Airport Information

ပေကျင်းတာ့ရှင်း လေဆိပ် အသစ် အား အသုံးပြုသူ ၁နှစ် မပြည့်ခင်မှာခရီးသွား ၁၀ သန်းကျော်ပြီ

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက စတင်ဖွင့်လှစ်ခဲ့သည့်

ပေကျင်းတာ့ရှင်းနိုင်ငံတကာ လေဆိပ်သစ်ကြီး အား အသုံးပြုသွားလာသည့် ခရီးသွားအရေအတွက်မှာ ယခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် စုစုပေါင်း ၁၀သန်း ကျော် ရှိပြီဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်၌ လေဆိပ်သစ်ကြီးတွင် ပြည်တွင်းလေကြောင်းလိုင်း ၁၈၇ လိုင်း မှတစ်နိုင်ငံလုံးရှိ လေဆိပ်ပေါင်း ၁၂၉ ခုဖြင့် ချိတ်ဆက်ပြေးဆွဲလျက်ရှိသည်။ စက်တင်ဘာ ၂၁ ရက်တွင် လေဆိပ်မှ ကုန်တင်နှင့် စာပို့တန်ချိန်စုစုပေါင်း ၃၉၀၀၀ တန်ခန့် အပါအဝင် လေယာဉ် ခရီးစဉ်စုစုပေါင်း ၈၄၀၀၀ ကြိမ် အတက်အဆင်းခရီးစဉ်များပြေးဆွဲခဲ့ကြောင်းသိရသည်။

ပေကျင်းမြို့နိုင်ငံတကာလေဆိပ် မှ လေယာဉ် ခရီးစဉ် ပျံသန်းမှုများအားလွှဲပြောင်းပေးမှုများကြောင့် ပေကျင်း တာ့ရှင်းနိုင်ငံတကာလေဆိပ်တွင် လေကြောင်းခရီးစဉ်များလည်း ပိုမို များပြားလာခဲ့သည်။

China Southern Airlines မှလည်း ပေကျင်းရှိ လေယာဉ်ခရီးစဉ်ပေါင်း ၈၀ ရာခိုင်နှုန်းခန့်ကို တာ့ရှင်းလေဆိပ်မှ လွှဲပြောင်းပေးခဲ့သည်။ ကုမ္ပဏီအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ခရီးသည်ပေါင်း ၂၈.၈ သန်းနှင့် လေယာဉ် အစင်းရေပေါင်း ၂၀၀ ကျော် အထိ ပြေးဆွဲသွားရန်လျာထားလျက်ရှိကြောင်းသိရသည်။ (Xinhua)

 

Read times
Rate this item
(0 votes)