် ICA approval လိုပါသည်။ (ပူးတွဲဖော်ပြပါ Link များမှတစ်ဆင့် လုပ်ဆောင်နိုင်ပါသည်။)

- Health Declaration form(ဖြည့်စွက်ပြီး ပရင့်ထုတ်ထားရန်)

- Quarantine procedure declaration form ဖြည့်စွက်ရန်။

- COVID ကင်းရှင်းကြောင်း ဆေးစစ်ချက် (မလာခင်၃-၄ ရက်အတွင်း စစ်ထားပေးရန်) စသည့်အချက်များလိုအပ်ပါသည်။

မှတ်ချက်။ ။ လိုအပ်သောအထက်ဖော်ပြပါ link များမှ form များကိုဖြည့်၍ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားကာ ပေးပို့ပေးပါရန် အသိပေးအပ်ပါသည်။

ရန်ကုန်မှ ဒူဘိုင်းသို့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပျံသန်းပြေးဆွဲမည့် ကူညီကယ်ဆယ်ရေးခရီးစဉ်


MAI သည် ရန်ကုန်မှ ဒူဘိုင်းသို့ ပျံသန်းမည့် Relief flight ခရီးစဉ်အား ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၁ရက်၊ တနင်္လာနေ့တွင်ထပ်မံပျံသန်းပြေးဆွဲပေးမည်ဖြစ်ပါသည်။ ဒူဘိုင်းမှ ရန်ကုန်သို့ လိုက်ပါမည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် Riyadh, Saudi Arabia ရှိ မြန်မာသံရုံးတွင် မဖြစ်မနေစာရင်းပေးသွင်းရမည်ဖြစ်ပါသည်။

ရန်ကုန်-ဒူဘိုင်း-ရန်ကုန်ခရီးစဉ်သို့လိုက်ပါမည့် အခြားသောခရီးသည်များအနေဖြင့်လည်း UAE အာဏာပိုင်များမှ ချမှတ်ထားသည့် transit/travel restrictions ညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းဆိုင်ရာ လိုအပ်သည့်စာရွက်စာတမ်းအချက်အလက်များကို သိရှိပြီးတိတိကျကျလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ထိုင်ခုံနေရာများကို အရင်ဆုံးလာရောက်သူများအတွက် ဦးစားပေးစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ Booking တင်ခြင်းနှင့် ငွေပေးချေခြင်းများကို ဖော်ပြပါ MAI ရုံးချုပ် Ticketing & Reservation Counter ရန်ကုန် နှင့် Dubai ရှိ ASL Travel and Tourism LLC တို့တွင်သာဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။


Dubai Resident visa သမားများ၊ Abu Dhabi နှင့် တခြား ပြည်နယ် Resident Visa သမားများအတွက် အောက်ပါအချက်များပြင်ဆင်ထားရန်လိုပါသည်။

-ပတ်စ်ပို့သက်တမ်း အနဲဆုံး ၆ လကျန်ရှိရန်။

- Dubai Resident visa သမားများအနေဖြင့် GDRFAD approval လျှောက်ပြီး approval ယူရန်။

- Abu Dhabi နှင့် တခြား ပြည်နယ် Resident Visa သမားများ အတွက် ICA approval လိုပါသည်။ (ပူးတွဲဖော်ပြပါ Link များမှတစ်ဆင့် လုပ်ဆောင်နိုင်ပါသည်။)

- Health Declaration form(ဖြည့်စွက်ပြီး ပရင့်ထုတ်ထားရန်)

- Quarantine procedure declaration form ဖြည့်စွက်ရန်။

- COVID ကင်းရှင်းကြောင်း ဆေးစစ်ချက် (မလာခင်၃-၄ ရက်အတွင်း စစ်ထားပေးရန်) စသည့်အချက်များလိုအပ်ပါသည်။

မှတ်ချက်။ ။ လိုအပ်သောအထက်ဖော်ပြပါ link များမှ form များကိုဖြည့်၍ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ ပေးပို့ပေးပါရန် အသိပေးအပ်ပါသည်။

ရန်ကုန် မှ ဆိုးလ်သို့ ပျံသန်းပြေးဆွဲမည့်ခရီးစဉ်


MAI ၏ ရန်ကုန် မှ ဆိုးလ်သို့ ပျံသန်းပြေးဆွဲမည့်ခရီးစဉ်ကို အနိမ့်ဆုံး USD 321 မှစ၍ဝယ်ယူရရှိနိုင်ပါသည်။

ရန်ကုန်မှ ဆိုးလ် ခရီးစဉ်တစ်ကြောင်းစာအတွက် USD 321 မှစတင်၍ ဝယ်ယူရရှိနိုင်ပါသည်။

MAI ၏ partner လေကြောင်းလိုင်းများဖြစ်သည့် Malaysia Airlines, Korean Air, Asiana Airlines, Garuda Indonesia အစရှိသည့် များပြားလှစွာသော လေကြောင်းလိုင်းများနှင့်ချိတ်ဆက်၍ ခရီးဆောင်အိတ်များအား လိုရာခရီးစဉ်ရောက်သည်အထိ ချိတ်ဆက်ပို့ဆောင်ပေးသော baggage check through ဝန်ဆောင်မှုများဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ပါသည်။


Partner Airlines များနှင့်ပတ်သက်သောအသေးစိတ်အချက်အလက်များအား ပူးတွဲပါ link https://www.maiair.com/experience/partner-airlines တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။


ခရီးစဉ်များကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရောင်းချပေးမှာဖြစ်ပြီး ခရီးသွားရန် ရက်ကာလမှာ၂၀၂၀ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ထိ ဖြစ်ပါသည်။


ခရီးသွားလာခြင်းဆိုင်ရာ အရေးပေါ် ကန့်သတ်ကြေငြာချက်၊ သက်တမ်းတိုးထုတ်ပြန်ချက်များဖြစ်ပေါ်ခဲ့ပါက ခရီးသည်များအနေဖြင့် လက်ရှိကြေငြာထားသော Simplified Travel Policy အရ ပြုပြင်ပြောင်းလဲမှုများ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

 By Wyk (Myanmar Logistics Guide)

Myanmar Airways International

Read times
Rate this item
(3 votes)